How To

ထိုင်းနဲ့ Travel Bubbles ခရီးသွားလာရေးဆိုင်ရာ သဘောတူညီချက်ရဖို့ နိုင်ငံတချို့ စီစဉ်နေ

ကပ်ရောဂါ ကာလအတွင်း Travel Bubbles လို့ခေါ်တဲ့ အပြန်အလှန် ခရီးသွားလာရေးဆိုင်ရာနှစ်နိုင်ငံ

သဘောတူညီချက်တွေကို ထိုင်းနိုင်ငံနဲ့အတူ ရယူဖို့ တရုတ်၊ ဂျပန် အပါအဝင် နိုင်ငံ အတော်များများက စိတ်ဝင်စားနေကြတယ်လို့ ထိုင်းနိုင်ငံက ပြောပါတယ်။

ပြည်ပခရီးသွားတွေကို တဖြည်းဖြည်းချင်း ပုံမှန်အခြေအနေရောက်အောင် ပြန်လည်လက်ခံရေး COVID 19 ထိန်းချုပ်ရေးစည်းမျဉ်းတွေကို လျှော့ပေါ့ပေးဖို့ ထိုင်းနိုင်ငံက စီစဉ်နေချိန်မှာ အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကာလ ခရီး သွာလာမှု လွယ်ကူစေရေး အပြန်အလှန် သဘောတူညီကြမယ့် အချက်တွေကို ဇွန်လ ၂၆ ရက်နေ့ အရှေ့တောင်အာရှနိုင်ငံများ အသင်း အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ထိုင်း ဝန်ကြီးချုပ်ရဲ့ လက်ထောက်အရာရှိ Bansarn Bunnag ကြာသပတေးနေ့က ပြောပါတယ်။

ဒီ ရုပ်သံ စည်းဝေးပွဲကို ထိုင်းဝန်ကြီးချုပ် Prayuth Chan-Ocha တက်ရောက်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ Travel Bubbles အစီအစဉ်ကို စမ်းသပ်ကြည့်ဖို့ တရုတ်ပြည်တွင်းက ဒေသတစ်ချို့နဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ နယူးဇီလန် နိုင်ငံတွေက ဒီ စိတ်ဝင်စားနေကြတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံ့စီးပွါးရေးရဲ့၅ ပုံ ၁ ပုံလောက်က ခရီးသွားလုပ်ငန်းကို အားထားနေရတဲ့ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းကျဆင်းခဲ့တဲ့ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အသွားအလာ ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးခဲ့သလို ပြည်တွင်း ခရီးသွားခွင့်ကို ပြန်ခွင့်ပြု ခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံအရေးပေါ်အခြေအနေကြေညာထားတာကို ဇွန်လထိ တိုးမြှင့်ထားပြီး နယ်စပ်ဒေသတွေ ပိတ်ထားဆဲ ဖြစ်သလို နိုင်ငံတကာလေယာဉ် ခရီးစဉ်တွေကိုလည်း တားမြစ်ထားပါတယ်။ COVID 19 ကို ထိန်းချုပ်နိုင်ပြီး နိုင်ငံရဲ့ နယ်စပ်တွေကို ပြန်ဖွင့်တဲ့အခါမှာ ထိုင်းနိုင်ငံအနေနဲ့ Travel Bubbles အစီအစဉ်ကို နှစ်နိုင်ငံချင်း သဘောတူညီချက်တွေနဲ့ စတင်သွားဖို့ ဝန်ကြီးချုပ် Prayuth က အရင်က ပြောထားဖူးပါတယ်။

ဒီအစီအစဉ်ကို ကျင့်သုံးမယ့်သက်ဆိုင်ရာ နှစ်နိုင်ငံစလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုကို ထိန်းချုပ် ထားနိုင်တဲ့ အခြေအနေမှာရှိဖို့ တော့ လိုအပ်မှာဖြစ်ပါတယ်။ Travel Bubbles အစီအစဉ်အရ ခရီးသွားတွေဟာ နှစ်ပတ်ကြာ Quarantine ကင်းလွတ်ခွင့် ရမှာ ဖြစ်ပါတယ်

ဗီအိုအေ

 

ထုိင္းနဲ႔ Travel Bubbles ခရီးသြားလာေရးဆုိင္ရာ သေဘာတူညီခ်က္ရဖုိ႔ ႏုိင္ငံတခ်ဳိ႕ စီစဥ္ေန

