တရုတ်-လာအို- ထိုင်း မီးရထားလိုင်း ရထားလမ်းပြောင်း ဘူတာရုံ တည်ဆောက်ပြီးစီး
တရုတ်-လာအို-- ထိုင်း မီးရထားလမ်းကြောင်းအတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ရထားလမ်းပြောင်း ဘူတာရုံတစ်ခုကို တည်ဆောက်မှု ပြီးစီးကြောင်း China Railway က ကြေညာပါတယ်။
ထိုင်းနိုင်ငံမှ ရော်ဘာတန်ချိန် ၃ သိန်းကျော် နှစ်စဉ် စိုက်ပျိုးထွက်ကုန်နှင့် ရော်ဘာတန်ချိန် ၃ သိန်းကျော်ကို တရုတ်နိုင်ငံသို့ ပို့ဆောင်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်စေမယ့် ရထားလမ်းပြောင်း ဘူတာရုံဖြစ်ပါတယ်။ ထို့ပြင် တရုတ်-အာဆီယံနိုင်ငံအချို့တို့အကြား သယ်ယူပို့ဆောင်ရေးကိုလည်း အကျိုးထိရောက်မှု ကောင်းစေမှာ ဖြစ်ပါတယ်။
ရထားလမ်းများမှာ standard gauge နှင့် meter gauge နှစ်မျိုး ဖြစ်နေသည့်အတွက် ယခုလို ကြားခံစခန်း ရထားလမ်းပြောင်းဘူတာရုံ ထားရှိပြီး ရထားပြောင်းတင်ကြရတာ ဖြစ်ပါတယ်။
ဗီယန်းကျင်းမှာ ရထားပြောင်းတင်ပေးလိုက်တဲ့ ကွန်တိန်နာများကို ထိုင်းနိုင်ငံ လန်ချာဘန်း ဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်ခြင်းဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကို အချိတ်ဆအဆက် ပြုပေးနိုင်ကြောင်း China Railway က ပြောကြားပါတယ်.
standard-gauge ရထားလမ်းမှာ မျဉ်းပြိုင်ပြုနေတဲ့ သံလမ်းနှစ်ခုကြား အကွာအဝေးက 1,435 millimeters ရှိပါတယ်။ တရုတ်-လာအို ရထားလမ်းက standard-gauge ကို အသုံးပြုထားပါတယ်။၊
meter-gauge ရထားလမ်းမှာ မျဉ်းပြိုင်ပြုနေတဲ့ သံလမ်းနှစ်ခုကြား အကွာအဝေးက 1,000 millimeters ရှိပါတယ်။ 1,000 millimeters က ၁ မီတာနဲ့ ညီမျှတာကြောင့် meter-gauge လို့ အမည်တွင်ပါတယ်။ Thai Railway ရဲ့ ရထားသံလမ်းများဟာ meter-gauge ဖြစ်ပါတယ်။
အဲဒါကြောင့် standard-gauge ရထားလမ်းနှင့် meter-gauge ရထားလမ်း ဆုံမိတဲ့နေရာမှာ ရထားပြောင်းတင်ဖို့ ရထားလမ်းပြောင်းဘူတာရုံ track change station တည်ဆောက်ထားရှိပေးတာ ဖြစ်ပါတယ်။၊
ရထားလမ်းပြောင်းဘူတာရုံ မှာ standard-gauge တစ်လိုင်းနှင့် meter-gauge နှစ်လိုင်း ထားရှိပါတယ်။၊ ထိုင်းနိုင်ငံမှ meter-gauge ရထားလမ်းသုံး ရထား ၂၅ တွဲကို တစ်ပြိုင်နက်တည်း ကုန်ပြောင်းတင်/ချ လုပ်ပေးနိုင်ပြီး တစ်နှစ်လျှင် ကုန်တန်ချိန် ၈ သိန်းအထိ ကိုင်တွယ်ပေးနိုင်ပါတယ်။
တရုတ်-လာအို-- ထိုင်း မီးရထားလမ်းကြောင်း အသုံးပြုပြီး ယူနန်ပြည်နယ် ကွမ်မင်းမြို့မှ ထိုင်းနိုင်ငံ လန်ချာဘန်း ဆိပ်ကမ်းသို့ ကုန်စည်ပို့ဆောင်တဲ့အခါ ထရပ်ကားများပေါ်သို့ ပြောင်းတင်ပေးပြီး ပို့ဆောင်တာထက် ယခုလို ရထားပြောင်းတင်တာက ကြာချိန် ၁ ရက်လျော့ပါတယ်။ ပို့ဆောင်စရိတ် ၂၀% ဝန်းကျင် သက်သာစေပါတယ်။
#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U
Source: globaltimes