How To

Monday, 19 September 2022 06:34

အာဆီယံ ကုန်သွယ်ရေး အရေးပါလာမယ့် ကုန်တွင်း ဆိပ်ကမ်း

အာဆီယံ ကုန်သွယ်ရေး အရေးပါလာမယ့် ကုန်တွင်း ဆိပ်ကမ်း

Thursday, 01 September 2022 04:14

ဆူးအက်တူးမြောင်းတွင် ရေနံတင်သင်္ဘော ၅ နာရီကြာ သောင်တင်

ဆူးအက်တူးမြောင်းတွင် ရေနံတင်သင်္ဘော ၅ နာရီကြာ သောင်တင်

Monday, 29 August 2022 05:02

ကုန်သည်နှင့် လုပ်ငန်းရှင်များအတွက် Trade Net 2.0 အသုံးပြုနည်းသင်တန်းဖွင့်လှစ်မည်

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ကုန်သည်များအတွက် စက်တင်ဘာ ၅ ရက်မှ ၉ရက်အထိ အွန်လိုင်းမှတစ်ဆင့် Trade Net 2.0 စနစ်အသုံးပြုနည်းသင်တန်း (၄/၂၀၂၂) ကို သင်တန်းသားဦးရေ ၅၀၀ ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက်လိုအပ်သည့် နည်းပညာသိကောင်းစရာ၊ Trade Net 2.0 စနစ်နှင့် HS Codeများအကြာင်း: ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ (မူဝါဒနှင့်စနစ်အသုံးပြုပုံ)၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay)၊ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်၊ ပသကနှင့် ဆက်စပ်ကတ်များ (မူဝါဒနှင့် စနစ်အသုံးပြုပုံ) စသည်တို့ကို သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတက်ရန် သြဂုတ် ၂၆ ရက်နောက်ဆုံး စာရင်းပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်သုံးသောင်းဖြစ်သည်။ လျှောက်လွှာများ ကို This email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloakd68662b96c523b302d5db61a9c4df2a9').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addyd68662b96c523b302d5db61a9c4df2a9 = 'dottraining2015' + '@'; addyd68662b96c523b302d5db61a9c4df2a9 = addyd68662b96c523b302d5db61a9c4df2a9 + 'gmail' + '.' + 'com'; var addy_textd68662b96c523b302d5db61a9c4df2a9 = 'dottraining2015' + '@' + 'gmail' + '.' + 'com';document.getElementById('cloakd68662b96c523b302d5db61a9c4df2a9').innerHTML += ''+addy_textd68662b96c523b302d5db61a9c4df2a9+''; တွင် လက်ခံနေပြီး လျှောက်လွှာနှင့်အတူ ကုမ္ပဏီထောက်ခံချက်ပုံစံလည်း ပူးတွဲပေးပို့ရမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက ကုန်သွယ်ရေးဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၄၀၈၄၁၂၊ ၀၆၇-၄၀၈၂၄၁၊ ၀၆၇ ၄၀၈၄၈၅ တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ Source : Myanma Alinn

