How To

Friday, 05 June 2020 11:56

လေယာဉ်ပျံတက်ခြင်းနှင့်ဆင်းသက်ခြင်းသည်အဘယ်ကြောင့်အလွန်အန္တရာယ်များသနည်း

Boeing ၏ သုတေသနမှ ရရှိသည့် အချက်အလက်များအရ လေယာဉ် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း တို့သည်

Tuesday, 02 June 2020 03:14

သင်္ဘောသားအပြောင်းအလဲများ စင်းလုံးငှားလေယာဉ်ဖြင့် စတင်ဆောင်ရွက်

နိုင်ငံတကာ သင်္ဘောသားသမဂ္ဂမှ ဇွန်လ ၁၅ ရက်ကို နောက်ဆုံးထားပြီး သင်္ဘောသားအပြောင်းအလဲများ

Thursday, 21 May 2020 14:16

ဂျပန်ရောက် မြန်မာများအတွက် ဂျပန်အစိုးရ ထောက်ပံ့ကြေး ယန်း(၁)သိန်း ပေးအပ်မည့်အစီအစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာ

ဂျပန်နိုင်ငံအစိုးရမှ အထူးထောက်ပံ့ကြေးငွေ ယန်း(၁)သိန်း ပေးအပ်မည့်အစီအစဉ်အား

Thursday, 16 April 2020 10:51

Distribution Network model ရွေးချယ်ခြင်း

ယခုလက်ရှိ မျက်မှောက်ကာလတွင် မြန်မာနိင်ငံ၏ နိင်ငံရေး နည်းဗျုဟာပြောင်းလဲမှုကြောင့် နိင်ငံခြားတိုက်ရိုက်ရင်နီးမြုတ်နှံမှုများ စီးဝင်လာမှုမြင့်တက်လာပါသည် ။

