လေကြောင်းကုန်စည်များ တင်သွင်းရာတွင် House Air Waybill များအတွက် HCH Service ဆောင်ရွက်ပြီးပါက Yangon Aerodrome Company Limited (YACL) ကုန်လှောင်ရုံ သို့ HPK Service ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း အကောက်ခွန်ဦးစီးဌာန ကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်မှုဌာနခွဲမှ သိရသည်။
- အချို့သော Freight Forwarder များအနေဖြင့် HCH Service ကိုဆောင်ရွက်ကြသော်လည်း YACL ထံသို့ အချိန်မီအကြောင်းကြားထားခြင်းမရှိသဖြင့် YACL မှလည်း HPK Service လုပ်ဆောင်ရန် အတွက် အခက်အခဲများ ဖြစ်ပေါ်နေသည့်အပြင် House Air Waybill အသုံးပြုသည့် သွင်းကုန်လုပ်ငန်းရှင်များသည်လည်း Declaration တင်သွင်းရာ၌ အခက်အခဲများ ပေါ်ပေါက်နေခြင်းအတွက် ယခုကဲ့သို့ အချိန်မီအကြောင်းကြားပေးကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
- လေကြောင်းကုန်စည်များအတွက် House Arit Waybill အသုံးပြုပြီး ထုတ်ယူမည့် ကုန်စည်များအတွက် သက်ဆိုင်ရာ Freight Forwarder များက MACCS စနစ်တွင် HCH Service (House Manifest Registration B ဖြင့် House Air Waybill ခွဲခြင်း လုပ်ငန်းစဉ် ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းထံ ပေးပို့အကြောင်းကြားထားသည်။
- ထိုသို့ဆောင်ရွက်ပြီးပါက YACL ကုန်လှောင်ရုံသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားဆောင်ရွက်ပေးမှသာ အဆိုပါ ကုန်လှောင်ရုံမှ ကုန်ပစ္စည်းခွဲထုတ်ခြင်းလုပ်ငန်းစဉ်ဖြစ်သည့် HPK Service (Consolidated Air Cargo Check Registration) ကို ဆက်လက် လုပ်ငန်းဆောင်ရွက်ပေးမည်ဖြစ်သည်။
- HPK Service (Consolidated Air Cargo Check Registration) ဆောင်ရွက်ပြီးပါက House Air Waybill ဆောင်ရွက်ပြီးစီးကြောင်း YACL အော်ပရေတာထံသို့သက်ဆိုင်ရာ Freight Forwarder များက အချိန်နှင့်တစ်ပြေးညီ ပြန်လည်အကြောင်းကြားရန် လိုအပ်ကြောင်း ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးဌာနခွဲ (MACCS) မှသိရသည်။
#Myanmar_Logistics_Guide
Source: Myanma Alinn