How To

ယူကရိန်းစစ်ပွဲနှင့် ငြိစွန်းနေသဖြင့် လေယာဉ်အမြီးတံဆိပ် ဒီဇိုင်းပြောင်း

ယူကရိန်းစစ်ပွဲနှင့် ငြိစွန်းနေသဖြင့် လေယာဉ်အမြီးတံဆိပ် ဒီဇိုင်းပြောင်း

 ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ စစ်ပွဲက ‌၄ လပြည့်ခါနီးမှာ လေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်ပျံအမြီးမှာ ဖော်ပြထားတဲ့ လိုဂိုဒီဇိုင်းက  ကျူးကျော်မှုကို အားပေးထောက်ခံတဲ့ သဘောသက်ရောက်နေတယ်လို့   ခရီးသည်များထံမှ စိုးရိမ်တဲ့အသံ ထွက်ပေါ်နေလို့ အမြီးပေါ်မှ ဒီဇိုင်းကို ပြောင်းလဲ‌ေတာ့မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Zipair က Japan Airlines JAL လက်အောက်ခံ လေယာဉ်ခ သက်သာတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ 

Zipair က လေယာဉ်အမြီးမှာ ဖော်ပြထားတဲ့ "Z" အစား ဂဲဩမေတြ ီ ပုံသဏ္ဋာန်အစင်းကွက်များ ပါတဲ့ ဒီဇိုင်းကို သုံးစွဲမယ်လို့ ဆိုပါတယ်။ 

http___cdn.cnn.com_cnnnext_dam_assets_220617074949-zipair-design-change.jpg

 

နဂိုဒီဇိုင်းအစီအစဉ်က ကျုးကျော်စစ်မတိုင်ခင်ကတည်းက အစီအစဉ် ရှိထားပြီး ဂျပန်နိုင်ငံ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ပြန်ဖွင့်ပေးတဲ့ အထိမ်းအမှတ်အဖြစ် သုံးစွဲဖို့ ဖြစ်ပါတယ်။ ဂျပန်- အမေရိကန်ခရီးစဉ်ဖြစ်တဲ့ တိုကျို-စန်ဂျိုစ်(ကယ်လီဖိုးနီးယား) ခရီးစဉ် အသစ် ပြေးဆွဲမှာဖြစ်ကြောင်း အသိပေးတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမြီးဒီဇိုင်းအသစ်ကို ကြေညာထားပြီးပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ Zipair ဥက္ကဋ္ဌ Shingo Nishida ကို လေယာဉ်အမြီးဒီဇိုင်းအပေါ် အထင်အမြင် လွဲခံရမယ့်အရေး ပူပန်ကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အဲဒီ လိုဂိုကို ၂၀၁၈ ခုနှစ်ကတည်းက စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

 

http___cdn.cnn.com_cnnnext_dam_assets_220617075230-zipair-plane-file.jpg

 

ပြဿနာ ရုရှက "Z" ကို သင်္ကေတအဖြစ် စစ်သုံးယာဉ်တွေပေါ်မှာ အမှတ်အသား ပြုပါတယ်။

RangeRover

 ကျူးကျော်စစ်အတွက် ရုရှားစစ်တပ်ကို ထောက်ခံပေးတဲ့ သင်္ကေတအဖြစ် ဝါဒဖြန့်ရာမှာအသုံးပြုပါတယ်။

 

288186688_5251847374853479_7448324167986091514_n.jpg

ရုရှားနိုင်ငံမှ ကျွမ်းဘားသမား Ivan Kuliak က မတ်လတွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ  သူ့ရင်ဘတ်မှာ "Z'" တပ်ထားလို့ ယှဉ်ပြိုင်ခွင့်တစ်နှစ်  ပိတ်ပင်ခံခဲ့ရပါတယ်။

 

လေကြောင်းလိုင်းက လေယာဉ်အမြီးပေါ်မှ ဒီဇိုင်းကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားမယ့် အစီအစဉ်အစား တက်သုတ်ရိုက် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

လေယာဉ်အမြီးကို ယာယီအုပ်ကာပေးထားတာကို ဇွန်လ ၁၈ ရက်မှာ စတင်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလမှစ၍ ဆေးပြန်သုတ်တာ စတင်ပါမယ်။ ၂၀၂၃ နွေဦးမှာ Zipair ရဲ့ လေယာဉ်အားလုံး ဒီဇိုင်းအသစ် ပြောင်းပေးတာ ပြီးစီးပါမယ်လို့ Zipair မှ ပြောရေးဆိုရေး တာဝန်ခံက ပြောကြားပါတယ်။

 #MyanmarLogisticsGuide 

Read times
Rate this item
(0 votes)