How To

Thursday, 22 December 2022 06:43

ချန်ဂီလေဆိပ် ခရီးဆောင်အိတ် ထရက်ကာ ဝန်ဆောင်မှုအသစ် စမ်းသပ်

ချန်ဂီလေဆိပ် ခရီးဆောင်အိတ် ထရက်ကာ ဝန်ဆောင်မှုအသစ် စမ်းသပ်

Friday, 02 December 2022 17:32

စင်ကာပူတွင် လေတိုက်ကြမ်းပြီး ကွန်တိန်နာများ ရေထဲပြုတ်ကျသဖြင့် အရေးပေါ် ဆယ်ယူ

စင်ကာပူတွင် လေတိုက်ကြမ်းပြီး ကွန်တိန်နာများ ရေထဲပြုတ်ကျသဖြင့် အရေးပေါ် ဆယ်ယူ

Thursday, 01 December 2022 22:03

Daewoo သင်္ဘောကျင်း ရုရှား LNG သင်္ဘော ကန်ထရိုက် ပယ်ဖျက်

Daewoo သင်္ဘောကျင်း ရုရှား LNG သင်္ဘော ကန်ထရိုက် ပယ်ဖျက်

Monday, 28 November 2022 13:55

အလိုအလျောက်ထိန်းကျောင်းသင်္ဘောဈေးကွက် ကြီးစိုးနိုင်ရေး သင်္ဘောကျင်းများ ကြိုးပမ်း

အလိုအလျောက်ထိန်းကျောင်းသင်္ဘောဈေးကွက် ကြီးစိုးနိုင်ရေး သင်္ဘောကျင်းများ ကြိုးပမ်း TO GET INSTANT UPDATE Join Telegram Channel https://t.me/Guid4U ပင်ကိုစွမ်းရည်ဖြင့် အလိုအလျောက်ထိန်းကျောင်းနိုင်သောသင်္ဘောဈေးကွက် ခေတ်ဦးကာလတွင် ဈေးကွက်ကို ကြီးစိုးနိုင်ရန် တောင်ကိုရီးယားမှ သင်္ဘောကျင်း လုပ်ငန်း ၃ ခုတို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း Koreatimes တွင် သတင်းဖော်ပြထားသည်။ . Daewoo Shipbuilding & Marine Engineering (DSME) က ပင်ကိုထိန်းကျောင်းစွမ်းရည်အတွက် အလိုအလျောက် ရေကြောင်းသွားလာ သင်္ဘော DSME Autonomous Navigation-Vessel (DAN-V) ကို နိုဝင်ဘာလ ၁၆ နှင့် ၁၇ ရက်တို့တွင် စမ်းသပ်မှုများဆောင်ရွက်ခဲ့ရာ အောင်မြင်ကြောင်း နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။ စမ်းသပ်မှုတွင် အဝေးထိန်းစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ သတ်မှတ်ရေလမ်းကြောင်းအတိုင်း သွားလာခြင်း၊ မတိုက်မိအောင် ရှောင်ရှားခြင်းတို့ ပါဝင်ကြောင်း၊ Jebu Island အနီးတွင် စမ်းသပ်ခဲ့ကြောင်း သင်္ဘောတည်ဆောက်သူ DSME ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "လတ်တလော အောင်မြင်မှုကြောင့် ကျွန်တော်တို့ ပင်ကိုထိန်း‌ေကျာင်း ရေကြောင်းသွားလာမှု အဆင့်(၃) နည်းပညာကို စိတ်ချလက်ချ သုံးနိုင်ပါပြီ" ဟု DSME R&D Institute အကြီးအကဲ Choi Dong-kyu က ပြောကြားသည်။ စမ်းသပ်ရေယာဉ်ဖြင့် စမ်းသပ်မှုများ ပြုပြီးသည့်အခါ နောက်နှစ်တွင် ကုန်သွယ်ရေကြောင်းသင်္ဘောပေါ်တွင် ပင်ကိုထိန်းကျောင်း ရေကြောင်းသွားလာစနစ်ကို တပ်ဆင်အသုံးပြရန် ရည်မှန်းထားသည်။ "အပြည့်အဝ ပင်ကိုထိန်းကျောင်း ရေကြောင်းသွားလာစနစ်က ၂၀၂၄ မှာ ရောက်လာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားသည်။ . DSME မှ ကြေညာပြီး နှစ်ရက်အကြာတွင် Samsung Heavy Industries သည် Mokpo National Maritime University ၏ တန်ချိန် ၉,၂၀၀ ရှိ Segyero လေ့ကျင့်ရေးသင်္ဘောပေါ်တွင် Samsung Autonomous Ship (SAS) စနစ်အား စမ်းသပ်အောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စမ်းသပ်မှုအမျိုးမျိုးကို နိုဝင်ဘာလ ၁၅ မှ ၁၈ ရက်အထိ ၉၅၀ ကီလိုမီတာ ရှည်လျားသော ရေလမ်းကြောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။ "မြို့လယ်ပိုင်း လမ်းတွေမှာ ကားတွေ အသွားအလာ များသလိုမျိုး ရေယာဉ်တွေ အသွားအလာ များတဲ့ ‌ပင်လယ် လမ်းကြောင်းမှာ SAS ရဲ့ စွမ်းဆောင်ရည်နှင့် ဘေးကင်းမှုတို့ကို စမ်းသပ်ခဲ့တာ အောင်မြင်မှု ရရှိခဲ့ပါတယ်" ဟု Samsung Heavy Industries မှ အဓိက သုတေသန အင်ဂျင်နီယာ Kim Hyun-joe က ပြောကြားပါသည်။ Hyundai Heavy Industries Group သည် ပင်ကိုယ်စွမ်းရည်ဖြင့် ရေကြောင်းသွားလာမှု နည်းပညာများ ဖွံ့ဖြိုးရေးကို ၎င်း၏ လက်အောက်ခံလုပ်ငန်း Avikus ဖြင့် ဆောင်ရွက်သည်။ Avikus သည် ပင်ကိုယ်စွမ်းရည်ဖြင့် ရေကြောင်းသွားလာမှု နည်းပညာများ ဖွံ့ဖြိုးရေးကို အထူးပြု စူးစိုက်လုပ်ကိုင်သည်။ ‌၂၀၂၂ အောက်တိုဘာလတွင် ပင်ကိုယ်စွမ်းရည်ဖြင့် ရေကြောင်းသွားလာမှုစနစ် အဆင့်(၂) ကို NeuBoat အမည်ဖြင့် ထုတ်လုပ်ထားသည်ကို ပြသခဲ့သည်။ NeuBoat သည် ကုန်သွယ်ရေကြောင်း သင်္ဘောများအတွက် မဟုတ်ဘဲ အပန်းဖြေ ရေယာဉ်များအတွက် ဖြစ်သည်။ NeuBoat ကို ဥရောပနှင့် အမေရိကန်တို့မှ အပန်းဖြေရေယာဉ်များအား နောက်နှစ်တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း Avikus စီအီးအို Lim Do-hyung က ပြောကြားသည်။ . ကမ္ဘာ့ဈေးကွက် မျက်ခြည်မပြတ် စောင့်ကြည့် မှတ်တမ်းတင်နေသည့် Acute Market Reports က ပင်ကိုထိန်းကျောင်း သင်္ဘောဈေးကွက်က ပျမ်းမျှနှစ်စဉ် ၁၂.၆% ကြီးထွားဖို့ မျှော်လင့်ထားပါသည်။ ၂၀၂၈ မှာ ဈေးကွက်ပမာဏ ကန်ဒေါ်လာ ၂၃၅.၇ ဘီလီယံ ဖြစ်လာမည်ဟု မျှော်မှန်းထားသည်။ Source koeatimes TO GET INSTANT UPDATE Join Telegram Channel https://t.me/Guid4U

