How To

CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများသို့ ပန်ကြားချက် ထုတ်ပြန်

၁၅-၁၀-၂၀၂၀ နောက်ဆုံးထား၍ http://www.myanmartradenet.com.mm/signature/ တွင် အချက်အလက်များဖြည့်သွင်းပေးပါရန်

CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများသို့ ပန်ကြားခြင်း 

ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသော CO Form များအနက် သက်ဆိုင်ရာFree Trade Area ၏ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားသောအချို့ CO Form များကို လက်မှတ်နှင့်ရုံးတံဆိပ်များကို Electronic စနစ်ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများမှ ဒါရိုက်တာစာရင်းပါ ဒါရိုက်တာနှစ်ဦး၏ အမည်၊ ရာထူး၊ လက်မှတ် နမူနာနှင့် ကုမ္ပဏီဆိုင်ရာအချက်အလက်များကို http://www.myanmartradenet.com.mm/signature/ တွင် ဝင်ရောက်၍ အင်္ဂလိပ်ဘာသာဖြင့် အချက်အလက်များကို (၅-၁၀-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ဖြည့်သွင်းပေးပါရန် အသိပေးအကြောင်းကြားခဲ့ပါသည်။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အချက်အလက်ဖြည့်သွင်းနိုင်ခြင်းမရှိသည့် ကုမ္ပဏီများ ကျန်ရှိနေပါသဖြင့် (၁၅-၁၀-၂၀၂၀) ရက်နေ့ထိ ရက်ထပ်မံတိုးမြှင့်ပေးထားသည်ဖြစ်ပါ၍  CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများအနေဖြင့် (၁၅-၁၀-၂၀၂၀)  နောက်ဆုံးထား၍ ဖြည့်သွင်းပေးပါရန် ထပ်မံ အသိပေးအကြောင်းကြားအပ်ပါသည်။


အသိပေးကြေညာချက်

 

ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသော CO Form များအနက် သက်ဆိုင်ရာFree Trade Area ၏ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားသောအချို့ CO Form များကို လက်မှတ်နှင့်ရုံးတံဆိပ်များကို Electronic စနစ်ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများမှ ဒါရိုက်တာစာရင်းပါ ဒါရိုက်တာနှစ်ဦး၏ အမည်၊ ရာထူး၊ လက်မှတ် နမူနာနှင့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များကို 

http://www.myanmartradenet.com.mm/signature/

ဝင်ရောက် Edit ပြုလုပ်၍ အင်္ဂလိပ်ဘာသာဖြင့် အချက်အလက်များ ဖြည့်သွင်းပေးပါရန်၊ 

ဒါရိုက်တာ (၂) ဦးအနက် ပထမဦးစားပေးသတ်မှတ်မည့် ဒါရိုက်တာအား ကုမ္ပဏီမှ ရွေးချယ်ပေးပါရန် နှင့် 

လက်မှတ်နမူနာကို အောက်ပါ သတ်မှတ်ချက်များနှင့်အညီ Upload ပြုလုပ်ပေးပါရန် -

 (က) A4 size စာရွက်အဖြူ (၁) ရွက်ပေါ်တွင် ၃ လက်မပတ်လည်အကွက်အတွင်း Soft Pen မင်လုံး ၀.၅ mm  အနည်းဆုံးရှိ မင်ပြာ (သို့)ခရမ်းရောင်ဖြင့် လက်မှတ်ရှည်တစ်ချက်သာ (ရက်စွဲမပါဘဲ ) အပြည့်ထင်ရှားစွာရေးထိုးရန်၊ 

(ခ) ၎င်းလက်မှတ်အား Scan (သို့) ဓါတ်ပုံရိုက်ရာတွင် (၃) လက်မ ပတ်လည်အကွက်အား အနီးကပ်အပေါ်တည့်တည့်မှရိုက်ရန်၊ အရိပ်

မကျစေရန်နှင့် အလင်းမပြန်စေရန်၊ 

(ဂ) ထိုscan(သို့) ဓါတ်ပုံရိုက်ထားသည့် JPG file size သည် 2 MB ထက်မကြီးရန်၊

အချက်အလက်များအား 

http://www.myanmartradenet.com.mm/signature/

တွင် ဖြည့်သွင်းရမည် ဖြစ်ပါသည်။ 

Online co လျှောက်ထားသူများအနေဖြင့် (၂၆-၉-၂၀၂၀) ရက်နေ့မှစတင်၍ Online Co Application စနစ် Login ဝင်ရောက်ချိန်တွင် http://www.myanmartradenet.com.mm/

Page သို့ ရောက်ရှိမည်ဖြစ်ပြီး Myanmar Tradenet Login ဝင်ပြီးပါက ဒါရိုက်တာ နှစ်ဦး၏ အချက်အလက်များအား

http://www.myanmartradenet.com.mm/signature/

တွင် ဖြည့်ပြီးမှသာ  Online CO Application စနစ်တွင် လျှောက်ထားနိုင်မည်ဖြစ်ပြီး အချက်အလက်ဖြည့်သွင်းခြင်းအဆင့်ကို တစ်ကြိမ်သာ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ 

အချက်အလက်ဖြည့်သွင်းခြင်း ကို (၅-၁၀-၂၀၂၀) ရက်နေ့ နောက်ဆုံး ထား၍ ဖြည့်သွင်းပေးပါရန် အသိပေးကြေညာအပ်ပါသည်။ 

အကယ်၍ ရှင်းလင်းမှုမရှိပါက 

၀၆၇၃၄၀၈၂၃၃ 

သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန

 

CO_FORM.png

Read times
Rate this item
(0 votes)