How To

Sunday, 21 August 2022 03:59

Daewoo သင်္ဘောကျင်းကို ၂ ပိုင်းခွဲရန် အဆိုပြု

Daewoo သင်္ဘောကျင်းကို ၂ ပိုင်းခွဲရန် အဆိုပြု

Monday, 08 August 2022 08:40

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်တို့ကို ပြည်ပသို့တင်သွင်းရာတွင် လိုအပ်သည့်ထောက်ခံချက်များအကြောင်း

ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန် တင်ပို့ခွင့်လျှောက်ထားခြင်း များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှု တစ်စောင်ချင်းအပေါ်စိစစ်၍ ထောက်ခံချက် ထုတ်ပေးနိုင်ပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ပဲမျိုးစုံးပြောင်းနှင့်နှမ်းကုန်သည်များအသင်းသို့ညွှန်ကြားထားသဖြင့် တင်ပို့သူများထောက်ခံချက် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် ကုန်သည်များအသင်းမှ သိရသည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆန် များ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ဇူလိုင်လဆန်းမှစတင်ရွဲ အမေရိကန်ဒေါ်လာအသုံးပြုသော စုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့်သာ ပို့ကုန်လိုင်စင်များအားခွင့်ပြုထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ပို့ကုန်လိုင်စင်များ စိစစ်ထုတ်ပေးရာတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်များအသင်း၏ ထောက်ခံချက်ဖြင့်သာပို့ကုန်လုင်စင်ခွင့်ပြု ထုတ်ပေးရန်ကုန်သွယ်ရေးဉီးစီးဌာနသို့ ညွှန်ကြားထားသည်။ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်များ ပြည်ပတင်ပို့ရန် ပို့ကုန်လိုင်စင်လျှောက်ထားလိုသည့် အသင်းဝင် ပို့ကုန်ကုမ္ပဏီများအနေဖြင့် အချက်အလက်များအား ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍သတ်မှတ်စာရွက်စာတမ်း များစနစ်တကျပူးတွဲပြုစုကာ အသင်းသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်းမှ သတ်မှတ်ထားသည့် Excel File (MPBMSMA-Export License Endorsement) ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ထားသည့် Soft Copy File ကိုThis email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloak9cde86762cab7e6ccc967cc81e416593').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addy9cde86762cab7e6ccc967cc81e416593 = 'ed' + '@'; addy9cde86762cab7e6ccc967cc81e416593 = addy9cde86762cab7e6ccc967cc81e416593 + 'mpbmsma' + '.' + 'org'; var addy_text9cde86762cab7e6ccc967cc81e416593 = 'ed' + '@' + 'mpbmsma' + '.' + 'org';document.getElementById('cloak9cde86762cab7e6ccc967cc81e416593').innerHTML += ''+addy_text9cde86762cab7e6ccc967cc81e416593+''; သို့ ကြိုတင်ပေးပို့ထားရန်လိုအပ်ပြီး ကုမ္ပဏီ Leter Head ဖြင့် MPBMSMA ထံ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန်လိုင်စင်ထုတ်ယူခွင့်ရရှိရေး ထောက်ခံချက်ပြုပေးပါရန် တင်ပြစာနှင့် ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက် စာရွက်စာတမ်းများကို ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။ စည်းကမ်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တင်ပြစာနှင့် အချက်အလက်များဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံပဲမျိုး၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းက ဇူလိုင် ၁၁ ရက်က ကျင်းပသည့်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ပါသတ်မှတ်ချက်များနှင့်အညီ စိစစ်၍စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနထံသို့ထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။ ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Trade Net 2.0 (https://myanmartradenet.com) သို့ ဝင်ရောက်၍ လုပ်ငန်းရှင်များသည် မိမိတို့ လျှောက်ထားလိုသည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆန်တို့နှင့်သက်ဆိုင်သည့် အချက်အလက်များပြည့်စုံစွာဖြည့်စွက်ကာ အသင်း၏ထောကံခံချက်နှင့်အတူ ဆက်လက်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။ လျှောက်ထားသည့် ပို့ကုန်ကုမ္ပဏီများအနေဖြင့် ဖြည့်စွက်သည့် အချက်အလက်များ မပြည့်စုံခြင်း၊ အသင်းမှ၀န်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းကမ်းချက်များကိုလိုက်နာရန် အကန့်အသတ်ရှိသည့် ပို့ကုန်ကုမ္ပဏီများ ဖြစ်/မဖြစ် အသင်းက စိစစ်နေခြင်းတို့ကြောင့် ပို့ကုန် လိုင်စင်များရရှိမှုကြန့်ကြာနိုင်ခြင်းကြောင့် ပို့ကုန်လိုင်စင်မရရှိခင် သင်္ဘောတင်ခြင်းမပြုရန်လည်းလိုအပ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှသိရသည်။ Source: Myanma Alinn

