Airport Information

MAI ပြည်ပခရီးစဉ် ကြေညာချက်များ

MAI ပြည်ပခရီးစဉ် ကြေညာချက်များ

ရန်ကုန်မှ ကွာလာလမ်ပူသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပျံသန်းပြေးဆွဲမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်

MAI သည် ရန်ကုန်မှ ကွာလာလမ်ပူ သို့ ပျံသန်းမည့် Relief flight ခရီးစဉ်အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထပ်မံပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။ ၎င်းခရီးစဉ်သည် မြန်မာနိုင်ငံသားများနှင့်နိုင်ငံခြားသားများ မိမိတို့၏ နေရပ် အသီးသီးသို့ ပြန်နိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများထဲမှ တစ်ခုလည်းဖြစ်ပါသည်။
ထို့အပြင် ကွာလာလမ်ပူမှ နေရပ်သို့ ပြန်လည်လိုက်ပါလိုသည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတွင် မဖြစ်မနေစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
အခြားသောနိုင်ငံခြားသားခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာမလေးရှားအာဏာပိုင်များမှ ချမှတ်ထားသည့် transit/travel restrictions ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ သွားရောက်မည့်နိုင်ငံ၏ပြဌာန်းချက်အရ လိုအပ်မည့် COVID-19 ကင်းရှင်းကြောင်းဆေးစစ်ချက်ရလဒ်စသည့်အချက်များကို သိရှိပြီးတိတိကျကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
အဆိုပါခရီးစဉ်သည်သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်ပျံသန်းပြေးဆွဲမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ COVID-19 ကင်းရှင်းကြောင်းဆေးစစ်ချက်ရလဒ်နှင့် ကန့်သတ်နေထိုင်ခြင်းဆိုင်ရာအချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။
ထိုင်ခုံနေရာများကို အရင်ဆုံးလာရောက်သူများအတွက် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
Booking တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဖော်ပြပါ MAI ရုံးချုပ် Ticketing & Reservation Counter ရန်ကုန် နှင့် ကွာလာလမ်ပူရှိ ညွှန်းဆိုပါလိပ်စာတွင်ဝယ်ယူနိုင်ပါသည်။ သံရုံးမှထုတ်ပြန်သောနာမည်စာရင်းအတိုင်းသာ လက်မှတ်ရောင်းမည်ဖြစ်ပါသည်။

Yangon မှ Phnom Penh သို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့တွင် ပျံသန်းပြေးဆွဲမည့် ကူညီကယ်ဆယ်ရေးခရီးစဉ်

MAI သည် Yangon မှ Phnom Penh သို့ ပျံသန်းမည့် Relief flight ခရီးစဉ်အား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ သောက်ကြာနေ့တွင် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။ ၎င်းခရီးစဉ်သည် မြန်မာနိုင်ငံသားများနှင့်နိုင်ငံခြားသားများ မိမိတို့၏ နေရပ် အသီးသီးသို့ ပြန်နိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများထဲမှ တစ်ခုလည်းဖြစ်ပါသည်။
Yangon မှ Phnom Penh သို့ လိုက်ပါမည့် Cambodia နိုင်ငံသားများအနေဖြင့် ရန်ကုန်ရှိကမ္ဘောဒီးယားသံရုံးတွင်မဖြစ်မနေစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
Phnom Penh မှ ရန်ကုန်သို့ လိုက်ပါမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် Phnom Penh ရှိ မြန်မာသံရုံးတွင် မဖြစ်မနေစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
အဆိုပါခရီးစဉ်သည်သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ခရီးသွားလာခြင်းဆိုင်ရာ လိုအပ်သည့်စာရွက်စာတမ်းအချက်အလက်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာအချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။
ထိုင်ခုံနေရာများကို အရင်ဆုံးလာရောက်သူများအတွက် ဦးစားပေးစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
Booking တင်ခြင်းနှင့် ငွေပေးချေခြင်းများကို ဖော်ပြပါ MAI ရုံးချုပ် Ticketing & Reservation Counter ရန်ကုန် နှင့် ညွှန်းဆိုပါ အတိုင်း Phnom Penh ရှိ မြန်မာသံရုံးမှတစ်ဆင့်လည်းပြုလုပ်နိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

