ရွက်သင်္ဘော စမ်းသပ်ပြေးဆွဲရန် စီစဉ်
ကမ္ဘာ့အကြီးဆုံး သင်္ဘောချာတာအငှားလုပ်ငန်းများထဲမှာ ပါဝင်တဲ့ Cargill က ရှေးခေတ်နည်းပညာကို နည်းလမ်းအသစ်ဖြင့် သုံးစွဲထားသော လေစွမ်းအင်ဖြင့် မောင်းနှင်မယ့် ကုန်သင်္ဘောကို ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်မှုရှိမရှိ စမ်းသပ်ကြည့်မှာ ဖြစ်ပါတယ်။ လာမည့်နှစ်အစောပိုင်းမှာ ကုန်တင်သင်္ဘောတစ်စီးဖြင့် ခေတ်မီဆန်းသစ်သော ရွက်လွှင့်မှုများကို ထည့်သွင်းလုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးမှာ ကုန်စည်တန်ချိန် စုစုပေါင်းရဲ့ ၉၀% ခန့်ကို ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်နေပြီး ကမ္ဘာ့ကာဘွန် ထုတ်လွှတ်မှုရဲ့ ၃% ဟာ သင်္ဘောများက ထုတ်လွှတ်နေကြတာ ဖြစ်ပါတယ်။
Cargill က ကုန်ခြောက်တင် ဝမ်းပုံ dry bulk အမျိုးအစား သင်္ဘောတစ်စီးမှာ ရွက်နှစ်ခု တပ်ဆင်ပြီး ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်မှာ စမ်းသပ်မှုများ စတင်မှာ ဖြစ်ပါတယ်လို့ Cargill ရဲ့ သမုဒ္ဒရာပို့ဆောင်ရေး ဌာနခွဲ အကြီးအကဲ Jan Dieleman က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“သင်္ဘောပေါ်မှာ ကုန်စည်တွေရှိမယ်၊ အဲဒါက ပင်လယ်ရေကြောင်း အစမ်းမောင်းနှင်မှုမဟုတ်ဘဲ တကယ့်လုပ်ငန်သုံးအဖြစ် စမ်းကြည့်မှာ ဖြစ်ပါတယ်" လို့ သူက ပြောကြားပါတယ်။
"ရွက်သင်္ဘောက ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို ကြည့်ရန် သုံးလမှ ခြောက်လတာကာလကို အသုံးပြုပြီး ခရီးစဉ်တွေမှာ စမ်းသပ်ကြည့်ပါမယ်။ ပြီးရင် နောက်ထပ် သင်္ဘောများပေါ်မှာ ရွက်တွေ တပ် ပါမယ်။ ဆီလျော်တဲ့ သင်္ဘောတွေ ရရှိမှုအပေါ် မူတည်ပြီး တိုးချဲ့ တပ်ဆင်သွားပါမယ်" ဟု သူက ရှင်းပြသည်။
လေအားကို အသုံးပြုပြီး မောင်းနှင်တဲ့အတွက် ကာဘွန်ထုတ်လွှတ်မှု ၃၀% လျှော့ချပေးနိုင်လိမ့်မယ်လို့ သူက ပြောကြားပါတယ်။
"အခုလို ပင်လယ်ရေကြောင်းသုံး သင်္ဘောအကြီးစားတွေမှာ ရွက်တွေ တပ်ဆင်အသုံးပြုတာ အရင်က မရှိခဲ့ပါဘူး" လို့ Dieleman က ပြောကြားပါတယ်။
BAR Technologies က ဒီဇိုင်းထုတ်ပေးပြီး နော်ဝေးမှ Yara Marine Technologies က တည်ဆောက်ပေးပါတယ်။ ကုန်ခြောက် ဝမ်းပုံတင် dry bulk သင်္ဘောလိုင်း Berge Bulk ပိုင်ရှင်နှင့် ၎င်းကုမ္ပဏီနှစ်ခုတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Berge Bulk သင်္ဘောပေါ်မှာ ရွက်တိုင်တွေကို ၂၀၂၃ ပထမ ၃ လပတ်မှာ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
Cargill ရဲ့ ပင်လယ်ကူးသင်္ဘောများ တင်ဆောင်နိုင်တဲ့ ကုန်စည်တန်ချိန် စုစုပေါင်းက တန်ချိန် သန်း ၂၄၀ ရှိပါတယ်။ ယခင်နှစ်က တန်ချိန် သန်း ၂၂၀ ရှိခဲ့ပါတယ်။
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U
Souce:yaramarine
MLG