How To

ကားအစီး ၇၀၀၀ တင်ဆောင်နိုင်ပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ကူးသန်းမယ့် ခေတ်ပေါ် ရွက်သင်္ဘော

ကားအစီးရေ ၇၀၀၀ အထိ တင်ဆောင်နိုင်မည့် ကားသင်္ဘောသည် ရေနံထွက် လောင်စာဆီအစား သဘာဝအလျောက် လေတိုက်သည်ကို ရွက်လွှင့်ပြီး ရွေ့လျားစေမည်ဖြစ်ပြီး ရေနံထွက် လောင်စာဆီသင်္ဘောများ၏ အမြန်နှုန်းမျိုးဖြင့် ခရီးနှင်မည် ဖြစ်သည်။

 

ကုန်တင်သင်္ဘောများကြောင့် လေထုနှင့် ရေထု ပတ်ဝန်းကျင် ညစ်ညမ်းမှုများ အနည်းနှင့်အများ ဖြစ်ပေါ်သည်မှာ မှန်သော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအတွက် မပါမဖြစ် လိုအပ်ချက် ဖြစ်နေသည်။

 

ယခု ရွက်သင်္ဘော၏ အခြေခံသဘောတရားမှာ လေယာဉ်ပျံတောင်ပံဒီဇိုင်းကို အခြေခံထားပြီး တောင်ပံများကို ထောင်လိုက် မတ်မတ်ထောင်ထားသည်။

 

ထိုသို့ တောင်ပံများ ပါသည့် သမုဒ္ဒရာကူးသင်္ဘော ဖြစ်နေခြင်းကို အကြောင်းပြုပြီး ကားတင်သင်္ဘောကို သမုဒ္ဒရာငှက် OceanBird ဟု အမည်ပေးထားကြသည်။

 

ယင်းတွင် တောင်ပံ ၅ ခု ထောင်ထားသည်။ အမြင့် မီတာ ၈၀ (၂၆၂ ပေ) ရှိသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ် တိုက်နေသည့် လေက ရွက်တိုင်များကို တိုးဝှေ့သည့်အခါ သင်္ဘောရွေ့ရန် တွန်းအားကို ရရှိသည်။ တစ်နာရီ ရေမိုင် ၁၀ မိုင်အထိ မြန်မြန်ရွေ့နိုင်စွမ်း ရှိသည်။

 

အတ္တလန်တိတ်သမုဒ္ဒရာကို ကူးဖြတ်ရက် ၁၂ ရက်ကြာမြင့်မည် ဖြစ်သည်။ ရေနံထွက်လောင်စာဆီဖြင့် ခုတ်မောင်းသော သင်္ဘောများသည် ၈ ရက်ကြာမြင့်သည်ဖြစ်ရာ ကွာခြားချိန်မှာ ၄ ရက်သာ ရှိသည်။

 

ယခုအခါ စမ်းသပ်မှု အမျိုးမျိုးကို လုပ်ဆောင်လျက်ရှိပြီး အချောသတ် ဒီဇိုင်းဖြင့် ထုတ်လုပ်မည်ဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် အတ္တလန်တိတ်သမုဒ္ဒရာ ကူးဖြတ်သည့်ခရီးကို စတင်နိုင်ရန် လျာထားသည်။

 

Ref: popularmechanics.com/

By Aung Win (Myanmar Logistic Guide)

Read times
Rate this item
(1 Vote)