Airport Information

မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပြည်တွင်းလေဆိပ်များ

မြန်မာနိုင်ငံတွင် လေဆိပ်စုစုပေါင်း (၅၀) ခုရှိပြီး လက်ရှိ ပြည်ပနိုင်ငံများသို့ ပျံသန်း ပြေးဆွဲသည့် လေဆိပ်မှာမူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုသာ ရှိသေးသည်။

 

ပဲခူးမြို့ရှိ နောက်ထပ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ဖြစ်လာမည့် ဟံသာဝတီလေဆိပ်ကို တည်ဆောက်နေဆဲ ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ပြည်တွင်းလေဆိပ်တစ်ခု ဖြစ်သော နောင်မွန်းလေဆိပ်ကိုလည်း တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။

 

အထက်ပါ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၄) ခုမှ လွဲ၍ ကျန်လေဆိပ် (၄၆) ခုမှာ မြန်မာပြည်တွင်းရှိ မြို့များကိုသာ ပျံသန်း ပြေးဆွဲနိုင်သေးသည်။

 

အောက်တွင် တိုင်းနှင့် ပြည်နယ်အလိုက် လေဆိပ်စာရင်းများကို လေ့လာ သိရှိနိုင်သည်။ လေဆိပ်အများဆုံးမှ စ၍ အစဉ်လိုက် ဖော်ပြထားခြင်း ဖြစ်သည်။ ( လေဆိပ်တစ်ခုချင်းစီ အကြောင်း အပါအဝင် ပျံသန်း ပြေးဆွဲနေသော လေကြောင်းလိုင်းနှင့် ပြည်တွင်းပြည်ပ မြို့များကို ဆက်လက် ဖော်ပြပေးသွားပါမည်။ )

 

Advertisement

Click Here > Bawgawadi Co., Ltd.

 

ရှမ်းပြည်နယ် (၉) ခု

  • ဟဲဟိုးလေဆိပ်
  • ကျိုင်းတုံလေဆိပ်
  • လားရှိုးလေဆိပ်
  • မိုးမိတ်လေဆိပ်
  • မိုင်းတုံလေဆိပ်
  • မိုင်းဆတ်လေဆိပ်
  • နမ့်စန်လေဆိပ်
  • နမ္မတူလေဆိပ်
  • တာချီလိတ်လေဆိပ်

 

မကွေးတိုင်းဒေသကြီး  (၇) ခု

  • မကွေးလေဆိပ်
  • ဂန့်ဂေါလေဆိပ်
  • ပခုက္ကူလေဆိပ်
  • ကျောက်ထုလေဆိပ်
  • လမ်းရွာလေဆိပ်
  • ပေါက်လေဆိပ်
  • ထီးလင်းလေဆိပ်

 

ရခိုင်ပြည်နယ် (၆) ခု

  • စစ်တွေလေဆိပ်
  • သံတွဲလေဆိပ်
  • အမ်းလေဆိပ်
  • ဂွလေဆိပ်
  • ကျောက်ဖြူလေဆိပ်
  • မာန်အောင်လေဆိပ်

 

မန္တလေးတိုင်းဒေသကြီး (၄) ခု

  • မန္တလေး ချမ်းမြသာစည်လေဆိပ်
  • မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ( တံတားဦး ) 
  • အနီးစခန်း လေဆိပ် ( ပြင်ဦးလွင် )
  • ညောင်ဦးလေဆိပ် ( ပုဂံ၊ ညောင်ဦး )

 

တနင်္သာရီတိုင်းဒေသကြီး (၄) ခု

  • ဘုတ်ပြင်းလေဆိပ်
  • ထားဝယ်လေဆိပ်
  • ကော့သောင်းလေဆိပ်
  • မြိတ်လေဆိပ်

 

စစ်ကိုင်းတိုင်းဒေသကြီး (၄) ခု

  • ဟုမ္မလင်းလေဆိပ်
  • ကလေးမြို့ လေဆိပ်
  • ခန္တီးလေဆိပ်
  • မုံရွာလေဆိပ်

 

ကချင်ပြည်နယ် (၄) ခု

  • မြစ်ကြီးနားလေဆိပ်
  • ဗန်းမော်လေဆိပ်
  • ပူတာအိုလေဆိပ်
  • နောင်မွန်းလေဆိပ် ( တည်ဆောက်ဆဲ )

 

ရန်ကုန်တိုင်းဒေသကြီး (၂) ခု

  • ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ( မှော်ဘီ ) 
  • ကိုကိုးကျွန်း လေဆိပ်

 

ကရင်ပြည်နယ် (၂) ခု

  • ဘားအံလေဆိပ်
  • ဖာပွန်လေဆိပ်

 

မွန်ပြည်နယ် (၂) ခု

  • မော်လမြိုင်လေဆိပ်
  • ရေးလေဆိပ်

 

ပဲခူးတိုင်းဒေသကြီး (၂) ခု

  • ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ( ပဲခူးမြို့၊ တည်ဆောက်ဆဲ )
  • ပြည်လေဆိပ်

 

ကယားပြည်နယ် (၁) ခု

  • လွိုင်ကော်လေဆိပ်

 

ချင်းပြည်နယ်‌ (၁) ခု

  • ဆူရ်ဘုန်လေဆိပ် ( ဖလမ်း )

 

ဧရာဝတီတိုင်းဒေသကြီး (၁) ခု

  • ပုသိမ်လေဆိပ်

 

နေပြည်တော် (၁) ခု

  • နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ( အေလာလေဆိပ် )

 

မြန်မာနိုင်ငံရှိ လေဆိပ် ၂၆ ခုအကြောင်းကို အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်၊။

 လေဆိပ် ၂၆ ခုမာတိကာ

https://www.logisticsguide.com.mm/en/knowledge/air-port-information/2229-myanmar-airport-and-airways-time-tab.html

Read times
Rate this item
(2 votes)