ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု တားဆီးရန် ကမ္ဘာ့အနှံ့ ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့်
သင်္ဘောသား နှစ်သိန်းကျော်တို့သည် သင်္ဘောပေါ်တွင် စာချုပ်သက်တမ်း ပြည့်ပြီးဖြစ်သော်လည်း သင်္ဘောများပေါ်တွင် ဆက်လက်လုပ်ကိုင်နေကြရသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်သို့ ပင်လယ်ရေကြောင်းနှင့် သင်္ဘောသား သမဂ္ဂခေါင်းဆောင်များက ပေးပို့ခဲ့သော စာတွင် "လူသားချင်းစာနာမှုဆိုင်ရာ အရေးအခင်း" ကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ဖြေရှင်းရန် တောင်းဆိုခဲ့သည်။
ယခုအခါ သင်္ဘောသား လူပြောင်းလူလဲ အတက်အဆင်းများကို တင်းကျပ်သော စည်းကမ်းချက်များဖြင့် လုပ်ဆောင်ခွင့်များ ရရှိလာပြီဖြစ်သည်။
ဟောင်ကောင်အခြေစိုက် သင်္ဘောအုပ်စုစီမံရေးလုပ်ငန်းတစ်ခုသည် သင်္ဘော ၃၄ စီးမှ လူလဲမည့် သင်္ဘောသား ၄၃၂ ဦးအတွက် အပြောင်းအလဲများကို အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်း ၁၂ ခုတွင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ အဆိုပါ သင်္ဘောအုပ်စုစီမံရေးလုပ်ငန်းသည် ကမ္ဘာတစ်လွှားတွင် သင်္ဘောသား ၁၁ ၂၇ ဦးကို လူလဲပေးနိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအထဲတွင် တရုတ်နိုင်ငံတွင် လူပြောင်းလူလဲ ဆောင်ရွက်ပေးခဲ့သည်မှာ ၆၀၉ ဦး ရှိပြီး ဖိလစ်ပိုင်တွင် ၈၄ ဦး ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမှ ကာတာနိုင်ငံ ဒိုဟာဆိပ်ကမ်းသို့ သင်္ဘောသား ၁၂၁ ဦး တင်ဆောင်သည့် စင်းလုံးငှားလေယာဉ်ဖြင့် စီစဉ်ပေးခဲ့သည်။ ပြင်သစ်၊ ဖင်လန်နှင့် တောင်ကိုရီးယားနိုင်ငံများတွင်လည်း သင်္ဘောသား အတက်အဆင်းများ ဆောင်ရွက်ပေးနေသည်။ ထိုအပြောင်းအလဲများသည် ဒိုဟာတွင် စုရပ်ပြုပြီး ထိုမှတစ်ဆင့် နယူးဒေလီသို့ ပြန်ကြရမည် ဖြစ်သည်။
အိန္ဒိယနိုင်ငံမှ သင်္ဘောသားများကို ဒိုဟာနှင့် သီရိလင်္ကာနိုင်ငံမှ ကိုလံဘို လေဆိပ်တို့ကို ဆုံရပ်ပြုပြီး လူပြောင်းလူလဲ ဆောင်ရွက်ပေးနေသည်။
