How To

" အနာဂါတ် မြန်မာ့ရေကြောင်းလောက “

" အနာဂါတ် မြန်မာ့ရေကြောင်းလောက “ google

Q : အနာဂါတ်မှာ မြန်မာသင်္ဘောသား နှင့် မြန်မာ့ရေကြောင်းလော က တိုးတက်လာဖို့ရှိပါသလား ?

 

A : မရှိလောက်ပါဘူးခင်ဗျာ ။

 

မကြာမီ ကာလမှာ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း)ဘဝ တစ်ဆစ်ချိုး အတွက် အောင်စရင်းကြီး ထွက်လာတော့မယ်။ဂုဏ်ထူး အများအပြား နဲ့ ညီငယ်/ညီမငယ်တွေ လဲကျနော် တို့ ရေကြောင်း ရဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ် ဖြစ်တဲ့ MMU ကို ဦးစားပေး ရွေးချယ်ဖို့စဉ်းစားနေကြတဲ့သူတွေ ရှိကောင်း ရှိနိုင်ပါတယ် ။

 

Q; MMU ကို ရွေးချယ်ရင် မှန်နိုင်လား?

 

A; ဟုတ် မှန်နိုင်ပါတယ်။ သင်္ဘောသား ခေတ်ပျက်တယ်ဆိုပေမယ့် MMU ကျောင်းဆင်းအရာရှိတွေအတွက်က နေရာတွေ ရှိနေတုန်းပါ ။

 

သင်္ဘောမလိုက်ချင်လို့ ကုန်းပေါ်ပြောင်းမယ်ဆိုလဲအဆင်ပြေပါတယ် ဥပမာ( Ocean Tanker SG) မှာCargo Officer အနေနဲ့ လဲ အလုပ်ရပါသေးတယ်။

 

သင်္ဘောမလိုက်တဲ့ Major တွေ Naval Architect တို့Port and Harbour တို့နဲ့ ပြီးတဲ့သူတွေဆိုရင် ခုဆိုဂျပန်တို့ အနောက်ဥရောပ နိုင်ငံတွေ ဒါမှမဟုတ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နိုင်ငံခြား Docking တွေမှာ ရာထူး မြင့်မြင့် လစာ များများ နှင့် အလုပ်လုပ်နေကြပါပြီ။ သင်္ဘောလိုက်တာ ဝါသနာ ပါတယ်ဆိုရင်တော့ NS or ME တို့ကို ရွေးပေါ့ မဟုတ်ရင်တော့တခြား Major ရွေးပေါ့MMU လောက် အမှတ်မမြင့် ဒါပေမယ့် အမှတ်အနေထားအရ 420 အထက် ပျမ်းမျှခေါ်လေ့ရှိသော IMT (or) MMMC ကောလိပ်ကျောင်းပါ

 

Q: အန်တီသား က အမှတ်လဲကောင်းတယ် ဘာတက်ရမှန်းမသိဘူး ဖြစ်နေတယ် အဲ့တာသားတို့လို MMMC ကို တက်ခိုင်းရင်ကောင်းမလား ?

 

A: **ကျနော်တစ်ဦးတည်း ရဲ့ personal အဖြေပါ**

 

⛔️ NO ပါ ⛔️

 

သင်္ဘောသား လောက ပျက်သုန်း ခဲ့ပါပြီ ရှင်ပြုတုန်း က ရွှေထီး ဆောင်းခဲ့တာတွေ ပြန်ပြောနေလဲ ကောင်းလာဖို့ လမ်းမမြင်ပါဘူး။ဒီကျောင်းကြီး က မွေးထုတ်ပေးလိုက်တဲ့ Capt ကြီးတွေ အရာရှိ ကြီးတွေ အင်ဂျင်နီယာကြီးတွေ အများကြီး ပါ ။ ခု မျက်မှောက် ခေတ် အခြေနေရ ညီငယ်Junior တွေ စဉ်းစားရတော့မယ့် အပိုင်းတွေ အများကြီး ပါလာပြီ။ ကျောင်းဆင်း MMMC တိုင်း အလုပ်မရနိုင်ပါဘူး ။

 

အရာရှိအောင်ပြီး ရင် ပိုလို့တောင်အလုပ်ရှားသွား ပြန်ရော ??‍♂️ကုန်းပေါ်အလုပ် ပြောင်းကြည့်မယ်ဆိုရင်လဲMMMC က diploma ပဲ ပေးတာပါ ဘွဲ့မဟုတ်ပါဘူး ညီငယ်တို့ အဲ့တာက အသက်ပါညီငယ်တို့ အနေနဲ့ ကိုယ်လဲ တကယ်ဝါသနာပါအဖေ က လဲ သူကြီး/စက်ချူပ် အနေထားဆိုရင်တော့ MMMC ကို တက်ပါ။ ကိုယ့်မှာ cadet ဘဝ ကနေ senior ဖြစ်တဲ့အထိ မအေးအေးဝင်း စီစဉ်တဲ့အတိုင်း ဖြစ်လာမယ့် company အပိုင်ရှိရင် လုပ်ပါကိုယ့်မှာ background က မရှိ ကျောင်းဆင်းတော့လဲ Roll မကောင်းရင်တော့ ညီလေးတို့ဘဝ က လမ်းဘေး ပွဲစား ကြားလိုင်း တွေ ရိုက်ကြေးပေးရတဲ့လိုင်းတွေဆီ ရောက်ဖို့က ၈၀ % ရှိပါတယ်။


အဲ့တော့ စဉ်းစားကြပါ ။ ခုလက်ရှိ အခြေနေကိုသေချာ စုံစမ်းပါ။


** Think Twice make one decision**

 

ဆယ်တန်း အမှတ်မှာ ရေကြောင်း ကျောင်း ၂ ခု လုံး အမှတ်မမှီ သင်္ဘောသား လုပ်မယ်ဆိုရင်တော့ETR / ETO လိုင်းကို ရွေးဖို့ အကြံ ပြုပရစေရိုးရိုး ဆယ်တန်းအောင် / ဘွဲ့ရတွေ အနေနဲ့သင်္ဘောသား crew ဘဝကနေ အရာရှိ ဖြစ်ဖို့ က ထင် သလောက် မလွယ်တော့ပါဘူး။ ထူနည်းတူပဲ RIT
TU က နေ ဆင်းလို့ Engine side လဲ demand အရမလွယ်ကူတော့ပါဘူး။BE(EP),AGTI(EP), Bsc physics တို့ကတော့ ETR/ ETO အနေနဲ့ အခွင့်လမ်းတွေ ရှိနေပါသေးတယ်

 

အနှစ်ချူပ် ပြောရရင်တော့ သင်္ဘောသား လောက ကိုဝင်မယ်ဆိုရင်တော့ လက်ရှိ DMA က စရင်းရှိ သင်္ဘောသားဦးရေ ၁ သိန်းကျော်မှာ ၃ နီးနီးပဲ အလုပ်ရတာ ကိုထည့်သွင်းစဉ်းစားကြပါ။ရန်ကုန်မှာလဲ အခြားသော အလုပ်များလဲ လစာ ကောင်းကောင်း နဲ့ မိသားစု နဲ့ မကွဲကွာ နေရပါတယ်ရှင်ပြုတုန်းက ရွှေထီဆောင်းခဲ့တာတွေ ကျန်ခဲ့ပါပြီ။

 

Myanmar Seamen Union

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)