မလေးရှားနိုင်ငံ၏ Logistics ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tiong Nam Group သည် Boeing 747 လေယာဉ် နှစ်စင်းကို ပြည်လည်ဆန်းသစ်မွန်းမံ၍ ပထမဆုံးသော လေယာဉ်ပျံဟိုတယ် ကို သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းကြေငြာခဲ့ပါတယ်။



၁၉,၀၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိတဲ့ 1975 Avenue & Hotel သည် မလေးရှားနိုင်ငံ၊ Johor Bahru မြို့မှာတည်ရှိပါတယ်။ ဟိုတယ်အခန်းပေါင်း ၃၈ ခန်းပါရှိပြီး အပူပိုင်းဒေသ အပန်းဖြေ ပန်းခြံ၊ ပြင်ပကမ်းခြေအတု နှင့် ရေကန်တို့အပါအဝင် လက်လီ/လက်ကားဆိုင်ခွဲများ ဖြင့် ခြံရံထားကာ အားလပ်ရက် လာရောက်အပန်းဖြေသူများနဲ့ စတင်စည်ကားလျက်ရှိနေပါပြီ။


Source: Travel Rookie