ကိုလံဘိုတွင် သင်္ဘော လာတက်သည့် သင်္ဘောသားများကို ၅ ရက်အထိ နေခွင့်ပေးပြီး တက်ရမည့် သင်္ဘော ကိုလံဘို ဆိပ်ကမ်း ရောက်ရှိလာမည်ကို စောင့်ဆိုင်းနိုင်မည် ဖြစ်သည်။
ကိုလံဘိုတွင် သင်္ဘောဆင်းသည့် သင်္ဘောသားများသည် စင်းလုံးငှားလေယာဉ်ကို စောင့်ဆိုင်းရာ၌ ကိုလံဘိုတွင် ခုနစ်ရက်အထိ နေခွင့်ပေးသည်။
ကာတာနိုင်ငံတွင် လေယာဉ်စီးရမည့် သင်္ဘောသားများကို လေယာဉ်စောင့်ဆိုင်းရန် လေဆိပ်တွင် ၂၂ နာရီအထိ နေခွင့်ပေးသည်။
နော်ဝေးမှ OSM Maritime Group သည် နော်ဝေးနိုင်ငံ ဘာဂျင်မှ ဖိလစ်ပိုင်နိုင်ငံ မနီလာသို့ သင်္ဘောသား ၁၅၀ ဦးအတွက် လေယာဉ် စီးလုံးငှားပြီး ပို့ဆောင်ပေးခဲ့သည်။
ခရီးအစ်မှ အဆုံးအထိ ကိုရိုနာဗိုင်းရပ်စ် ဆေးစစ်ခြင်း၊ ဇီဝလုံခြုံစွာ တည်းခိုနေထိုင်ခြင်းနှင့် လေယာဉ်စီးခြင်း အပါအဝင် ကိုဗစ်ကူးစက်မှု ကာကွယ်ရေး အစီအမဲံများ တောက်လျှောက်လိုက်နာဆောင်ရွက်ရသည်။
ယခင်သတင်းဆောင်းပါး ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ
သင်္ဘောသားအပြောင်းအလဲများ စင်းလုံးငှားလေယာဉ်ဖြင့် စတင်ဆောင်ရွက်
သေဘၤာသား အေျပာင္းအလဲမ်ား အရွိန္ျမႇင့္တင္ ေဆာင္႐ြက္
ကို႐ိုနာ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈ တားဆီးရန္ ကမာၻ႔အႏွံ႔ ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္မ်ားေၾကာင့္ သေဘၤာသား ႏွစ္သိန္းေက်ာ္တို႔သည္ သေဘၤာေပၚတြင္ စာခ်ဳပ္သက္တမ္း ျပည့္ၿပီးျဖစ္ေသာ္လည္း သေဘၤာမ်ားေပၚတြင္ ဆက္လက္လုပ္ကိုင္ေနၾကရသည္။ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉး အန္တိုနီယို ဂူတာရက္စ္သို႔ ပင္လယ္ေရေၾကာင္းႏွင့္ သေဘၤာသား သမဂၢေခါင္းေဆာင္မ်ားက ေပးပို႔ခဲ့ေသာ စာတြင္ "လူသားခ်င္းစာနာမႈဆိုင္ရာ အေရးအခင္း" ကို ဇြန္လ ၁၅ ရက္ ေနာက္ဆုံးထားၿပီး ေျဖရွင္းရန္ ေတာင္းဆိုခဲ့သည္။
ယခုအခါ သေဘၤာသား လူေျပာင္းလူလဲ အတက္အဆင္းမ်ားကို တင္းက်ပ္ေသာ စည္းကမ္းခ်က္မ်ားျဖင့္ လုပ္ေဆာင္ခြင့္မ်ား ရရွိလာၿပီျဖစ္သည္။