Friday, 17 May 2019 09:15

" အနာဂါတ် မြန်မာ့ရေကြောင်းလောက “

Q : အနာဂါတ်မှာ မြန်မာသင်္ဘောသား နှင့် မြန်မာ့ရေကြောင်းလော က တိုးတက်လာဖို့ရှိပါသလား ? A : မရှိလောက်ပါဘူးခင်ဗျာ ။ မကြာမီ ကာလမှာ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း)ဘဝ တစ်ဆစ်ချိုး အတွက် အောင်စရင်းကြီး ထွက်လာတော့မယ်။ဂုဏ်ထူး အများအပြား နဲ့ ညီငယ်/ညီမငယ်တွေ လဲကျနော် တို့ ရေကြောင်း ရဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ် ဖြစ်တဲ့ MMU ကို ဦးစားပေး ရွေးချယ်ဖို့စဉ်းစားနေကြတဲ့သူတွေ ရှိကောင်း ရှိနိုင်ပါတယ် ။ Q; MMU ကို ရွေးချယ်ရင် မှန်နိုင်လား? A; ဟုတ် မှန်နိုင်ပါတယ်။ သင်္ဘောသား ခေတ်ပျက်တယ်ဆိုပေမယ့် MMU ကျောင်းဆင်းအရာရှိတွေအတွက်က နေရာတွေ ရှိနေတုန်းပါ ။ သင်္ဘောမလိုက်ချင်လို့ ကုန်းပေါ်ပြောင်းမယ်ဆိုလဲအဆင်ပြေပါတယ် ဥပမာ( Ocean Tanker SG) မှာCargo Officer အနေနဲ့ လဲ အလုပ်ရပါသေးတယ်။ သင်္ဘောမလိုက်တဲ့ Major တွေ Naval Architect တို့Port and Harbour တို့နဲ့ ပြီးတဲ့သူတွေဆိုရင် ခုဆိုဂျပန်တို့ အနောက်ဥရောပ နိုင်ငံတွေ ဒါမှမဟုတ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နိုင်ငံခြား Docking တွေမှာ ရာထူး မြင့်မြင့် လစာ များများ နှင့် အလုပ်လုပ်နေကြပါပြီ။ သင်္ဘောလိုက်တာ ဝါသနာ ပါတယ်ဆိုရင်တော့ NS or ME တို့ကို ရွေးပေါ့ မဟုတ်ရင်တော့တခြား Major ရွေးပေါ့MMU လောက် အမှတ်မမြင့် ဒါပေမယ့် အမှတ်အနေထားအရ 420 အထက် ပျမ်းမျှခေါ်လေ့ရှိသောIMT (or) MMMC ကောလိပ်ကျောင်းပါ Q: အန်တီသား က အမှတ်လဲကောင်းတယ် ဘာတက်ရမှန်းမသိဘူး ဖြစ်နေတယ်အဲ့တာသားတို့လို MMMC ကို တက်ခိုင်းရင်ကောင်းမလား ? A: **ကျနော်တစ်ဦးတည်း ရဲ့ personal အဖြေပါ** ⛔️ NO ပါ ⛔️ သင်္ဘောသား လောက ပျက်သုန်း ခဲ့ပါပြီ ရှင်ပြုတုန်း က ရွှေထီး ဆောင်းခဲ့တာတွေ ပြန်ပြောနေလဲ ကောင်းလာဖို့ လမ်းမမြင်ပါဘူး။ဒီကျောင်းကြီး က မွေးထုတ်ပေးလိုက်တဲ့ Capt ကြီးတွေ အရာရှိ ကြီးတွေ အင်ဂျင်နီယာကြီးတွေ အများကြီး ပါ ။ ခု မျက်မှောက် ခေတ် အခြေနေရ ညီငယ်Junior တွေ စဉ်းစားရတော့မယ့် အပိုင်းတွေ အများကြီး ပါလာပြီ။ ကျောင်းဆင်း MMMC တိုင်း အလုပ်မရနိုင်ပါဘူး ။ အရာရှိအောင်ပြီး ရင် ပိုလို့တောင်အလုပ်ရှားသွား ပြန်ရော ??‍♂️ကုန်းပေါ်အလုပ် ပြောင်းကြည့်မယ်ဆိုရင်လဲMMMC က diploma ပဲ ပေးတာပါ ဘွဲ့မဟုတ်ပါဘူး ညီငယ်တို့ အဲ့တာက အသက်ပါညီငယ်တို့ အနေနဲ့ ကိုယ်လဲ တကယ်ဝါသနာပါအဖေ က လဲ သူကြီး/စက်ချူပ် အနေထားဆိုရင်တော့ MMMC ကို တက်ပါ။ ကိုယ့်မှာ cadet ဘဝ ကနေ senior ဖြစ်တဲ့အထိ မအေးအေးဝင်း စီစဉ်တဲ့အတိုင်း ဖြစ်လာမယ့် company အပိုင်ရှိရင် လုပ်ပါကိုယ့်မှာ background က မရှိ ကျောင်းဆင်းတော့လဲ Roll မကောင်းရင်တော့ ညီလေးတို့ဘဝ က လမ်းဘေး ပွဲစား ကြားလိုင်း တွေ ရိုက်ကြေးပေးရတဲ့လိုင်းတွေဆီ ရောက်ဖို့က ၈၀ % ရှိပါတယ်။ အဲ့တော့ စဉ်းစားကြပါ ။ ခုလက်ရှိ အခြေနေကိုသေချာ စုံစမ်းပါ။ ** Think Twice make one decision** ဆယ်တန်း အမှတ်မှာ ရေကြောင်း ကျောင်း ၂ ခု လုံး အမှတ်မမှီ သင်္ဘောသား လုပ်မယ်ဆိုရင်တော့ETR / ETO လိုင်းကို ရွေးဖို့ အကြံ ပြုပရစေရိုးရိုး ဆယ်တန်းအောင် / ဘွဲ့ရတွေ အနေနဲ့သင်္ဘောသား crew ဘဝကနေ အရာရှိ ဖြစ်ဖို့ က ထင် သလောက် မလွယ်တော့ပါဘူး။ ထူနည်းတူပဲ RITTU က နေ ဆင်းလို့ Engine side လဲ demand အရမလွယ်ကူတော့ပါဘူး။BE(EP),AGTI(EP), Bsc physics တို့ကတော့ ETR/ ETO အနေနဲ့ အခွင့်လမ်းတွေ ရှိနေပါသေးတယ် အနှစ်ချူပ် ပြောရရင်တော့ သင်္ဘောသား လောက ကိုဝင်မယ်ဆိုရင်တော့ လက်ရှိ DMA က စရင်းရှိ သင်္ဘောသားဦးရေ ၁ သိန်းကျော်မှာ ၃ နီးနီးပဲ အလုပ်ရတာ ကိုထည့်သွင်းစဉ်းစားကြပါ။ရန်ကုန်မှာလဲ အခြားသော အလုပ်များလဲ လစာ ကောင်းကောင်း နဲ့ မိသားစု နဲ့ မကွဲကွာ နေရပါတယ်ရှင်ပြုတုန်းက ရွှေထီဆောင်းခဲ့တာတွေ ကျန်ခဲ့ပါပြီ။ Myanmar Seamen Union MyanmarLogisticsGuide

