How To

တရုတ်နိုင်ငံ ပြည်တွင်းဖြစ် C919 လေယာဉ် အကြိုစမ်းသပ်ပျံသန်း

တရုတ်နိုင်ငံ ပြည်တွင်းဖြစ် C919 လေယာဉ် အကြိုစမ်းသပ်ပျံသန်း

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းတွင် တည်ဆောက်ထားသော C919 လေယာဉ်သည် ၎င်း၏ ပထမဆုံး ပေးပို့မှု အကြိုစမ်းသပ်ပျံသန်းမှု pre-delivery test flight ကို ရှန်ဟိုင်းတွင် ပျံသန်းခဲ့သည်။  

မင်းလမ်းတစ်ခုသာ ပါသည့် Boeing 737 နှင့်  Airbus A320 လေယာဉ်အမျိုးအစားများကို အစားထိုးသုံးစွဲနိုင်ရန် C919 ကို ဒီဇိုင်းထုတ်ထားသည်။ နိုင်ငံပိုင် မဟာလုပ်ငန်းကြီး Commercial Aircraft Corporation of China (COMAC) မှ ထုတ်လုပ်သည့် လေယာဉ်အသစ် ဖြစ်သည်။

Shanghai International Pudong Airport မှ နံနက် ၆:၅၂ တွင် စတင်ထွက်ခွာပြီး စမ်းသပ်ပျံသန်းခဲ့ရာ၌ မနက် ၉:၄၅ တွင် ၎င်းလေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့သည်။ 

စမ်းသပ်မှု အောင်မြင်ခဲ့ပြီး လေယာဉ်သည် အခြေအနေ ကောင်းမွန်ကြောင်း COMAC က သတင်း ထုတ်ပြန်သည်။

“ဒါက ဝယ်ယူသူထံ မပေးပို့ခင် အရင်ဆုံး လုပ်ဆောင်ရတဲ့ စမ်းသပ်ပျံသန်းမှုကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ စမ်းသပ်မှု အစီအစဉ်မှာပါတဲ့ အလုပ်တွေအားလုံးကို ပြီးမြောက်ခဲ့ပြီး လေယာဉ်ရဲ့  အခြေအနေ ကောင်းမွန်ပါတယ်" ဟု COMAC မှ ပြောကြားခဲ့သည်။

COMAC သည် ကမ္ဘာတစ်လွှားမှ လေယာဉ်ဝယ်ယူသည့် လုပ်ငန်း ၂၈ ခုထံမှ C919 လေယာဉ် ဝယ်ယူရန် အမှာစာ ၈၁၅ စီး ရရှိထားသည်။ ယခုနှစ်အတွင်း မှာကြားသူများထံ လေယာဉ်များ စတင်ပေးအပ်မည် ဖြစ်သည်။

C919 သည် ခရီးတာ ၅,၅၅၅ ကီလိုမီတာ (၃,၄၅၂ မိုင် ) အထိ မရပ်မနား ပျံသန်းနိုင်သည်။ ခရီးသည် အများဆုံး ၁၆၈ ဦး တင်ဆောင်နိုင်သည်။ 

 

 

 အမေရိကန်သမ္မတ ထရန့်က ၂၀၂၀ တွင် တရုတ်နိုင်ငံသို့ တင်ပို့ခြင်း မပြုရန် တားမြစ်သည့်စာရင်းတွင် လေယာဉ်သုံး ပစ္စည်းကိရိယာများ ပါဝင်သဖြင့် C919 ထုတ်လုပ်ရာတွင် နှောင့်နှေးခဲ့ရသည်။

C919 တွင် သုံးစွဲထားသော ပစ္စည်းကိရိယာများတွင် ၆၀% ခန့်သည် အမေရိကန်လုပ်ငန်းများထံမှ မှာကြားရသည်များ ဖြစ်နေသည်။ သို့ဖြစ်ရာ General Electric ၊  Honeywell အစရှိသည့်လလုပ်ငန်းများထံမှ အထူးလိုင်စင် ရယူပြီး သုံးစွဲ ရသည်။ C919 တွင် သုံးစွဲထားသော အင်ဂျင်မှာ General Electric မှ ထုတ်လုပ်သည့် အင်ဂျင် ဖြစ်သည်။ 

 

C919-Components-640x385.jpg

 

ရှန်ဟိုင်းအခြေစိုက် China Eastern Airlines က ၂၀၂၁ မတ်လတွင် C919  ၅ စီး မှာကြားခဲ့သည်။ ပြည်တွင်းခရီးစဉ်များ ပြေးဆွဲရန် အသုံးပြုမည် ဖြစ်သည်။ 

ယခုအခါ C919 လေယာဉ် တစ်စီး ယွမ် ၆၅၃ သန်း (အမေရိကန်ဒေါ်လာ ၉၇သန်းခွဲဝန်းကျင်) ဖြင့် ဈေးဖွင့်ထားသည်။

နှိုင်းယှဉ်ကြည့်ပါက Airbus A320neo ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်ပြီး Boeing 737 Max ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၁၁၇ သန်း  ဖြစ်သဖြင့် C919 က ဈေးသက်သာသည်။

 

COMAC_B-001A_May_2017.jpg

 

 

 

 

Read times
Rate this item
(3 votes)