နိုင်ငံတကာ သင်္ဘောသားသမဂ္ဂမှ ဇွန်လ ၁၅ ရက်ကို နောက်ဆုံးထားပြီး သင်္ဘောသားအပြောင်းအလဲများ
စီစဉ်ပေးရန်နှင့် ပျက်ကွက်ပါက နောက်ဆက်တွဲအဖြစ် စီးပွားရေး ထိခိုက်စရာများ ဖြစ်ပေါ်လိမ့်မည်ဟု သတိပေးထားသည်။ ထိုနောက်ဆုံးရက် မတိုင်ခင် နှစ်ပတ်အလိုတွင် သင်္ဘောသား အတက်အဆင်း လူလဲရန်အတွက် ဆောင်ရွက်မှုများ စတင်ပေါ်ပေါက်လာသည်။
သင်္ဘောသားများကို စင်းလုံးငှား လေယာဉ်များဖြင့် ပို့ဆောင်ပေးကြသည်။ ဒိုဟာ နှင့် ကိုလံဘို ဆိပ်ကမ်း နှစ်ခုကို အဓိကထားပြီး စီစဉ်ကြသည်။
Lockdown အကြမ်းဆုံးဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှလည်း ဥရောပရှိ ရော့တာဒမ် ဆိပ်ကမ်းသို့ လူပြောင်းလူလဲအတွက် ခရီးစဉ်တစ်ခု စီစဉ်ခဲ့ကြသည်။
သင်္ဘောပေါ်တွင် ကန်ထရိုက် ရက်စေ့ပြီးသား အိမ်ပြန်ဖို့် စောင့်နေသေ သင်္ဘောသား ၂ သိန်းဝန်းကျင်အတွက် အိမ်ပြန်ရန် လမ်းစ ပေါ်ပြီဟု ဆိုနိုင်သည်။
ပုံတွင် ဖော်ပြထားသည်မှ အိန္ဒိယနိုင်ငံ ဘုံဘေမှ ကာတာနိုင်ငံ ဒိုဟာသို့ သင်္ဘောသားများ ပို့ဆောင်သည့် ခရီးစဉ်ဖြစ်ပြီး သင်္ဘောကုမ္ပဏီ ၆ ခုမှ ပူးပေါင်းစီစဉ်ခဲ့ကြသည်။ Maersk Tankersm Mediteranean Shipping Company, BW Group, Synergy Marine, Nautilus Shipping နှင့် MMSI ကုမ္ပဏီ ၆ ခုမှ သင်္ဘောသား ၆၃ ဦးကို ပို့ဆောင်ပေးသည်။ ဒိုဟာတွင် လမ်းခွဲကြပြီး မိမိတက်ရမည့် သင်္ဘောဆီသို့ ခရီးဆက်ကြမည် ဖြစ်သည်။
ဒိုဟာနှင့် ကိုလံဘိုတို့သည် အချက်အချာကျသော လေဆိပ်များအဖြစ် သတ်မှတ်ထားပြီး သင်္ဘော တက်မည့်သူများ စေလွှတ်ခြင်းနှင့် သင်္ဘော ဆင်းမည့်သူများ ပြန်ခေါ်ခြင်းတို့ကို အလျဉ်းသင့်ရာ သင်္ဘောကုမ္ပဏီများ စုပေါင်းလုပ်ကိုင်ကြမည် ဖြစ်သည်။
လိုက်လျောချက်တစ်ခုမှာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် သင်္ဘောဆီသို့ ခရီးဆက်ရန်အတွက် သင့်တော်သည့်အချိန်ကို စောင့်ဆိုင်းရန် အချိန် ၂၂ နာရီကြာ လေဆိပ်တွင် နေခွင့်ပြုသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမှ ရော့တာဒမ်သို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်ကိုလည်း ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ Wilhelmsen, V Ship, Magsaysay, Global Marine Travel, PTC Group နှင့် Inchcape တို့က ဆောင်ရွက်ခဲ့သည်။
ဤသည်မှာ သင်္ဘောသား လူပြောင်းလူလဲအတွက် 'ပုံမှန်အသစ်' New Normal ဟု ခေါ်ဝေါ်ကြသည်။
သင်္ဘောသားအပြောင်းအလဲများ စင်းလုံးငှားလေယာဉ်ဖြင့် စတင်ဆောင်ရွက်