Friday, 26 August 2022 09:45

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း

ကုန်သွယ်ရေးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လျှောက်ထားခြင်းအဆင့်ဆင့်(ပသက) အဆင့် (၁) ပို့ကုန်/ သွင်းကုန်မှတ်ပုံတင်ကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးရုံး၊ ရန် ကင်းရင်းနှီးမြုပ်နှံမှုကော်မရှင် (One Stop Service) နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် လူကိုယ်တိုင်သွားရောက် လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းမှလျှောက်ထားလိုသူများအနေဖြင့် (http://myanmartradenet.com/) ၏ဝက်ဘ်ဆိုက်စာမျက်နှာမှတဆင့် လျှောက်ထားနိုင်ပါသည်။ အဆင့် (၂) လျှောက်ထားသူသည် လျှောက်လွှာပုံစံအားဖြည့်စွက်ပြီးလိုအပ်သည့်အထောက်အထားစာရွက်၊ စာတမ်းများအားပူးတွဲတင်ပြရပါမည်။ အွန်လိုင်းအသုံးပြုလျှောက်ထားသူများသည် အွန်လိုင်း လျှောက်လွှာအားဖြည့်စွက်ပြီး ပူးတွဲပါ စာရွက်၊ စာတမ်းများအား (pdf) ဖြင့်တင်သွင်းရ မည်ဖြစ်သည်။ ပူးတွဲပါစာရွက်၊ စာတမ်းများသည် အောက်ပါအတိုင်းဖြစ်ပါသည်- (၁) ကုမ္ပဏီ၏ Letter Head ဖြင့်ရေးသားထားသောလျှောက်လွှာ (၂) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့်အကြောင်းကြားစာ၊ CRD နှင့် ကုမ္ပဏီမှတ်ပုံတင် ကတ်များ (မူရင်း/မိတ္တူ) (၃) ဒါရိုက်တာအဖွဲ.ဝင်အမည်စာရင်း (Form 26) (မူရင်း/ မိတ္တူ) (၄) အစုရှယ်ယာစာရင်း (Form 6) (မူရင်း/ မိတ္တူ) (၅) ဒါရိုက်တာအဖွဲ.၀င်များ၏ ဓါတ်ပုံနှင့်လက်မှတ်နမူနာများ (၆) သင်းဖွဲ.မှတ်တမ်းနှင့်သင်းဖွဲ.စည်းမျဉ်းစာအုပ် (မူရင်း) (၇) MIC ခွင့်ပြုချက် (MIC ကုမ္ပဏီများအတွက်သာ) (၈) MD/Director ၏ Passport မိတ္တူ) (MIC နိုင်ငံခြားကုမ္ပဏီများအတွက်) (၉) လုပ်ငန်းခွင့်ပြုမိန်.(နိုင်ငံခြားကုမ္ပဏီများအတွက်သာ) မှတ်ချက်။ ။ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်မိမိတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းအလိုက် ပို့ကုန်/ သွင်းကုန်မှတ်ပုံတင်လျှောက်ထားမှုအပြင် အောက်ပါမှတ်ပုံတင်များကို သီခြားထပ်မံလျှောက်ထားရမည် ဖြစ်ပါသည်။ (၁) စီးပွားရေးအကျိုးဆောင်မှတ်ပုံတင် (၂) အကောက်ခွန်လွတ်အရောင်းဆိုင်မှတ်ပုံတင် (၃) Re-export မှတ်ပုံတင် (၄) Car Sale Center/Car Show Room မှတ်ပုံတင် (၅) ဝိုင်တင်သွင်းခွင့်မှတ်ပုံတင် (၆) လက်လီ၊လက်ကားလုပ်ငန်းမှတ်ပုံတင်ခြင်း အွန်လိုင်းမှလျောက်ထားသူများသည် လိုအပ်သည့်အချက်အလက်များ အထောက်အထားများ ဖြည့် စွက်တင်ပြပြီးပါကနောက်အဆင့်ကိုဆက်လက်လုပ်ဆောင်ရန် ‘Submit’ အားနှိပ်ရပါမည်။ လျှောက်ထားသူများအနေဖြင့် လိုအပ်သည့်အထောက်အထားစာရွက်၊ စာတမ်းများနှင့် တကွ တင်ပြပြီးပါက လျှောက်ထားသူမှ အဆင့် (၃) အတွက်စောင့်ဆိုင်းရပါမည်။ အဆင့် (၃) မူဝါဒဌာနခွဲမှ လျှောက်လွှာအားစိစစ်ခြင်း၊ သုံးသပ်ခြင်းနှင့်အတည်ပြုခြင်းများပြုလုပ် သွားမည်ဖြစ် ပါသည်။ လျှောက်လွှာမှ လိုအပ်ချက်ရှိပါကသို့မဟုတ် အချက်အလက်များကွဲလွဲမှုရှိပါကဌာနမှ အချက်အလက်များပြန်လည်ဖြည့်စွက် ပြင်ဆင်ပေးနိုင်ရေးအတွက် အကြောင်းကြားမည်ဖြစ်ပြီး လျှောက်လွှာအားတဖန်လိုအပ်သည်များကိုပြင်ဆင်ကာပြန်လည်တင်ပြရပါမည်။ စိစစ်သုံးသပ်မှု အဆင့်တွင် အချက်အလက်များမှန်ကန်မှုရှိပါက လျှောက်ထားသူမှ မှတ်ပုံတင်ကြေးနှင့် အခြားကျ သင့်ငွေများအားပေးသွင်းရန် အကြောင်းစာရောက်ရှိလာပါမည်။ အဆင့် (၄) အွန်လိုင်းအသုံးပြုလျောက်ထားသူများသည် အခကြေးငွေများအား MPU ကဒ်သုံး ၀န်ဆောင်မှုမှ တဆင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံသားများဘဏ်တွင် စာရင်းသေအပ်ငွေဖွင့်၍ သော်လည်း ကောင်း ပေးသွင်းရမည့် အခကြေးငွေအားပေးသွင်းနိုင်ပါသည်။ မှတ်ပုံတင်သက်တမ်းကာလမှာ ၅ နှစ်ဖြစ်ပါသည်။ ပသကမှတ်ပုံတင်ကြေး(တစ်စောင်နှုန်း)- ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင်အားပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် မိတ္တူမှန်လျှောက်ထားခြင်း တို့ အတွက် လျှောက်ထားသူမှ ပို့ကုန်၊သွင်းကုန်မှတ်ပုံတင်မူရင်း၊ ပို့ကုန်သွင်းကုန် သတင်းလွှာ အမှတ် (၆/၂၀၁၈) တွင်ဖော်ပြထားသောအခြားလိုအပ်သည့်အထောက်အထားစာရွက်နှင့်အတူ မူဝါဒဌာနခွဲသို့ လျှောက် ထားရပါမည်။ လျှောက်ထားမှုကိစ္စအဝဝကို ဆောင်ရွက်ရန်အတွက် ဌာနမှ ကုမ္ပဏီတစ်ခုလျှင်ကိုယ်စားလှယ် (၅) ဦးအထိခွင့်ပြုမည်ဖြစ်သည်။ ကုမ္ပဏီကိုယ်စားလှယ် လျှောက်ထားမှုနှုန်းထားမှာအောက်ပါအတိုင်းဖြစ်သည်။ ပေးသွင်းရမည့်အခကြေးငွေများသည် အောက်ပါအတိုင်းဖြစ်ပါသည်- ကျသင့်ငွေများပေးသွင်းမှုအောင်မြင်ကြောင်း သို့မဟုတ် ပေးသွင်းမှုမအောင်မြင်ပါက ငွေပေးချေမှု စနစ်မှ ငွေပေးသွင်းသူအားပြန်လည်ပေးသွင်းခြင်းလုပ်ဆောင်ရန်နှင့် လျှောက်လွှာအားပြန်လည် တင်ပြရန် အတည်ပြုချက်နှင့်အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။ ပေးသွင်းမှုအောင်မြင်ပါက ဌာနမှ ငွေပေးသွင်းခြင်းချလံထုတ်ပေးမည် ဖြစ်သည်။ အထက်ပါလုပ်ငန်းအဆင့်များ အောင်မြင်ပါက ဌာနမှ ပသကမှတ်ပုံတင်နှင့်အခြားလုပ်ငန်းအလိုက်မှတ်ပုံတင် လျှောက်ထားသည် များရှိပါက ထုတ်ပေး မည်ဖြစ်သည်။ ထို့နောက်လျှောက်ထားသူမှ ပသကမှတ်ပုံတင်ကိုထုတ်ယူပြီး ပို့ကုန်၊ သွင်းကုန်လိုင်စင်ကိုဆက်လက်လျှောက်ထားနိုင်မည်ဖြစ်သည်။ Source: Myanmar National Trade Portal