Saturday, 30 July 2022 09:57

ရွက်သင်္ဘော စမ်းသပ်ပြေးဆွဲရန် စီစဉ်

ရွက်သင်္ဘော စမ်းသပ်ပြေးဆွဲရန် စီစဉ်

Monday, 04 July 2022 05:44

တရုတ်-လာအို- ထိုင်း မီးရထားလိုင်း ရထားလမ်းပြောင်း ဘူတာရုံ တည်ဆောက်ပြီးစီး

တရုတ်-လာအို- ထိုင်း မီးရထားလိုင်း ရထားလမ်းပြောင်း ဘူတာရုံ တည်ဆောက်ပြီးစီး

Saturday, 25 June 2022 10:13

စမတ်ကွန်တိန်နာ သုံးစွဲမှုများ ဆတိုးများလာမည်ဟု ခန့်မှန်း

စမတ်ကွန်တိန်နာ သုံးစွဲမှုများ ဆတိုးများလာမည်ဟု ခန့်မှန်း

Sunday, 19 June 2022 02:45

ယူကရိန်းစစ်ပွဲနှင့် ငြိစွန်းနေသဖြင့် လေယာဉ်အမြီးတံဆိပ် ဒီဇိုင်းပြောင်း

ယူကရိန်းစစ်ပွဲနှင့် ငြိစွန်းနေသဖြင့် လေယာဉ်အမြီးတံဆိပ် ဒီဇိုင်းပြောင်း

Saturday, 11 June 2022 05:45

လေကြောင်းလိုင်းများ လောင်စာဆီအပြည့်ဖြင့် လာရန် သီရိလင်္ကာ ပြောကြားထား

လေကြောင်းလိုင်းများ လောင်စာဆီအပြည့်ဖြင့် လာရန် သီရိလင်္ကာ ပြောကြားထား

Wednesday, 08 June 2022 09:28

သင်္ဘောအကြီးစားဖြင့် ကမ္ဘာ့ပထမဆုံးပင်ကိုမောင်းနှင် သမုဒ္ဒရာဖြတ်သန်းခြင်းကို တောင်ကိုရီးယားကုမ္ပဏီ စမ်းသပ်အောင်မြင်

သင်္ဘောအကြီးစားဖြင့် ကမ္ဘာ့ပထမဆုံးပင်ကိုမောင်းနှင် သမုဒ္ဒရာဖြတ်သန်းခြင်းကို တောင်ကိုရီးယားကုမ္ပဏီ စမ်းသပ်အောင်မြင်

Monday, 06 June 2022 10:53

Seoul Metro က ဘူတာရုံ အမည်များ ရောင်းပြီး တစ်ဖက်တလမ်းမှ ဝင်ငွေရှာ

Seoul Metro က ဘူတာရုံ အမည်များ ရောင်းပြီး တစ်ဖက်တလမ်းမှ ဝင်ငွေရှာ