ကနေဒါ bulk သင်္ဘောမှ နံရံပန်းချီ
သင်္ဘောကိုယ်ထည်မှ လူနေအဆောက်အဦ နံရံမှာ Canada Steamship Lines (CSL) က နံရံပန်းချီဖြင့် အလှဆင်ပါတယ်။ အပြေးသမားများ The Runners လို့ အမည်ပေးထားတဲ့ နံရံပန်းချီကားကို မျက်နှာစာနံရံအပြည့် ရေးဆွဲထားပါတယ်။
bulk သင်္ဘော CSL Welland မှာ ရေးဆွဲထားတဲ့ 16 x 14 မီတာ အရွယ်အစား နံရံပန်းချီကားချပ်မှာ အပြေးသမား ၄ ဦး ပါဝင်ပါတယ်။
ဂရိရိုးရာဓလ့မှာ အားကစား အလေးထားကြတာကို စံနမူနာယူပြီး ကနေဒါပန်းချီဆရာ လေးဦး Bryan Beyung, Emmanuel Jarus, Andrea Wan နှင့် K.C. Hall တို့က အဆိုပါနံရံပန်းချီကို ရေးဆွဲခဲ့ကြပါတယ်။
သင်္ဘောလိုင်းမှ မီးရှုး လက်ဆင့်ကမ်း သယ်ဆောင်ရေးအတွက် စပွန်ဆာ ပေးထားတဲ့ 2022 Canada Summer Games အတွက် ရည်ရွယ်ပြီး ရေးဆွဲတာ ဖြစ်ပါတယ်။
ပန်းချီဆရာ ၄ ဦးက တစ်ယောက်တစ်နေရာစီ နေထိုင်ကြပြီး မိမိရေးဆွဲထားတဲ့ အပြေးသမားပုံကြမ်းကို Zoom ပေါ်မှာ တွေ့ဆုံ ပြသ ဆွေးနွေးခဲ့ကြပါတယ်။ ပေါင်းစပ်လိုက်တဲ့အခါ စတိုင်မတူတဲ့ အပြေးသမား ၄ ဦးကို ရရှိခဲ့ကြပါတယ်။
သင်္ဘောနံရံပေါ်မှာ ရောင်စုံမှုတ်ဆေးဘူးများဖြင့် ဆေးမှုတ်ပြီး ပုံဆွဲတာ တစ်ပတ်ကြာမြင့်ခဲ့ပါတယ်။ ရာသီဥတုက အေးလွန်းတာကြောင့် အပူပေးစက်များ ထားရှိပေးခဲ့ပါတယ်။
ယခင်ကလည်း CSL ရဲ့ bulk သင်္ဘော CSL St-Laurent မှာ အလားတူ နံရံပန်းချီ ရေးဆွဲခဲ့ဖူးပါတယ်။ ကနေဒါမှ ခေတ်ပေါ်ပန်းချီဆရာ ၄ ဦး ရေးဆွဲပေးခဲ့ကြပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီ လလယ်ပိုင်းမှာစတင်ရေးဆွဲပြီး မတ်လဆန်းပိုင်းမှာ ပြီးစီးခဲ့ပါတယ်။