Saturday, 11 May 2019 05:05

သင်္ဘောဖြင့် အမေရိကားဆိပ်ကမ်းကိုရောက်လျှင်

သင်္ဘောဖြင့်အမေရိကားဆိပ်ကမ်းကိုရောက်လျှင်

Wednesday, 06 March 2019 10:46

Forecasting methods (ကြိုတင်ခန့်မှန်းမှု နည်းလမ်း) အမျိုးမျိုးအကြောင်း သိကောင်းစရာ

ကြိုတင်ခန့်မှန်းမှု (Forecasting) ဆိုတာကတော့ အတိတ်နဲ့ပစ္စုပ္ပန်အချက်အလက်တွေကို အခြေခံပြီး၊ အများအားဖြင့် ဖြစ်လာနိုင်မဲ့အလားအလာတွေကို ခွဲခြမ်းစိတ်ဖြာရင်း၊ အနာဂတ်အတွက်ကြိုတင်ခန့်မှန်းမှုကို ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် ကြိုတင်ခန့်မှန်းခြင်းဟာ နောင်ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တွက်ဆပြီး အနာဂတ်အတွက် အစီအစဉ်တွေချမှတ်ဖို့ အထောက်အကူဖြစ်စေတဲ့ ကရိယာတန်ဆာပလာတစ်ခုပဲဖြစ်ပါတယ်။

Saturday, 22 December 2018 04:41

Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ် ကမ္ဘာ့အချမ်းသားဆုံး ဘီလျံနာသူဋ္ဌေးဖြစ်လာ

Amazon.com ကို တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျက်ဖ်ဘီဇို့စ်ဟာ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ (၉၀)ဘီလီယံကျော် ကြွယ်ဝမှုနဲ့အတူ ကြာသပတေးနေ့က တစ်ဦးချင်း ကမ္ဘာ့အချမ်းသားဆုံး ဘီလျံနာသူဋ္ဌေး ဖြစ်လာခဲ့ပါတယ်။

Friday, 16 November 2018 11:07

သုံညဘ၀နေ တရုတ်ပြည်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသူ ဂျက်မား၏ အတုယူဖွယ် ဘ၀ဇာတ်ကြောင်း

