How To

ကုန်တင်သင်္ဘော Suzaka ပင်ကိုမောင်းနှင် မိုင် ၅၀၀ ခရီးစဉ် အောင်မြင်

ကုန်တင်သင်္ဘော Suzaka  ပင်ကိုမောင်းနှင် မိုင် ၅၀၀ ခရီးစဉ် အောင်မြင်

 

ပင်ကိုမောင်းနှင်တဲ့ ကုန်တင်သင်္ဘောကို စမ်းသပ်ခုတ်မောင်းခဲ့ကြရာ ရေယာဉ်များ အသွားအလာ ထူထပ်တဲ့  Tokyo Bay မှာ မိုင် ၅၀၀ ခရီးကို အောင်မြင်စွာ ခုတ်မောင်းနိုင်ခဲ့ပါတယ်။ လူမှ ဝင်ရောက်ထိန်းကျောင်းပေးခြင်း မရှိဘဲ ခရီးစဉ်ရဲ့ ၉၉% ကို သွားနိုင်ခဲ့ပါတယ်။ အသုံးပြုတဲ့ကုန်တင်သင်္ဘော Suzaka က တန်ချိန် ၇၄၉ (gross-ton )ရှိတဲ့ အရွယ်အစားဖြစ်ပြီး အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်ပလက်ဖောင်းက Orca AI ဖြစ်ပါတယ်။ အခြားရေယာဉ်တွေကို မတိုက်မိအောင် အကြိမ် ရာချီပြီး ရှောင်ကွင်းနိုင်ခဲ့ပါတယ်။ 

Orca AI က ရေကြောင်းသွားလာမှုများအတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ဆော့ဖ်၀◌ဲလ် ပလက်ဖောင်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရေကြောင်းနည်းပညာ ကျွမ်းကျင်သူနှစ်ဦးက ထူထောင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။  ရေယာဉ်များပြားတဲ့နေရာတွေမှာဘေးကင်းကင်းဖြင့် ရေကြောင်းသွားလာမှု ပြုနိုင်အောင် sensors များကို သင်္ဘောပေါ်မှ ဘေးကင်းရေးစနစ်နှင့် ပေါင်းစပ်ကာ  အသုံးပြုထားပါတယ်။ 

 

Orca AI  ရုံးချုပ်က အစ္စရေးနိုင်ငံမှာ တည်ရှိပါတယ်။ ပင်လယ်ရေကြောင်း သွားလာတဲ့ သင်္ဘောများကို တစ်ရက် ၂၄ နာရီ တစ်ပတ် ၇ ရက် (24/7 ) မျက်ခြည်မပြတ် စောင့်ကြည့်ပေးပြီး ကုန်စည်များနှင့် သင်္ဘောတို့ ဘေးကင်းစေရေးကို အထောက်အကူပြုပေးတဲ့ နည်းပညာများအပြင် ပင်ကိုမောင်းနှင်နိုင်စွမ်းကိုလည်း ကုန်တင်သင်္ဘောများ လက်တွေ့သုံးနိုင်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။

 

tokoto_control_center.jpg

တိုကျိုမြို့ရှိ ရုံးချုပ်မှ သင်္ဘောများကို စောင့်ကြည့်သည့် ခန်းမ

 

၂၀၂၁ စက်တင်ဘာလမှာ ဂျပန်မှ Nippon Yusen Kabushiki Kaisha (NYK Line) နှင့် Orca AI တို့ ပင်ကိုမောင်းနှင် ကုန်တင်သင်္ဘောများအတွက် ဘေးကင်းရေးစနစ်ကို အတူတကွ ပူပေါင်း စမ်းသပ်မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Orca AI ရဲ့ Automatic Ship Target Recognition System ကို NYK ရဲ့ သင်္ဘောပေါ်မှာ တပ်ဆင်ခဲ့ကြပါတယ်။ စမ်းသပ်ခရီးစဉ်အဖြစ် ပင်လယ်ခရီးစဉ်ကို ပင်ကိုမောင်းနှင်ဖို့ ရွေးချယ်သတ်မှတ်ခဲ့ကြပါတယ်။ 

 

osocic.png

Orca AI က ပင်လယ်ပြင်တွင် ရေယာဉ်ချင်း တိုက်နိုင်မှု ဆန်းစစ်နေစဉ်

 

ကုမ္ပဏီ နှစ်ခု ပူးပေါင်းပြီး  Designing the Future of Full Autonomous Ships (DFFAS) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ စမ်းသပ်ခရီးစဉ်မှာ နာရီ ၄၀ ကြာ ခရီးမိုင် ၅၀၀ ကို လူမှ ပါဝင်ထိန်းကျောင်းခြင်း မရှိလုနီးပါးဖြင့် ခရီးနှင်နိုင်ခဲ့ပါတယ်။ ရီးစဉ်မှာ သင်္ဘော စီးရေ ၅၀၀ ဝန်းကျင်ရှိနေခဲ့ပြီး ခရီးစဉ်တစ်လျှောက် အခြားရေယာဉ်များနှင့် မတိုက်မိအောင် ရေကြောင်းသွားလာမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၁၀၇ ကြိမ် ရှောင်ကွင်းပေးခဲ့ပါတယ်။

 

 

ပနားမားတူးမြောင်းအတွင်း  Orca AI  လုပ်ဆောင်ပုံ မှတ်တမ်းဗီဒီယို 

 

Read times
Rate this item
(2 votes)