MAI ရုံးချုပ် လက်မှတ်အရောင်းဌာန
အမှတ်(၈၈), ပြည်လမ်း၊ (၁၁)ရပ်ကွက်၊
လှိုင်မြို့နယ်
ဖုန်း - +၉၅၁ ၉၆၇ ၀၀၀၇
ငွေပေးချေရန် - USD နှင့် Major Credit Cards (Visa, Mastercard, JCB)

MYANMAR EMBASSY IN PHNOM PENH: သံရုံးတွင်နာမည်စာရင်းပါသော ခရီးသည်များအနေဖြင့်-
သံရုံးမှထုတ်ပြန်သော information အတိုင်းလိုက်နာ၍ Phnom Penh ရှိ မြန်မာသံရုံးမှတစ်ဆင့်လည်း ငွေပေးချေ၍ လက်မှတ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ပြင်ဆင်ပြေးဆွဲသွားမည့်ခရီးစဉ်များ

နောက်တစ်ကြိမ်ထပ်မံ၍ ထုတ်ပြန်သောကြေငြာချက်အရ COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ခရီးသွားလာမှု ယာယီကန့်သတ်ကာလ ထပ်မံတိုးချဲ့သည့်လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA)တို့၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်များအရ MAIအနေဖြင့် ၎င်း၏လေကြောင်းခရီးစဉ်များကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၃၁ရက် (၂၃:၅၉) နာရီအထိ အောက်ပါအတိုင်းပြင်ဆင်ပြေးဆွဲသွားမည်ဖြစ်ပါသည်။
MAI အနေဖြင့် ဘန်ကောက် (BKK)၊ စင်ကာပူ (SIN) နှင့် ကာလကတ္တား (CCU) ခရီးစဉ်များကို အထက်ပါကန့်သတ်ကာလအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး ကွမ်ကျိုး (CAN) နှင့် ဆိုးလ် (ICN) ခရီးစဉ်များ ကို ခွင့်ပြုချက်ရရှိသည့်အခါ အရေးပေါ် အခြေအနေများအတွက်ပျံသန်းပြေးဆွဲသော ကူညီကယ်ဆယ်ရေး special relief flight များအဖြစ် ပြေးဆွဲသွားမည်ဖြစ်ပါသည်။
အဆိုပါ ထပ်မံတိုးချဲ့သည့် ယာယီရပ်ဆိုင်းထားမည့်ကာလအတွင်း ခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့်ရက်ကို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့ပြောင်းရွေ့ခွင့်ပြုပေးမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ရက်အသစ်ကို (Rebooking date) ပြုလုပ်ခြင်း နှင့် refund လျှောက်ထားခြင်းတို့အား ၂၀၂၀ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့ပြင် ပြန်အမ်းငွေထုတ်ပေးခြင်းမရှိသည့် (Non-refundable) လက်မှတ်များအတွက် Travel Voucher အနေဖြင့် ပြန်အမ်းပေးမည်ဖြစ်သည်။ အဆိုပါ Travel Voucher မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိအကျုံးဝင်မည်ဖြစ်ပြီး အခြားသူများသို့ လွဲပြောင်းခွင့်မရှိပါ။ ပုံမှန်လက်မှတ်များအတွက် သတ်မှတ်ထားသည့် (Terms & Conditions) နှင့်အညီ ပြန်အမ်းငွေများထုတ်ပေးသွားမည်ဖြစ်ပါသည်။
ယခုကဲ့သို့ အခက်အခဲကာလအတွင်းဖြစ်ပေါ် လာရသည့် အဆင်မပြေမှုများအားကျွနု်ပ်တို့အားလုံးအတူတကွကျော်လွှားနိုင်စေရန် လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် နားလည်ပေးမှုများအတွက် MAI အနေဖြင့်အလေးထားကျေးဇူးတင်ရှိပါကြောင်းဖော်ပြအပ်ပါသည်။
*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထား ခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။

 

Read times
Rate this item
(0 votes)