ဂျပန်နိုင်ငံအစိုးရမှ အထူးထောက်ပံ့ကြေးငွေ ယန်း(၁)သိန်း ပေးအပ်မည့်အစီအစဉ်အား
အသိပေးကြေညာချက်နှင့် ပတ်သက်၍ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ကြေညာချက် ထုတ်ပြန်ထားပါသည်။
တစ်ဆက်တည်းမှာပင် လိမ်လည်လှည့်ဖျားပြီး ငွေရယူမည့်အရေးကို သတိထားအတွက်လည်း တင်ပြထားပါသည်။
ဂျပန်နိုင်ငံအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအခြေအနေကို တုံ့ပြန်သောအားဖြင့် ဂျပန်နိုင်ငံ ၌ နေထိုင်သူများအတွက် (၁)ဉီးလျှင် ယန်း(၁)သိန်းစီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယန်း(၁)သိန်း ရရှိနိုင်သူများမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် “နေထိုင်သူအခြေခံမှတ်ပုံတင် စာရင်း” (Juuminkihondaicho) တွင် စာရင်းပါရှိသူ နိုင်ငံခြားသားများအတွက်လည်း အကျုံးဝင်ပါသည်။
ဂျပန်နိုင်ငံ၊ နိုင်ငံခြားသားအလုပ်သင် သင်တန်းသားလေ့ကျင့်ရေး အဖွဲ့အစည်း (Organization for Technical Intern Training-OTIT)၏ ဖော်ပြချက်အရ အထက်ပါအထူးထောက်ပံ့ကြေးငွေတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့အထိ နေထိုင်သူအခြေခံ မှတ်ပုံတင်စာရင်းဝင် အလုပ်သင်သင်တန်းသား (Technical Intern Trainees)များလည်း အကျုံးဝင်ပါကြောင်း သိရှိရပါသည်။
ထို့ကြောင့် သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီ သည့် မြန်မာနိုင်ငံသား အလုပ်သင် သင်တန်းသားများအနေဖြင့် လက်ရှိနေထိုင်သည့်မြို့၌ နေထိုင်ကြောင်းစာရင်း မှတ်ပုံတင် ထားရှိသော အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ထောက်ပံ့ကြေးငွေ ရယူနိုင်ရန် လျှောက်လွှာပုံစံ ကြိုတင်ပေးပို့မည် ဖြစ်ပါသည်။ အဆိုပါလျှောက်လွှာပုံစံတွင် လျှောက်ထားသူ၏အမည်၊ မွေးနေ့၊ နေထိုင် သည့် လိပ်စာနှင့် ငွေလွှဲထည့်ရန် ဘဏ်စာရင်းတို့အား အပြည့်အစုံ ရေးသားဖော်ပြ၍ အုပ်ချုပ်ရေးမှူးရုံး သို့ ပြန်လည်ပေးပို့ရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ပြင် ဘဏ်စာရင်းနှင့် ကာယကံရှင် ဖြစ်ကြောင်း အတည်ပြုနိုင်သော စာရွက်စာတမ်းမိတ္တူကိုလည်း တစ်ပါတည်းပေးပို့ရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ My Numberကဒ်ပြား ရှိသူဖြစ်ပါက အွန်လိုင်းမှတစ်ဆင့်လည်း လျှောက်ထားနိုင် ပြီး၊ https://myna.go.jp/SCK0101_01_001/SCK0101_01_001_InitDiscsys.form တွင် လေ့လာဖတ်ရှု နိုင်ပါသည်။ လျှောက်လွှာပေးပို့မည့်နေ့၊ ထောက်ပံ့ငွေရရှိမည့်နေ့များမှာ နေထိုင်သည့်မြို့နယ်များ အလိုက် ကွဲပြားမှုရှိမည် ဖြစ်ပါသည်။
နိုင်ငံခြားသားများ၏ “နေထိုင်သူအခြေခံမှတ်ပုံတင်စာရင်း ”နှင့်စပ်လျဉ်း၍ အသေးစိတ်ကို https://www.soumu.go.jp/main_sosiki/jichi_gyousei/c-gyousei/zairyu/index.htmlတွင်လေ့လာ နိုင်ပါသည်။ နေထိုင်သူအခြေခံ မှတ်ပုံတင် စာရင်းနှင့်စပ်လျဉ်း၍ သိရှိလိုလျှင် တယ်လီဖုန်း အမှတ်၊ ၀၅၇၀-၀၆၆-၆၃၀ နှင့် ၀၃-၆၄၃၆-၃၆၀၅ အား နံနက် ၀၈၃၀ နာရီမှ ၁၇၃၀ နာရီအချိန်အထိ ဆွေးနွေး တိုင်ပင်နိုင် ကြောင်း အသိပေးအပ်ပါသည်။
မြန်မာသံရုံး၊ တိုကျိုမြို့
၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်။
ZAWGYI
ဂ်ပန္ေရာက္ ျမန္မာမ်ားအတြက္ ဂ်ပန္အစိုးရ ေထာက္ပံ့ေၾကး ယန္း(၁)သိန္း ေပးအပ္မည့္အစီအစဥ္ႏွင့္ ပတ္သက္၍ ထုတ္ျပန္ေၾကညာ
