Airport Information

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း

မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင် ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည် များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာ နိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်
(Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel) ၏ သက်ရောက်မှုကာလကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏
ခွင့်ပြုချက်ဖြင့် (၃၁-၁၀-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။
 
 
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ရေးနှင့် နိုင်ငံ တော်နှင့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၏ အမှန်တကယ်လုပ်ငန်း လိုအပ်ချက်အရ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ရေးကို နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ ညှိနှိုင်းမှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ် များအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ခွင့်ပြုချက်ဖြင့် Temporary Measures သက်ရောက်မှုကာလကို(၃၀-၁၁-၂၀၂၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။
 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
Read times
Rate this item
(0 votes)