ေဟာင္ေကာင္အေျခစိုက္ သေဘၤာအုပ္စုစီမံေရးလုပ္ငန္းတစ္ခုသည္ သေဘၤာ ၃၄ စီးမွ လူလဲမည့္ သေဘၤာသား ၄၃၂ ဦးအတြက္ အေျပာင္းအလဲမ်ားကို အိႏၵိယႏိုင္ငံရွိ ဆိပ္ကမ္း ၁၂ ခုတြင္ ေဆာင္႐ြက္ႏိုင္ခဲ့သည္။ သို႔ျဖစ္ရာ အဆိုပါ သေဘၤာအုပ္စုစီမံေရးလုပ္ငန္းသည္ ကမာၻတစ္လႊားတြင္ သေဘၤာသား ၁၁ ၂၇ ဦးကို လူလဲေပးႏိုင္ခဲ့ၿပီဟု ထုတ္ျပန္ေၾကညာခဲ့သည္။ ထိုအထဲတြင္ တ႐ုတ္ႏိုင္ငံတြင္ လူေျပာင္းလူလဲ ေဆာင္႐ြက္ေပးခဲ့သည္မွာ ၆၀၉ ဦး ရွိၿပီး ဖိလစ္ပိုင္တြင္ ၈၄ ဦး ရွိသည္။
သေဘၤာသားအေျပာင္းအလဲမ်ား စင္းလုံးငွားေလယာဥ္ျဖင့္ စတင္ေဆာင္႐ြက္
https://logisticsguide.com.mm/en/knowledge/how-to/224946-seafarer.html
ၿပီးခဲ့သည့္ ရက္ပိုင္းက အိႏၵိယႏိုင္ငံ နယူးေဒလီမွ ကာတာႏိုင္ငံ ဒိုဟာဆိပ္ကမ္းသို႔ သေဘၤာသား ၁၂၁ ဦး တင္ေဆာင္သည့္ စင္းလုံးငွားေလယာဥ္ျဖင့္ စီစဥ္ေပးခဲ့သည္။ ျပင္သစ္၊ ဖင္လန္ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံမ်ားတြင္လည္း သေဘၤာသား အတက္အဆင္းမ်ား ေဆာင္႐ြက္ေပးေနသည္။ ထိုအေျပာင္းအလဲမ်ားသည္ ဒိုဟာတြင္ စုရပ္ျပဳၿပီး ထိုမွတစ္ဆင့္ နယူးေဒလီသို႔ ျပန္ၾကရမည္ ျဖစ္သည္။
အိႏၵိယႏိုင္ငံမွ သေဘၤာသားမ်ားကို ဒိုဟာႏွင့္ သီရိလကၤာႏိုင္ငံမွ ကိုလံဘို ေလဆိပ္တို႔ကို ဆုံရပ္ျပဳၿပီး လူေျပာင္းလူလဲ ေဆာင္႐ြက္ေပးေနသည္။
ကိုလံဘိုတြင္ သေဘၤာ လာတက္သည့္ သေဘၤာသားမ်ားကို ၅ ရက္အထိ ေနခြင့္ေပးၿပီး တက္ရမည့္ သေဘၤာ ကိုလံဘို ဆိပ္ကမ္း ေရာက္ရွိလာမည္ကို ေစာင့္ဆိုင္းႏိုင္မည္ ျဖစ္သည္။
ကိုလံဘိုတြင္ သေဘၤာဆင္းသည့္ သေဘၤာသားမ်ားသည္ စင္းလုံးငွားေလယာဥ္ကို ေစာင့္ဆိုင္းရာ၌ ကိုလံဘိုတြင္ ခုနစ္ရက္အထိ ေနခြင့္ေပးသည္။
ကာတာႏိုင္ငံတြင္ ေလယာဥ္စီးရမည့္ သေဘၤာသားမ်ားကို ေလယာဥ္ေစာင့္ဆိုင္းရန္ ေလဆိပ္တြင္ ၂၂ နာရီအထိ ေနခြင့္ေပးသည္။
ေနာ္ေဝးမွ OSM Maritime Group သည္ ေနာ္ေဝးႏိုင္ငံ ဘာဂ်င္မွ ဖိလစ္ပိုင္ႏိုင္ငံ မနီလာသို႔ သေဘၤာသား ၁၅၀ ဦးအတြက္ ေလယာဥ္ စီးလုံးငွားၿပီး ပို႔ေဆာင္ေပးခဲ့သည္။
ခရီးအစ္မွ အဆုံးအထိ ကို႐ိုနာဗိုင္းရပ္စ္ ေဆးစစ္ျခင္း၊ ဇီဝလုံၿခဳံစြာ တည္းခိုေနထိုင္ျခင္းႏွင့္ ေလယာဥ္စီးျခင္း အပါအဝင္ ကိုဗစ္ကူးစက္မႈ ကာကြယ္ေရး အစီအမဲံမ်ား ေတာက္ေလွ်ာက္လိုက္နာေဆာင္႐ြက္ရသည္။