How To

Lashing-Free ကွန်တိန်နာသင်္ဘောဒီဇိုင်း ခွင့်ပြုချက်များ Hyundai ရရှိ

Lashing-Free ကွန်တိန်နာသင်္ဘောဒီဇိုင်း ခွင့်ပြုချက်များ  Hyundai ရရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Hyundai သည် ကွန်တိန်နာများအတွက် “ Lashing-Free” ကွန်တိန်နာတင်ဆောင်ခြင်းကို တီထွင်ခဲ့သည်။

.

တောင်ကိုရီးယား သင်္ဘောကျင်းလုပ်ငန်း Hyundai Heavy Industries သည် ကွန်တိန်နာသင်္ဘောပေါ်မှာ ကွန်တိန်နာတင်ရာတွင် လုံခြုံစိတ်ချရသည့် စနစ်သစ်ကို တီထွင်ခဲ့သည်။

 ကွန်တိန်နာ တင်ဆောင်မှုကို ပြောင်းလဲနိုင်သည့် အလားအလာရှိသည့် စနစ်သစ်ဖြစ်ပြီး ကွန်တိန်နာများကို ပိုမိုမြန်ဆန်စေပြီး ပိုမိုလုံခြုံသည်ဟု ဆိုသည်။

.

သင်္ဘောကျင်းသည် ကွန်တိန်နာများကို ဒဏ်ခတ်ခြင်းမရှိဘဲ ပို့ဆောင်ခြင်းအတွက် ၎င်း၏အယူအဆသစ်အတွက် American Bureau of Shipping နှင့် လိုက်ဘေးရီးယားအလံ စီမံရေး အာဏာပိုင်တို့ ထံမှ ဒီဇိုင်းခွင့်ပြုချက်ရရှိထားကြောင်း အစီရင်ခံတင်ပြသည်။

‌.

World Shipping Council က ကွန်တိန်နာသင်္ဘော စီးရေ ၆,၃၀၀ တို့က တစ်နှစ်လျှင် ကွန်တိန်နာလုံးရေ ၂၄၁ သန်းခန့် ပို့ဆောင်ပေးကြောင်း အချက်အလက် ထုတ်ပြန်ခဲ့သည်။

ပင်လယ်ထဲသို့ ကွန်တိန်နာ ပြုတ်ကျဆုံးရှုံးသည့် နှစ်စဉ် ပျမ်းမျှအရေအတွက်သည် ယခင်က အလုံးရေ ၈၀၀ ဖြစ်ပြီး ၂၀၂၀-၂၁ တွင် အလုံးရေ ၃,၁၁၃ သို့ မြင့်တက်ခဲ့သည်။ 

၂၀၂၂ တွင် ကွန်တိန်နာများ ဘေးကင်းရေးစိန်ခေါ်မှုနှင့် သင်္ဘောပေါ်ရှိ ကုန်သေတ္တာများ ပင်လယ်ထဲ ပြုတ်ကျ ဆုံးရှုံးမှုကို လျှော့ချရန်  အာရုံစိုက်လာကြသည်။

 

ကွန်တိန်နာသင်္ဘောပေါ်တွင် ကွန်တိန်နာများကို ကုန်ခန်းများအတွင်း အပြည့်ထည့်ပြီးသောအခါ ကုန်ခန်းအပေါ်ရှိ အပေါက်ကို hatch cover ဖြင့်ပိတ်လိုက်ပြီး ကုန်းပတ်‌ေပါ်တွင်လည်း ကွန်တိန်နာများ တင်ကြသည့်အခါ ကွန်တိန်နာ မရွေ့နိုင်အောင် ဖမ်းပေးထားဖို့ “lashing bridge” ကို သုံးစွဲသည်။ ထိုသို့ ကွန်တိန်နာကို အငြိမ်ဖမ်းပေးသည်ကို lashing လုပ်သည်ဟု သုံးနှုန်းသည်။ lashing လုပ်ရင်း သင်္ဘောသား ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပွားတတ်သည်။

lashing ပြုတ်ပြီး ကွန်တိန်နာများ အပုံလိုက် တိမ်းစောင်းခြင်း၊ ရေထဲ ပြုတ်ကျခြင်းများလည်း ဖြစ်ပွားတတ်သည်။

Hyundai ၏  Lashing-Free” ကွန်တိန်နာသင်္ဘောဒီဇိုင်းတွင် အဆိုပါပြဿနာများ ကင်းစင်သည်။

Hyundai Heavy Industries ၏ ကွန်တိန်နာသင်္ဘောဒီဇိုင်းတွင် lashing bridge မပါတော့ချေ။ hatch cover လည်း မပါတော့ချေ။ ကွန်တိန်နာကို ဘောင်နံရံကာပေးသည့် cell guide ကို ကုန်းပတ်‌ေပါ်အထိ ထားရှိပြီး ကွန်တိန်နာကို ချုပ်ထိန်းပေးထားသည်။ lashing လုပ်ဖို့ မလိုအပ်တော့ချေ။

ကွန်တိန်နာများကို ကုန်းပတ်ပေါ် တင်ခြင်း၊ ရွေ့ခြင်းတို့အတွက် SkyBenchV2 ဟု အမည်ပေးထားသည့် portable bench ကို သုံးထားသည်။

 

SkyBenchV2 portable bench

 

portable bench ကို သုံးခြင်းကြောင့် အချိန်ကုန် ငွေကုန်သည့် lashing ကို မလိုအပ်တော့ချေ။

ကွန်တိန်နာတင်ခြင်းလုပ်ငန်းစဉ် အဆင်ပြေမှု၊ ထိရောက်မှု၊ နှင့် ဘေးကင်းရေးသည် အလွန်တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

 

Hyundai Heavy Industries သည် lashing-free န်တိန်နာသင်္ဘောနှင့် portable bench အတွက် ပြည်တွင်းနှင့် ပြည်ပ မူပိုင်ခွင့်များ လျှောက်ထားရယူပြီးပြီဖြစ်သည်။

Source maritime executive 

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)