Airport Information

မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပ လေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် မြန်မာအမျိုးသားလေကြောင်း၏

ပြည်ပ လေယာဉ်ခရီးစဉ်များဖြစ်သော စင်ကာပူ၊ ဘန်ကောက်၊ချင်းမိုင် နှင့် ဟောင်ကောင်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား ယခင် ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ အထိရပ်ဆိုင်းထားရာမှ ယခုတွင် အောက်တိုဘာလ (၃၁)ရက်နေ့ အထိ ထပ်မံတိုးမြှင့် ၍ ရပ်ဆိုင်းသွားမည်ဖြစ်သည်။

ထိုကာလအတွင်း ဝယ်ယူထားသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးမည်ဖြစ်သည်။ Agent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို agent မှတစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက This email address is being protected from spambots. You need JavaScript enabled to view it. သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်သည်။


ခရီးစဉ်များကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင်ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တပြေးညီ ကြေငြာပေးမည် ဖြစ်သည်။အသေးစိတ်အချက်အလက်များကို

MNA Call Center +951 378603 – 04 – 06 – 07 – 08 |

+951 377840 – 41 – 42

သို့ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)