အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းတွင် ရှိသည့် Tata Group ပိုင် Air India သည် ယခုလ အစောပိုင်းတွင် ဂျက်လေယာဉ် (၄၇၀) စီးအတွက် တာဝန်ထမ်းဆောင်ရန် လေယာဉ်မှူး (၉၀၀) ကျော်နှင့် လေယာဉ်မောင်၊ လေယာဉ်မယ် (၄,၂၀၀) ကျော်ကို ငှားရမ်းရန် စီစဉ်ထားကြောင်း သိရသည်။
Air India လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလမှ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၉) လအတွင်း လေယာဉ်အမှုထမ်းပေါင်း (၁,၉၀၀) ကျော်ကို ခေါ်ယူခဲ့ပြီး ယခုအခါ လေယာဉ်မှူးများ အပါအဝင် လေယာဉ်အမှုထမ်း စုစုပေါင်း (၅,၁၀၀) ကျော်ကို ထပ်မံ ခေါ်ယူရန် စီစဉ်နေခြင်း ဖြစ်သည်။
" ကျွန်ုတော်တို့အနေနဲ့ လေယာဉ်မှူးတွေ သာမကပဲ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာတွေကိုလည်း ထပ်မံ ငှားရမ်းဖို့ ကြိုးပမ်းနေပါတယ်။ " ဟု လေကြောင်းလိုင်း၏ လေယာဉ်ပျံသန်းမှု ဝန်ဆောင်မှု အကြီးအကဲ Sandeep Verma က ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယ၏ ကြီးထွားလာနေသော လေယာဉ်လုပ်ငန်းများ၏ အခြေစိုက်စခန်းနှင့် လေကြောင်းခရီးသွားလာမှု လိုအပ်ချက်ကို အရင်းအနှီး ရယူရန် ရည်ရွယ်သည့် အဆိုပါ လေကြောင်းလိုင်းသည် ယခုလ အစောပိုင်းတွင် Airbus နှင့် Boeing တို့မှ လေယာဉ်သစ်များအတွက် စံချိန်တင် သဘောတူညီချက် တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် ဂျက်လေယာဉ် (၄၇၀) စီးသည် Airbus နှင့် Boeing တို့မှ အော်ဒါတင် ဝယ်ယူထားခြင်း ဖြစ်ပြီး Airbus ထံမှ အစီး (၂၂၀) နှင့် Boeing ထံမှ အစီး (၁၅၀) ရယူထားခြင်း ဖြစ်ကာ ထိုသို့ များပြားလှသော ဂျက်လေယာဉ် ဝယ်ယူမှုသည် နိုင်ငံတဝှမ်းတွင် စံချိန်တင် မှာယူမှု အများဆုံး ဖြစ်ခဲ့သည်။
Advertisement
Click Here >Leo
ထို့ပြင် Tata Group သည် ၎င်း၏ ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလုပ်ငန်းတွင် ၎င်း၏ တည်ရှိမှုကို အားကောင်းစေမည့် ကြီးမားသော ဝန်ဆောင်မှု အပြည့်ဖြင့် လေကြောင်းလိုင်းတစ်ခု ဖန်တီးရန် ၎င်း၏ ဖက်စပ်လုပ်ငန်းဖြစ်သော Vistara နှင့် Air India တို့ကို ပေါင်းစည်းကာ စင်ကာပူလေကြောင်းလိုင်း (SIA) နှင့် ပူးပေါင်းခဲ့သေးသည်။
တစ်ချိန်က ၎င်း၏ ကြယ်ပွင့်ဝန်ဆောင်မှုနှင့် ပတ်သတ်၍ လူသိများခဲ့သော Air India သည် ၂၀၀၀ ခုနှစ် အလယ်ပိုင်းတွင် ငွေကြေးဆိုင်ရာ ပြဿနာများ ရှိလာသဖြင့် ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် Tata Group ၏ လုပ်ငန်းလည်ပတ်မှုကို ပြန်လည် လုပ်ဆောင်ကာ ယခုကဲ့သို့ ပြုပြင်မွမ်းမံမှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
လေကြောင်းလိုင်း၏ ပျံသန်းမှု တစ်ခုတွင် မသမာသော ခရီးသည်တစ်ဦးအား လေကြောင်းထိန်းသိမ်းရေး အဖွဲ့က ပြစ်ဒဏ်ချမှတ်ပြီးနောက် ထိုသို့ကိုင်တွယ်မှုနှင့် ပတ်သက်၍ ပြီးခဲ့သောလတွင် မီးမောင်းထိုးပြခံခဲ့ရသည်။ Air India သည် ၎င်း၏ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် လေယာဉ်မှူး (၁) ဦးနှင့် လေယာဉ်အမှုထမ်း (၄) ဦးကို အလုပ်ထုတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် Air India သည် နယူးယောက်၊ ချီကာဂို၊ ဆန်ဖရန်ဆစ်စကို၊ ဝါရှင်တန် စသည့် မြို့ကြီးများ အပါအဝင် ပြည်ပခရီးစဉ် (၃၉) ခုနှင့် ပြည်တွင်းခရီးစဉ် (၄၆) ခုတို့ကို ပျံသန်း ပြေးဆွဲလျက် ရှိသည်။
Su Mon Oo