How To

သင်္ဘောဖြင့် အမေရိကားဆိပ်ကမ်းကိုရောက်လျှင်

သင်္ဘောဖြင့် အမေရိကားဆိပ်ကမ်းကိုရောက်လျှင် google

သင်္ဘောဖြင့်အမေရိကားဆိပ်ကမ်းကိုရောက်လျှင်

 

၁။ Immigration Officer မှ Shore pass ထုတ်ပေးမှ ကမ်းဆင်းခွင့်ရှိပါသည်။  များသောအာဖြင့်ဗီဇာပါမှ Shore pass ထုတ်ပေးပါသည်။ ဗီဇာမပါဘဲထုတ်ပေးသည်များလည်း ရှိပါသည်။ Shore pass သည်(၂၉)ရက်သက်တမ်းရှိပါသည်။ အမေရိကားဆိပ်ကမ်းများတွင် နိုင်ငံခြားမထွက်ဘဲ ဆက်တိုက်(၂၉)ရက်ပြည့်ပါက သက်တန်းကုန်ပြီး ကမ်းဆင်းခွင့်မရတော့ပါ။ နောက်တခါ နိုင်ငံခြားထွက်ပြီးပြန်ဝင်မှ Shore pass အသစ်(၂၉)ရက်စာ ထုတ်ပေးပါသည်။

 

၂။ ကမ်းနားဆင်းလျှင်(၁) Shore pass(၂) Photo ID ပါရပါမည်။ အကောင်းဆုံးက Passport ထဲက ဓါတ်ပုံပါတဲ့စာမျက်နှာကို photostat ကူးပြီးယူသွားပါ။ Passport ကိုလုံးဝကမ်းနားကိုယူမသွားပါနဲ့။

 

၃။ မည်သူမဆိုဆိပ်ကမ်းထဲတွင် လမ်းဘဲလျှောက်လျှောက် ကားနဲ့ဘဲသွားသွား TWIC Card ( Transport Workers Identification Credential) ပါရပါမည်။ TWIC မရှိပါက TWIC Escort Card ရှိသူနှင့်သွားရပါမည်။ Taxi မောင်းသူ၊ ဆိပ်ကမ်းထဲသွား shuttle ferry car မောင်းသူများတွင်ရှိပါသည်။ Seafarers Center မှလူများတွင်လည်း ရှိပါသည်။

 

၎။ Tankers Terminals များသို့အလုပ်မရှိဘဲ သက်သက်အလည်သွားလိုသူများကို ခွင့်မပြုပါ။ သို့သော် ရိုးရိုးကုန်တင်သင်္ဘောများရပ်သည့်နေရာတွင် ရပ်ထားပါက သွားလည်လို့ရပါသည်။

 

သင်္ဘောကိုအလည်သွားနိုင်ရန်သင်္ဘော Captain မှ သင်္ဘော Agent ကိုအမည်နှင့် ID number ပေးပြီး သင်္ဘောရဲ့ Gate List တွင် ဧည့်သည်အဖြစ်ထည့်ပေးထားရပါမည်။ ဧည့်သည်မှာ TWIC မရှိပါက TWIC Escort ရှိသော Taxi ကိုငှါးပြီးသွားရပါမည်။ Gate List တွင်ပါသောအမည်စာလုံးပေါင်းနှင့် ID ကစာလုံးပေါင်းတူရပါမည်။

 

Source : Myanmar Seamen Union

 

Myanmar Logistics Guide

 

 

 
Read times
Rate this item
(1 Vote)