ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန် တင်ပို့ခွင့်လျှောက်ထားခြင်း များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှု တစ်စောင်ချင်းအပေါ်စိစစ်၍ ထောက်ခံချက် ထုတ်ပေးနိုင်ပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ပဲမျိုးစုံးပြောင်းနှင့်နှမ်းကုန်သည်များအသင်းသို့ညွှန်ကြားထားသဖြင့် တင်ပို့သူများထောက်ခံချက် လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် ကုန်သည်များအသင်းမှ သိရသည်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆန် များ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းအတွက် ဇူလိုင်လဆန်းမှစတင်ရွဲ အမေရိကန်ဒေါ်လာအသုံးပြုသော စုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့်သာ ပို့ကုန်လိုင်စင်များအားခွင့်ပြုထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ပို့ကုန်လိုင်စင်များ စိစစ်ထုတ်ပေးရာတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်များအသင်း၏ ထောက်ခံချက်ဖြင့်သာပို့ကုန်လုင်စင်ခွင့်ပြု ထုတ်ပေးရန်ကုန်သွယ်ရေးဉီးစီးဌာနသို့ ညွှန်ကြားထားသည်။ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆန်များ ပြည်ပတင်ပို့ရန် ပို့ကုန်လိုင်စင်လျှောက်ထားလိုသည့် အသင်းဝင် ပို့ကုန်ကုမ္ပဏီများအနေဖြင့် အချက်အလက်များအား ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍သတ်မှတ်စာရွက်စာတမ်း များစနစ်တကျပူးတွဲပြုစုကာ အသင်းသို့ တင်ပြလျှောက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း ကုန်သည်များအသင်းမှ သတ်မှတ်ထားသည့် Excel File (MPBMSMA-Export License Endorsement) ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်စွက်ထားသည့် Soft Copy File ကို This email address is being protected from spambots. You need JavaScript enabled to view it. သို့ ကြိုတင်ပေးပို့ထားရန်လိုအပ်ပြီး ကုမ္ပဏီ Leter Head ဖြင့် MPBMSMA ထံ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန်လိုင်စင်ထုတ်ယူခွင့်ရရှိရေး ထောက်ခံချက်ပြုပေးပါရန် တင်ပြစာနှင့် ထောက်ခံချက်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက် စာရွက်စာတမ်းများကို ပူးတွဲတင်ပြရန် လိုအပ်ကြောင်း သိရသည်။ စည်းကမ်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တင်ပြစာနှင့် အချက်အလက်များဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံပဲမျိုး၊ ပြောင်းနှင့် နှမ်းကုန်သည် များအသင်းက ဇူလိုင် ၁၁ ရက်က ကျင်းပသည့်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ဆွေးနွေးဆုံးဖြတ်ချက်ပါသတ်မှတ်ချက်များနှင့်အညီ စိစစ်၍စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနထံသို့ထောက်ခံချက် ထုတ်ပေးမည်ဖြစ်သည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Trade Net 2.0 (https://myanmartradenet.com) သို့ ဝင်ရောက်၍ လုပ်ငန်းရှင်များသည် မိမိတို့ လျှောက်ထားလိုသည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆန်တို့နှင့်သက်ဆိုင်သည့် အချက်အလက်များပြည့်စုံစွာဖြည့်စွက်ကာ အသင်း၏ထောကံခံချက်နှင့်အတူ ဆက်လက်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။ လျှောက်ထားသည့် ပို့ကုန်ကုမ္ပဏီများအနေဖြင့် ဖြည့်စွက်သည့် အချက်အလက်များ မပြည့်စုံခြင်း၊ အသင်းမှ၀န်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းကမ်းချက်များကိုလိုက်နာရန် အကန့်အသတ်ရှိသည့် ပို့ကုန်ကုမ္ပဏီများ ဖြစ်/မဖြစ် အသင်းက စိစစ်နေခြင်းတို့ကြောင့် ပို့ကုန် လိုင်စင်များရရှိမှုကြန့်ကြာနိုင်ခြင်းကြောင့် ပို့ကုန်လိုင်စင်မရရှိခင် သင်္ဘောတင်ခြင်းမပြုရန်လည်းလိုအပ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှသိရသည်။
Source: Myanma Alinn