ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ကုန်သည်များအတွက် စက်တင်ဘာ ၅ ရက်မှ ၉ရက်အထိ အွန်လိုင်းမှတစ်ဆင့် Trade Net 2.0 စနစ်အသုံးပြုနည်းသင်တန်း (၄/၂၀၂၂) ကို သင်တန်းသားဦးရေ ၅၀၀ ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက်လိုအပ်သည့် နည်းပညာသိကောင်းစရာ၊ Trade Net 2.0 စနစ်နှင့် HS Codeများအကြာင်း: ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များ (မူဝါဒနှင့်စနစ်အသုံးပြုပုံ)၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay)၊ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်၊ ပသကနှင့် ဆက်စပ်ကတ်များ (မူဝါဒနှင့် စနစ်အသုံးပြုပုံ) စသည်တို့ကို သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းတက်ရန် သြဂုတ် ၂၆ ရက်နောက်ဆုံး စာရင်းပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်သုံးသောင်းဖြစ်သည်။ လျှောက်လွှာများ ကို This email address is being protected from spambots. You need JavaScript enabled to view it. တွင် လက်ခံနေပြီး လျှောက်လွှာနှင့်အတူ ကုမ္ပဏီထောက်ခံချက်ပုံစံလည်း ပူးတွဲပေးပို့ရမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက ကုန်သွယ်ရေးဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၄၀၈၄၁၂၊ ၀၆၇-၄၀၈၂၄၁၊ ၀၆၇ ၄၀၈၄၈၅ တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Source : Myanma Alinn