How To

ဆူးအက်တူးမြောင်းတွင် ရေနံတင်သင်္ဘော ၅ နာရီကြာ သောင်တင်

ဆူးအက်တူးမြောင်းတွင် ရေနံတင်သင်္ဘော ၅ နာရီကြာ သောင်တင်

 ဗုဒ္ဓဟူးနေ့(ဩဂုတ် ၃၁) ညက အသွားများတဲ့  သင်္ဘောလမ်း‌ေကြာင်းမှာ ရေနံတင်သင်္ဘောတစ်စင်း သောင်တင်ခဲ့ပြီးနောက် စူးအက်တူးမြောင်းအတွင်း သွားလာမှု ခေတ္တရပ်နားခဲ့ပါတယ်။

ဆူးအက်တူးမြောင်းကို ကမ္ဘာ့ရေကြောင်းသွားလာမှုရဲ့ ၁၅% ဝန်းကျင် အသုံးပြုကြပါတယ်။

 

Tanker_refloated_3.jpg

 

 

သောင်တင်တဲ့ ‌ရေနံတင်သင်္ဘော အမည်မှာ Affinity V ဖြစ်ပြီး အရှည် ၂၅၂ မီတာ နှင့် အကျယ် ၄၅ မီတာ ရှိပါတယ်။ စင်ကာပူအလံ မှတ်ပုံတင်ထားတဲ့ သင်္ဘော ဖြစ်ပါတယ်။

ရေကြောင်းလမ်းရဲ့ တစ်ကြောင်းတည်းသာ ခုတ်မောင်းနိုင်တဲ့နေရာမှာ သောင်တင်ပြီး ကန့်လန့်ခံ‌‌နေတဲ့ အနေအထားသို့ ရောက်ရှိခဲ့ပါတယ်။

 

စူးအက်တူးမြောင်းအာဏာပိုင်မှ Twitter မှာ အသိပေးခဲ့တာမှာ  ရေနံတင်သင်္ဘော၏ ပဲ့ကုိင်တဲ့ တက်မတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသဖြင့် သင်္ဘောသားများသည် သင်္ဘောကို ထိန်းကျောင်းနိုင်ခြင်း မရှိတော့သဖြင့် သောင်တင်သွားခြင်း ဖြစ်ပါတယ်။ 

 

  ဒေသစံတော်ချိန် ညဘက် ၇ နာရီ ၁၅ မိနစ်တွင် သင်္ဘော သောင်တင်ခဲ့ပါတယ်။

 

သင်္ဘောသွားလာမှုများ စောင့်ကြည့်ရေးဝဘ်ဆိုက် Marine Tracker မှာ ရေနံတင်သင်္ဘော Affinity V တူးမြောင်းကို ကန့်လန့်ဖြတ် ခံနေပုံကို သတင်းတင်ပြခဲ့ပါတယ်။

Tanker_refloated_1.png

 

 

သင်္ဘောကို သောင်တင်နေခြင်းမှ လွတ်မြောက်ရေးအတွက် ကူညီရန် တွန်း/ဆွဲ ရေယာဉ် ငါးစီး တာဝန်ချထားခဲ့ကြောင်း ဆူးအက်တူးမြောင်း အာဏာပိုင် အကြီးအကဲ Osama Rabie က ပြောကြားပါတယ်။

 

ငါးနာရီအကြာတွင် Affinity V သည် သောင်တင်ခြင်းမှ လွတ်မြောက်ကြောင်း တူးအက်တူးမြောင်းအာဏာပိုင်များ၏ ပြောရေးဆိုခွင့်ရှိသူ George Safwat က ပြောကြားပါတယ်။

 

 တွန်း/ဆွဲ ရေယာဉ်များရဲ့ အကူအညီဖြင့် သင်္ဘောရွေ့လျားပုံလမ်းကြောင်းကို Marine Tracker မှာ ပုံဖော်ပြခဲ့ပါတယ်။

 

Tanker_refloated_2.png

 

တူးမြောင်းကို အသုံးပြု ဖြတ်သန်းသော အခြားသင်္ဘောများ အသွားအလာ ပုံမှန်ပြန်ဖြစ်နေပြီလို့  Mr Rabie က ပြောကြားပါတယ်။

 

Affinity V က ပေါ်တူဂီမှ ဆော်ဒီအာရေးဗီးယား ပင်လယ်နီဆိပ်ကမ်း Yanbu သို့ သွားတဲ့ခရီးစဉ်မှာ ဆူးအက်တူးမြောင်းကို ဖြတ်သန်းတာ ဖြစ်ပါတယ်။

စင်ကာပူအလံတင်သင်္ဘော Affinity V ပေါ်မှာ ဆီ မည်မျှ သယ်ဆောင်လာသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သင်္ဘောက တန်ချိန် ၁၁၀,၀၀၀ ကျော် သယ်ဆောင်နိုင်စွမ်းရှိပါတယ်။ 

 

Source: ABCNews

#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)