Sunday, 21 August 2022 03:59

Daewoo သင်္ဘောကျင်းကို ၂ ပိုင်းခွဲရန် အဆိုပြု

Daewoo သင်္ဘောကျင်းကို ၂ ပိုင်းခွဲရန် အဆိုပြု

Monday, 08 August 2022 08:40

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်တို့ကို ပြည်ပသို့တင်သွင်းရာတွင် လိုအပ်သည့်ထောက်ခံချက်များအကြောင်း

ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန် တင်ပို့ခွင့်လျှောက်ထားခြင်း များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှု တစ်စောင်ချင်းအပေါ်စိစစ်၍ ထောက်ခံချက် ထုတ်ပေးနိုင်ပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ပဲမျိုးစုံးပြောင်းနှင့်နှမ်းကုန်သည်များအသင်းသို့ညွှန်ကြားထားသဖြင့် တင်ပို့သူများထောက်ခံချက် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် ကုန်သည်များအသင်းမှ သိရသည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆန် များ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ဇူလိုင်လဆန်းမှစတင်ရွဲ အမေရိကန်ဒေါ်လာအသုံးပြုသော စုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့်သာ ပို့ကုန်လိုင်စင်များအားခွင့်ပြုထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ပို့ကုန်လိုင်စင်များ စိစစ်ထုတ်ပေးရာတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်များအသင်း၏ ထောက်ခံချက်ဖြင့်သာပို့ကုန်လုင်စင်ခွင့်ပြု ထုတ်ပေးရန်ကုန်သွယ်ရေးဉီးစီးဌာနသို့ ညွှန်ကြားထားသည်။ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်များ ပြည်ပတင်ပို့ရန် ပို့ကုန်လိုင်စင်လျှောက်ထားလိုသည့် အသင်းဝင် ပို့ကုန်ကုမ္ပဏီများအနေဖြင့် အချက်အလက်များအား ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍သတ်မှတ်စာရွက်စာတမ်း များစနစ်တကျပူးတွဲပြုစုကာ အသင်းသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်းမှ သတ်မှတ်ထားသည့် Excel File (MPBMSMA-Export License Endorsement) ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ထားသည့် Soft Copy File ကိုThis email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloak00c160de85eda8ee8c9a12d67f71ee42').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addy00c160de85eda8ee8c9a12d67f71ee42 = 'ed' + '@'; addy00c160de85eda8ee8c9a12d67f71ee42 = addy00c160de85eda8ee8c9a12d67f71ee42 + 'mpbmsma' + '.' + 'org'; var addy_text00c160de85eda8ee8c9a12d67f71ee42 = 'ed' + '@' + 'mpbmsma' + '.' + 'org';document.getElementById('cloak00c160de85eda8ee8c9a12d67f71ee42').innerHTML += ''+addy_text00c160de85eda8ee8c9a12d67f71ee42+''; သို့ ကြိုတင်ပေးပို့ထားရန်လိုအပ်ပြီး ကုမ္ပဏီ Leter Head ဖြင့် MPBMSMA ထံ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန်လိုင်စင်ထုတ်ယူခွင့်ရရှိရေး ထောက်ခံချက်ပြုပေးပါရန် တင်ပြစာနှင့် ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက် စာရွက်စာတမ်းများကို ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။ စည်းကမ်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တင်ပြစာနှင့် အချက်အလက်များဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံပဲမျိုး၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းက ဇူလိုင် ၁၁ ရက်က ကျင်းပသည့်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ပါသတ်မှတ်ချက်များနှင့်အညီ စိစစ်၍စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနထံသို့ထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။ ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Trade Net 2.0 (https://myanmartradenet.com) သို့ ဝင်ရောက်၍ လုပ်ငန်းရှင်များသည် မိမိတို့ လျှောက်ထားလိုသည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆန်တို့နှင့်သက်ဆိုင်သည့် အချက်အလက်များပြည့်စုံစွာဖြည့်စွက်ကာ အသင်း၏ထောကံခံချက်နှင့်အတူ ဆက်လက်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။ လျှောက်ထားသည့် ပို့ကုန်ကုမ္ပဏီများအနေဖြင့် ဖြည့်စွက်သည့် အချက်အလက်များ မပြည့်စုံခြင်း၊ အသင်းမှ၀န်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းကမ်းချက်များကိုလိုက်နာရန် အကန့်အသတ်ရှိသည့် ပို့ကုန်ကုမ္ပဏီများ ဖြစ်/မဖြစ် အသင်းက စိစစ်နေခြင်းတို့ကြောင့် ပို့ကုန် လိုင်စင်များရရှိမှုကြန့်ကြာနိုင်ခြင်းကြောင့် ပို့ကုန်လိုင်စင်မရရှိခင် သင်္ဘောတင်ခြင်းမပြုရန်လည်းလိုအပ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှသိရသည်။ Source: Myanma Alinn

Saturday, 30 July 2022 09:57

ရွက်သင်္ဘော စမ်းသပ်ပြေးဆွဲရန် စီစဉ်

ရွက်သင်္ဘော စမ်းသပ်ပြေးဆွဲရန် စီစဉ်

Monday, 04 July 2022 05:44

တရုတ်-လာအို- ထိုင်း မီးရထားလိုင်း ရထားလမ်းပြောင်း ဘူတာရုံ တည်ဆောက်ပြီးစီး

တရုတ်-လာအို- ထိုင်း မီးရထားလိုင်း ရထားလမ်းပြောင်း ဘူတာရုံ တည်ဆောက်ပြီးစီး

Saturday, 25 June 2022 10:13

စမတ်ကွန်တိန်နာ သုံးစွဲမှုများ ဆတိုးများလာမည်ဟု ခန့်မှန်း

စမတ်ကွန်တိန်နာ သုံးစွဲမှုများ ဆတိုးများလာမည်ဟု ခန့်မှန်း