ဂ်ပန္ႏိုင္ငံအစိုးရမွ အထူးေထာက္ပံ့ေၾကးေငြ ယန္း(၁)သိန္း ေပးအပ္မည့္အစီအစဥ္အား အသိေပးေၾကညာခ်က္ႏွင့္ ပတ္သက္၍ တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ေၾကညာခ်က္ ထုတ္ျပန္ထားပါသည္။
တစ္ဆက္တည္းမွာပင္ လိမ္လည္လွည့္ဖ်ားၿပီး ေငြရယူမည့္အေရးကို သတိထားအတြက္လည္း တင္ျပထားပါသည္။
ဂ်ပန္ႏိုင္ငံအစိုးရသည္ ကို႐ိုနာဗိုင္းရပ္စ္ျပန္႔ပြားမႈအေျခအေနကို တုံ႔ျပန္ေသာအားျဖင့္ ဂ်ပန္ႏိုင္ငံ ၌ ေနထိုင္သူမ်ားအတြက္ (၁)ဉီးလွ်င္ ယန္း(၁)သိန္းစီ ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံ၊ ျပည္ထဲေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့ပါသည္။ ယန္း(၁)သိန္း ရရွိႏိုင္သူမ်ားမွာ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၂၇ ရက္ေန႔တြင္ “ေနထိုင္သူအေျခခံမွတ္ပုံတင္ စာရင္း” (Juuminkihondaicho) တြင္ စာရင္းပါရွိသူ ႏိုင္ငံျခားသားမ်ားအတြက္လည္း အက်ဳံးဝင္ပါသည္။
ဂ်ပန္ႏိုင္ငံ၊ ႏိုင္ငံျခားသားအလုပ္သင္ သင္တန္းသားေလ့က်င့္ေရး အဖြဲ႕အစည္း (Organization for Technical Intern Training-OTIT)၏ ေဖာ္ျပခ်က္အရ အထက္ပါအထူးေထာက္ပံ့ေၾကးေငြတြင္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၂၇ ရက္ေန႔အထိ ေနထိုင္သူအေျခခံ မွတ္ပုံတင္စာရင္းဝင္ အလုပ္သင္သင္တန္းသား (Technical Intern Trainees)မ်ားလည္း အက်ဳံးဝင္ပါေၾကာင္း သိရွိရပါသည္။
ထို႔ေၾကာင့္ သတ္မွတ္ထားသည့္ အခ်က္အလက္မ်ားႏွင့္ ကိုက္ညီ သည့္ ျမန္မာႏိုင္ငံသား အလုပ္သင္ သင္တန္းသားမ်ားအေနျဖင့္ လက္ရွိေနထိုင္သည့္ၿမိဳ႕၌ ေနထိုင္ေၾကာင္းစာရင္း မွတ္ပုံတင္ ထားရွိေသာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ ေနအိမ္သို႔ ေထာက္ပံ့ေၾကးေငြ ရယူႏိုင္ရန္ ေလွ်ာက္လႊာပုံစံ ႀကိဳတင္ေပးပို႔မည္ ျဖစ္ပါသည္။ အဆိုပါေလွ်ာက္လႊာပုံစံတြင္ ေလွ်ာက္ထားသူ၏အမည္၊ ေမြးေန႔၊ ေနထိုင္ သည့္ လိပ္စာႏွင့္ ေငြလႊဲထည့္ရန္ ဘဏ္စာရင္းတို႔အား အျပည့္အစုံ ေရးသားေဖာ္ျပ၍ အုပ္ခ်ဳပ္ေရးမႉး႐ုံး သို႔ ျပန္လည္ေပးပို႔ရန္ လိုအပ္မည္ ျဖစ္ပါသည္။ ထို႔ျပင္ ဘဏ္စာရင္းႏွင့္ ကာယကံရွင္ ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ေသာ စာ႐ြက္စာတမ္းမိတၱဴကိုလည္း တစ္ပါတည္းေပးပို႔ရန္ လိုအပ္မည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ My Numberကဒ္ျပား ရွိသူျဖစ္ပါက အြန္လိုင္းမွတစ္ဆင့္လည္း ေလွ်ာက္ထားႏိုင္ ၿပီး၊ https://myna.go.jp/SCK0101_01_001/SCK0101_01_001_InitDiscsys.form တြင္ ေလ့လာဖတ္ရႈ ႏိုင္ပါသည္။ ေလွ်ာက္လႊာေပးပို႔မည့္ေန႔၊ ေထာက္ပံ့ေငြရရွိမည့္ေန႔မ်ားမွာ ေနထိုင္သည့္ၿမိဳ႕နယ္မ်ား အလိုက္ ကြဲျပားမႈရွိမည္ ျဖစ္ပါသည္။
ႏိုင္ငံျခားသားမ်ား၏ “ေနထိုင္သူအေျခခံမွတ္ပုံတင္စာရင္း ”ႏွင့္စပ္လ်ဥ္း၍ အေသးစိတ္ကို https://www.soumu.go.jp/main_sosiki/jichi_gyousei/c-gyousei/zairyu/index.htmlတြင္ေလ့လာ ႏိုင္ပါသည္။ ေနထိုင္သူအေျခခံ မွတ္ပုံတင္ စာရင္းႏွင့္စပ္လ်ဥ္း၍ သိရွိလိုလွ်င္ တယ္လီဖုန္း အမွတ္၊ ၀၅၇၀-၀၆၆-၆၃၀ ႏွင့္ ၀၃-၆၄၃၆-၃၆၀၅ အား နံနက္ ၀၈၃၀ နာရီမွ ၁၇၃၀ နာရီအခ်ိန္အထိ ေဆြးေႏြး တိုင္ပင္ႏိုင္ ေၾကာင္း အသိေပးအပ္ပါသည္။
ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕
၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၂၁ ရက္။