Jack Maဟာ သူ့ရဲ့ငယ်ဘဝကို အသေးစိတ်ပြောပြလေ့တော့မရှိပါဘူး။ဒါပေမယ့် သူ့ရဲ့ ကလေးဘဝကတည်းကကြိုးစားမှုတွေ သင်ခန်းစာယူခဲ့ရပုံတွေကိုတော့ပြောပြလေ့ရှိပါတယ်။ သူဟာ ငယ်ငယ်ကလေးတည်းက အခြားသူတွေနဲ့မတူတဲ့ အတွေအခေါ်တွေရှိခဲ့တယ်။English စာကိုအလွန်စိတ်ဝင်စားခဲ့တယ်။English ကိုကြိုးကြိုးစားစားလေ့လာခဲ့တယ်။သူဟာအသက် (၁၂)နှစ်လောက်မှာ သူတို့မြို့ရဲ့နိုင်ငံခြားသားတွေလာရောက်တည်းခိုတဲ့ Hangzhou Hotelဆီ နံနက်တိုင်း(၄၅)မိနစ်ခန့်စက်ဘီးစီး သွားခဲ့တယ်။အဲ့ဒီကနိုင်ငံခြားသားခရီးသွားဧည့်သည်တွေကိုFree Tour Guideလုပ်ပေးပြီးအင်္ဂလိပ်စကားပြောကို၉နှစ်ခန့်လေ့ကျင့်ခဲ့တယ်။ အဲ့သည်အချိန်ကသူတို့မြို့မှာ အင်္ဂလိပ်စာသင်တန်းလည်းမရှိသေးဘူး။ သူ့မှာ အင်္ဂလိပ်စာသင်ပေးမယ့်ဆရာလည်းမရှိခဲ့ဘူး။မိဘတွေကလည်း သူ့ကိုသေသေချာချာသင်ပေးနိုင်လောက်အောင် ပညာတတ်တွေမဟုတ်ခဲ့ဘူး။သူ့ရဲ့ English Skillတွေတိုးတက်ဖို့ သူကိုယ်တိုင်ခက်ခက်ခဲခဲကြိုးစားအားထုတ်ခဲ့ရတယ်။အဲ့ဒီအချိန်က Englishကိုသူလေးလေးနက်နက်လေ့လာခဲ့တာ ဟာခုလို ကမ္ဘာကျော်ဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့လို့မဟုတ်။ Englishဟာ နောင်တစ်ချိန် အသုံးဝင်လာမယ်ဆိုတဲ့အသိလေးကြောင့်သူလေ့လာခဲ့တာ။နောက်ပိုင်းမှာ သူဟာ ပြည်တွင်းတက္ကသိုလ်တစ်ခု၌အင်္ဂလိပ်စာဆရာ ဖြစ်လာခဲ့တယ်။ယခုဆိုရင် သူရဲ့အင်္ဂလိပ်လို ဟောပြောမှုတွေဟာ ကမ္ဘာ့နိုင်ငံ အများအပြားမှာ အလွန်ပဲထင်ရှားကျော်ကြားနေပြီဖြစ်တယ်။ သူဟာကျောင်းစာဘက်မှာတော့သိပ်မတော်ခဲ့ပါဘူး။သာမန်ကျောင်းသားတွေ (၅)နှစ်နှင့်အောင်တဲ့မူလတန်းကိုသူက(၇)နှစ်တက်ခဲ့ရတယ်။ တက္ကသိုလ်ဝင်တန်းကို(၃)ကြိမ်တိုင်တိုင်ကျပြီးမှ နောက်ဆုံးလေးကြိမ်မြောက်မှာမှ အောင်ခဲ့တယ်။ပထမ အကြိမ်ကျတုန်းကဆိုရင် သူ့ရဲ့ သင်္ချာရမှတ်ဟာ ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။သူ့ရဲ့မိဘတွေဟာ သူ့ကိုဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ သူ့ရဲ့ဦးနှောက်အတွေးအခေါ်တွေကို သူများနဲ့မတူဘဲစဉ်းစားတွေးခေါ်တတ်အောင် သူဟာ ငယ်ကတည်းကလေ့ကျင့်ခဲ့တယ်။ သူဟာကျောင်းမှာသင်ရတဲ့ သင်ခန်းစာတွေထဲမှ အကြောင်းအရာတွေနဲ့ နိုင်ငံခြားခရီးသွားတွေဆီကကြားရတဲ့ အရာတွေဟာ ကွဲပြားခြားနာနေတာတွေ့ခဲ့ရတယ်။ ဥပမာ ကျောင်းစာအုပ်ထဲက အမေရိကန်နိုင်ငံအကြောင်းနဲ့ နိုင်ငံခြားသားတွေပြောပြတဲ့ အမေရိကန်ဟာ ကွဲပြားနေတာသူသတိထားမိတယ်။အမှားအမှန်ကို ဆုံးဖြတ်ဖို့သူ့ရဲ့ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုတတ်လာခဲ့တယ်။တစ်ချို့သောသူ့ရဲ့အတွေးအခေါ်တွေ ဟာ ဆရာ၊ဆရာမတွေ၊မိဘတွေနဲ့ မတူဘဲ လုံးဝကို ကွဲပြားနေတတ်တယ်။ဘယ်လို အကြောင်းအရာကိစ္စကိုမဆို လူအများကအမှန်ဆိုတိုင်း သူကလိုက်ပြီးအမှန်မလုပ်ဘူး၊ အမှားဆိုတိုင်းလည်းလိုက်ပြီး အမှားမလုပ်ဘူး၊၊ လူအများကအကောင်းဆိုတိုင်းလည်း လိုက်မကောင်းဘူး၊အဆိုးဆိုတိုင်းလည်း လိုက်မဆိုးဘူး။တစ်စုံတစ်ယောက်က အကြောင်အရာတစ်ခုကို ပြောလိုက်တဲ့အခါသူ့ကိုယ်ပိုင် ဦးနှောက်နဲ့ နှစ်မိနစ် သုံးမိနစ်ခန့်အချိန်ယူစဉ်းစားလိုက်တယ်။ မှန်သလား၊မှားသလား၊ကောင်းသလား၊ဆိုးသလားဆိုတာထက် အခြားသူတွေနဲ့မတူအောင်ဘယ်လိုစဉ်းစားလို့ရမလဲ၊မတူအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာကို သူအမြဲစဉ်းစားခဲ့တယ်။ အဲ့ဒီလို စဉ်းစားတွေးခေါ်တတ်မှုဟာသူ့ရဲ့အလေ့အကျင့်တစ်ခုဖြစ်လာအောင်လေ့ကျင့်ယူခဲ့တယ်။ သူ့ကိုအောင်မြင်စေတဲ့ငယ်ကတည်းကအလေ့အကျင့်တစ်ခုလည်းရှိခဲ့တယ်၊၊အဲ့ဒါကတော့ ဘာပဲလုပ်လုပ်မလျှော့သော ဇွဲနဲ့ တစိုက်မတ်မတ် လုပ်တတ်တဲ့အကျင့်ပါပဲ။သူဟာ စာမေးပွဲတွေ အကြိမ်ကြိမ်ကျတယ်။ ဒါပေမယ့်ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ တစ်ခါနဲ့မရရင်နှစ်ခါကြိုးစားတယ်၊နှစ်ခါနဲ့ သုံးခါ၊သုံးခါနဲ့မရရင် အကြိမ်ကြိမ်ကြိုးစားတယ်။ သူ့ရဲ့ငယ်ကတည်းက အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ဟာ ဆင်းရဲတဲ့ ဘဝကနေပြီး အခုလို ကြိယ်ဝချမ်းသာတဲ့ဘီလီယံနာကြီး ဖြစ်လာရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပဲ။ပြီးတော့ သူဟာ ငယ်ငယ်ကတည်းက လူတွေကိုကူညီတတ်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တယ်။ အကျိုးအမြတ်လိုချင်တာတစ်ခုတည်းနဲ့ ကူညီတာမျိုးမဟုတ်ဘဲ လူတွေအဆင်ပြေစေဖို့အတွက် စေတနာနဲ့ ကူညီတာမျိုး ငယ်ကတည်းကသဘောကျနှစ်သက်ခဲ့တယ်။ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို သူဟာငယ်ကတည်းကလေ့ကျင့်ပျိုးထောင်ခဲ့တယ်။အဲ့လိုလုပ်ခဲ့တာဟာ ခုလို ကြွယ်ချမ်းသာချင်လို့မဟုတ်ခဲ့ပါဘူး….ကောင်းတာလုပ်ရင်ကောင်းကျိုးတွေဖြစ်လာမယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ..တဲ့..။ ။ credit : online lawka