How To

စမတ်ကွန်တိန်နာ သုံးစွဲမှုများ ဆတိုးများလာမည်ဟု ခန့်မှန်း

စမတ်ကွန်တိန်နာ သုံးစွဲမှုများ ဆတိုးများလာမည်ဟု ခန့်မှန်း

 

ပင်လယ်ရေကြောင်းသုတေသန အတိုင်ပင်ခံ လုပ်ငန်း Drewry ရဲ့ လေ့လာဆန်းစစ်ချက်အရ အော်ပရေတာများနှင့် ကုန်စည်ပိုင်ရှင်များက ဆိပ်ကမ်းကျပ်စို့မှုများနှင့် ကုန်စည်စီးဆင်းမှုများ ကသောင်းကနင်း ဖြစ်ခြင်းများကြောင့် မိမိတို့နှင့် သက်ဆိုင်သည့်ကုန်စည် ပို့ဆောင်ရေးခရီးစဉ်တွင် ဘယ်နားရောက်နေပြီ၊ ဘယ်အဆင့်ရောက်နေပြီကို သိနေနိုင်ဖို့ စမတ်ကွန်တိန်နာများကို သုံးစွဲကြသည့် အရေအတွက်သည် ကမ္ဘာ့ကွန်တိန်နာများ ကြားတွင် ဆတိုးပွားများလာပါလိမ့်မယ်။

 

ကွန်တိန်နာ ရောက်ရှိနေတဲ့နေရာကို အခါအားလျော်စွာ သတင်းပေးပို့တဲ့ တယ်လီမက်တစ်  telematics  ထည့်ထားတဲ့ စမတ်ကွန်တိန်နာများ သုံးစွဲမှု အရေအတွက် လာမယ့် ၅ နှစ်အတွင်း ၈ ဆ တိုးပါလိမ့်မယ်။ ၂၀၂၆ မှာ ကမ္ဘာတစ်လွှား သုံးစွဲနေတဲ့ ကွန်တိန်နာ စုစုပေါင်းရဲ့ ၂၅% ဟာ စမတ်ကွန်တိန်နာများ ဖြစ်လာပါလိမ့်မယ်လို့ Drewry က ဆိုပါတယ်။

 RangeRover

ကုန်ခြောက်ပို့ဆောင်တဲ့ ကွန်တိန်နာတွေမှာ နည်းပညာကို လက်ခံသုံးစွဲကြတာ ပိုများလာတဲ့အတွက် စမတ်ကွန်တိန်နာ အရေအတွက် ပိုမိုကြီးထွားလာနေပါတယ်။

Covid-19 ကာလ ပစ္စည်းပေးသွင်းကွင်းဆက် ကသောင်းကနင်း ဖြစ်နေတဲ့အတွက် ကွန်တိန်နာ ရောက်ရှိနေတဲ့နေရာကို မြင်လိုကြတာကြောင့်  စမတ်ကွန်တိန်နာ သုံးစွဲမှု မြင့်တက်သွားခဲ့ပြီး ဆက်လက် အရှိန်တက်နေဆဲ ဖြစ်ပါတယ်။

ဂျာမန်ကွန်တိန်နာသင်္ဘောလိုင်း Hapag-Lloyd က  ၎င်းရဲ့ ကွန်တိန်နာအားလုံးမှာ စမတ်ကိရိယာများ တပ်ဆင် အသုံးပြုသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခြား ကွန်တိန်နာ သင်္ဘောလိုင်းကြီးများလည်း အနှေးနှင့် အမြန် စမတ်ကွန်တိန်နာ ခေတ်ရေစီးကြောင်းထဲ ဝင်လာကြပါလိမ့်မယ်။

 

ယခင်က အအေးပေးကွန်တိန်နာများနှင့် အင်တာမော်ဒယ်ကွန်တိန်နာများအတွက်သာ သုံးကြတာ များပြီး ယခုအခါ ကုန်‌ခြောက် ကွန်တိန်နာများမှာပါ အသုံးများလာပါတယ်။ 

#MyanmarLogisticsGuide 

 Telegram Channel

https://t.me/Guid4U/310

https://t.me/Guid4U

 

MLG

Read times
Rate this item
(0 votes)