How To

လေယာဉ်ပျံတက်ခြင်းနှင့်ဆင်းသက်ခြင်းသည်အဘယ်ကြောင့်အလွန်အန္တရာယ်များသနည်း

Boeing ၏ သုတေသနမှ ရရှိသည့် အချက်အလက်များအရ လေယာဉ် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း တို့သည်

လေကြောင်းခရီးစဉ်၏ အခြားအပိုင်းများထက် အန္တရာယ် ပိုကြီးမားသည်။

လူသေသည့် လေယာဉ် မတော်တဆမှု အားလုံး၏ ၄၉% သည် နောက်ဆုံး ဆင်းသက်ချိန်တွင် ဖြစ်ပွားခဲ့ပြီး ၁၄ % သည် ကွင်းမှ ပျံတက်စဉ်နှင့် အမြင့်သို့ တက်နေစဉ်  ဖြစ်ပွားခဲ့သည်။

လေယာဉ်ဆင်းသက်စဉ် မြေပြင်နှင့်နီးကပ်နေပြီး လေယာဉ်သည် လျင်မြန်စွာရွေ့လျားနေသဖြင့် လေယာဉ်မှူးများသည် မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် ပြဿနာများကို ဖြေရှင်းရန် အချိန်နည်းပါးနေသောကြောင့် ဖြစ်သည်။ 

သို့သော်ငြားလည်း ခရီးသည်များ အသက်မသေဘဲ လေယာဉ် မတော်တဆမှုမှ လွတ်မြောက်ရန် ဖြစ်နိုင်ခြေမှာ ၉၅% ရှိကြောင်း တွေ့ရသည်။

ပျမ်းမျှအားဖြင့် ပျံသန်းသည့် လေကြောင်း ခရီးစဉ် ၂ သန်းခွဲတွင် တစ်ကြိမ်သာ လူသေသည့် လေယာဉ် မတော်တဆမှု ဖြစ်ပွားသည်။ 

 ၁ နာရီခွဲကြာမြင့်သည့် ခရီးစဉ်ကို ၅ ပိုင်းပိုင်းခြားပြီး ကြည့်လျှင်  

ကွင်းမှ စတင်ထွက်ခွာ ပျံတက်သည့် အပိုင်းသည် ခရီးစဉ် တစ်ခုလုံး၏ ၂ %  မျှသာ ရှိသည်။ သို့သော် လူသေသည့် လေယာဉ် မတော်တဆဖြစ်မှု ၁၄ % ရှိသည်။

လေထဲ အမြင့်တစ်နေရာတွင် ပျံသန်းနေစဉ် ပျက်ကျပြီး လူသေသည်မှာ ၁၁ % ရှိသည်။

လေယာဉ်ကွင်းသို့ ဆင်းသက်ပြီး မြေပြင်နှင့် ထိသည့်အပိုင်းသည် ခရီးစဉ် တစ်ခုလုံး၏ ၄ % ခန့် ရှိသည်။ သို့ဖြစ်ရာ  စတင်ထွက်ခွာ ပျံတက်သည့် အပိုင်းထက် ၂ ဆ ရှိသည်။ ဤအပိုင်းတွင် လူသေသည့် လေယာဉ် မတော်တဆဖြစ်မှု ၄၉ % ရှိသည်။

သို့ဖြစ်ရာ ဆင်းသက်ချိန်တွင် လူသေသည့် လေယာဉ် မတော်တဆဖြစ်မှု အများဆုံး ဖြစ်သည်။

လေယာဉ် ဆင်းသက်ချိန်တွင် အမြန်နှုန်းသည် အနည်းဆုံး တစ်နာရီ မိုင်တစ်ရာ ရှိသည်။ တစ်စုံတစ်ရာ ပြဿနာဖြစ်လျှင် လေယာဉ်မှူးများ အနေဖြင့် စဉ်းစားချိန် သိပ်မရချေ။ ကီလိုဂရမ် တစ်သိန်း ခုနစ်သောင်းကျော် လေးသော သတ္တုယာဉ်ပျံကို ထိန်းကျောင်းဖို့မှာလည်း ပုံမှန် မဟုတ်တော့သည့်အခါ ခက်ခဲသည်။  မြေပြင်ဆီသို့ သက်ဆင်းနေစဉ် တိုက်နေသည့် လေကလည်း သက်ရောက်မှု ကြီးမားသည်။ နောက်ဆုံးစက္ကန့် အဆုံးအဖြတ်များဖြင် ဗွေဖောက်သည်ကို ရင်ဆိုင်ကြရပြီး မြေပြင်ကို လေယာဉ်က ဝင်တိုက်မိသည့်အဖြစ်သို့ ရောက်ရှိသည်။

Read times
Rate this item
(3 votes)