Sunday, 20 November 2022 02:26

ဂျပန်မှ ဩစတေးလျသို့ ကုန်သင်္ဘော ရွက်လွှင့်ခုတ်မောင်း

ဂျပန်မှ ဩစတေးလျသို့ ကုန်သင်္ဘော ရွက်လွှင့်ခုတ်မောင်း

Thursday, 10 November 2022 10:17

Airbus A321တပ်ဆင်ထုတ်လုပ်မှုကို တရုတ်နိုင်ငံတွင် စတင်

Airbus A321တပ်ဆင်ထုတ်လုပ်မှုကို တရုတ်နိုင်ငံတွင် စတင်

Monday, 07 November 2022 05:59

ဈေးနှုန်းထိန်းဖို့ အနား‌ပေးထားရသည့် ကွန်တိန်နာသင်္ဘောများ TEU တစ်သန်းကျော်သို့ ရောက်ရှိ

ဈေးနှုန်းထိန်းဖို့ အနား‌ပေးထားရသည့် ကွန်တိန်နာသင်္ဘောများ TEU တစ်သန်းကျော်သို့ ရောက်ရှိ

Monday, 07 November 2022 03:22

Lashing-Free ကွန်တိန်နာသင်္ဘောဒီဇိုင်း ခွင့်ပြုချက်များ Hyundai ရရှိ

Lashing-Free ကွန်တိန်နာသင်္ဘောဒီဇိုင်း ခွင့်ပြုချက်များ Hyundai ရရှိ

Wednesday, 21 September 2022 03:13

ရုရှား-တရုတ် လေယာဉ်သစ် CR929 ကနဦးဒီဇိုင်းအဆင့်သို့ ရောက်ရှိ

ရုရှား-တရုတ် လေယာဉ်သစ် CR929 ကနဦးဒီဇိုင်းအဆင့်သို့ ရောက်ရှိ