ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ကာလ ၁၄ ရက်မှ ၄၅ ရက်အထိ သက်တမ်းတိုးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းအစိုးရက နိုင်ငံတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ကာလကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ ၄၅ ရက်အထိ တိုးမြင့်ခဲ့ပြီး မြန်မာနိုင်ငံသားတွေကို ၄၅ ရက် ဗီဇာကင်းလွတ်ခွင့် နဲ့ နေထိုင်ခွင့် စာရင်းထည့်သွင်းထားပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ ထိုင်းနိုင်ငံတွင် ၄၅ ရက်နေထိုင်ခွင့် ရရှိမည့် မြန်မာ နိုင်ငံကူးလက်မှ ကိုင်ဆောင်ထားသူများလည်း ပါဝင်ပါတယ်။
ထိုင်းအစိုးရက နိုင်ငံတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်နေထိုင်ခွင့်ပေးတဲ့အခါ မြန်မာနိုင်ငံသားတွေကို ၁၄ ရက်သာ ခွင့်ပြုထားပေမယ့် ခရီးသွား ဗီဇာနဲ့ ရက်ပေါင်း ၆၀ နေထိုင်ခွင့် ပေးခဲ့ပါတယ်။
ကနေဒါနိုင်ငံ ၊ Ottawa မှာရှိတဲ့ ထိုင်းတော်ဝင်သံရုံးက စက်တင်ဘာလ ၃၀ ရက်နေ့ က ထုတ်ပြန်ခဲ့ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ယခုလို ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပါ။
Source : GNLM
Myanmar Logisitc Guide