ကပ္ေရာဂါ ကာလအတြင္း Travel Bubbles လို႔ေခၚတဲ့ အျပန္အလွန္ ခရီးသြားလာေရးဆိုင္ရာႏွစ္နိုင္ငံ သေဘာတူညီခ်က္ေတြကို ထိုင္းနိုင္ငံနဲ႔အတူ ရယူဖို႔ တ႐ုတ္၊ ဂ်ပန္ အပါအဝင္ ႏုိင္ငံ အေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကတယ္လို႔ ထိုင္းနိုင္ငံက ေျပာပါတယ္။

ျပည္ပခရီးသြားေတြကို တျဖည္းျဖည္းခ်င္း ပုံမွန္အေျခအေနေရာက္ေအာင္ ျပန္လည္လက္ခံေရး COVID 19 ထိန္းခ်ဳပ္ေရးစည္းမ်ဥ္းေတြကို ေလၽွာ့ေပါ့ေပးဖို႔ ထိုင္းနိုင္ငံက စီစဥ္ေနခ်ိန္မွာ အခုလို ေျပာၾကားလိုက္တာလည္း ျဖစ္ပါတယ္။ COVID-19 ကပ္ေရာဂါကာလ ခရီး သြာလာမႈ လြယ္ကူေစေရး အျပန္အလွန္ သေဘာတူညီၾကမယ့္ အခ်က္ေတြကို ဇြန္လ ၂၆ ရက္ေန႔ အေရွ႕ေတာင္အာရွနိုင္ငံမ်ား အသင္း အစည္းအေဝးမွာ ထည့္သြင္းေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ထိုင္း ဝန္ႀကီးခ်ဳပ္ရဲ့ လက္ေထာက္အရာရွိ Bansarn Bunnag ၾကာသပေတးေန႔က ေျပာပါတယ္။

ဒီ ႐ုပ္သံ စည္းေဝးပြဲကို ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-Ocha တက္ေရာက္မွာ ျဖစ္ၿပီး ထိုင္းနိုင္ငံနဲ႔ Travel Bubbles အစီအစဥ္ကို စမ္းသပ္ၾကည့္ဖို႔ တ႐ုတ္ျပည္တြင္းက ေဒသတစ္ခ်ိဳ႕နဲ႔ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ဗီယက္နမ္နဲ႔ နယူးဇီလန္ နိုင္ငံေတြက ဒီ စိတ္ဝင္စားေနၾကတယ္လို႔လည္း သူက ေျပာပါတယ္။

နိုင္ငံ့စီးပြါးေရးရဲ့၅ ပုံ ၁ ပုံေလာက္က ခရီးသြားလုပ္ငန္းကို အားထားေနရတဲ့ ထိုင္းနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္းက်ဆင္းခဲ့တဲ့ လြန္ခဲ့တဲ့ သီတင္းပတ္ေတြအတြင္း အသြားအလာ ကန္႔သတ္ထားတာေတြကို ေျဖေလၽွာ့ေပးခဲ့သလို ျပည္တြင္း ခရီးသြားခြင့္ကို ျပန္ခြင့္ျပဳ ခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ နိုင္ငံအေရးေပၚအေျခအေနေၾကညာထားတာကို ဇြန္လထိ တိုးျမႇင့္ထားၿပီး နယ္စပ္ေဒသေတြ ပိတ္ထားဆဲ ျဖစ္သလို နိုင္ငံတကာေလယာဥ္ ခရီးစဥ္ေတြကိုလည္း တားျမစ္ထားပါတယ္။ COVID 19 ကို ထိန္းခ်ဳပ္နိုင္ၿပီး နိုင္ငံရဲ့ နယ္စပ္ေတြကို ျပန္ဖြင့္တဲ့အခါမွာ ထိုင္းနိုင္ငံအေနနဲ႔ Travel Bubbles အစီအစဥ္ကို ႏွစ္နိုင္ငံခ်င္း သေဘာတူညီခ်က္ေတြနဲ႔ စတင္သြားဖို႔ ဝန္ႀကီးခ်ဳပ္ Prayuth က အရင္က ေျပာထားဖူးပါတယ္။

ဒီအစီအစဥ္ကို က်င့္သုံးမယ့္သက္ဆိုင္ရာ ႏွစ္နိုင္ငံစလုံးဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ မႈကို ထိန္းခ်ဳပ္ ထားနိုင္တဲ့ အေျခအေနမွာရွိဖို႔ ေတာ့ လိုအပ္မွာျဖစ္ပါတယ္။ Travel Bubbles အစီအစဥ္အရ ခရီးသြားေတြဟာ ႏွစ္ပတ္ၾကာ Quarantine ကင္းလြတ္ခြင့္ ရမွာ ျဖစ္ပါတယ္

Read times
Rate this item
(0 votes)