How To

ဈေးနှုန်းထိန်းဖို့ အနား‌ပေးထားရသည့် ကွန်တိန်နာသင်္ဘောများ TEU တစ်သန်းကျော်သို့ ရောက်ရှိ

ဈေးနှုန်းထိန်းဖို့ အနား‌ပေးထားရသည့် ကွန်တိန်နာသင်္ဘောများ TEU တစ်သန်းကျော်သို့ ရောက်ရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကွန်တိန်နာများ ပို့ဆောင်လိုသည့် ပမာဏထက် ပို့ဆောင်ပေးနိုင်သည့် ပမာဏက ပိုများနေသဖြင့် ပို့ဆောင်ခ ဈေးနှုန်းများ ဘောင်ကျိုးကျလာနေသည်ကို ထိန်းရန် ကွန်တိန်နာသင်္ဘောလိုင်းများသည် ခရီးစဉ် ဖျက်သိမ်းခြင်း၊ ခေါက်ရေ လျှော့ချခြင်းတို့ဖြင့် ကွန်တိန်နာ သယ်ပို့နိုင်သည့် ပမာဏကို လျှော့ချကြသော်လည်း သယ်ပို့နိုင်သည့်ပမာဏက ပိုလျှံနေဆဲ ဖြစ်သဖြင့် ကွန်တိန်နာသင်္ဘောများကို ပြေးဆွဲခြင်း ရပ်နားထားကြရသည်မှာ ယခုအခါ စုစုပေါင်း teu ၁ သန်းကို ကျော်လွန်နေပြီ ဖြစ်သည်။

ကွန်တိန်နာသင်္ဘော လိုအပ်မှု အထွတ်အထိပ် ရောက်ခဲ့သည့် ၂၀၂၂ ဖေဖော်ဝါရီလတွင် ရတတ်သမျှ ကွန်တိန်နာသင်္ဘောများ ရယူသုံးစွဲပြီး ပြေးဆွဲခဲ့ကြသည်။ ထိုစဉ်ကာလ ရပ်နားထားသည့် ကွန်တိန်နာသင်္ဘော ၁၅၄ စီး ရှိသည်။ ၎င်းတို့၏ စုစုပေါင်း teu မှာ ၄၄၂,၀၀၀ ဖြစ်ပြီး ကမ္ဘာ့ကွန်တိန်နာသင်္ဘောများ အားလုံး၏ teu စုစုပေါင်း၏ ၁.၈% မျှကိုသာ ရပ်နားထားခဲ့ခြင်း ဖြစ်သည်။ ရပ်နားထားသည့် ကွန်တိန်နာသင်္ဘော အများစုမှာ  ပြုပြင်ထိန်းသိမ်းမှုများ မဖြစ်မနေ လုပ်ဆောင်ရမည့် အချိန်ကျရောက်သဖြင့် သင်္ဘောကျင်းတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ 

.

၈ လ ကြာပြီးနောက် ယခုလက်ရှိအခြေအနေမှာ Alphaliner ၏အဆိုအရ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြေးဆွဲခြင်း မပြုသည့် ကွန်တိန်နာသင်္ဘော အရေအတွက် ၂၈၄ စီး အထိ ရှိနေသည်။ စုစုပေါင်း teu မှာ ၁.၂ သန်း ဖြစ်သည်။ ကမ္ဘာ့ကွန်တိန်နာသင်္ဘောများ အားလုံး၏ teu စုစုပေါင်း၏ ၄.၆% ကို ရပ်နားထားခြင်း ဖြစ်သည်။

.

"ကွန်တိန်နာ ပို့ဆောင်လိုမှု  အားနည်းလာခြင်းနှင့် ကုန်စည်ပို့ဆောင်မှုနှုန်း ကျဆင်းလာခြင်းတို့က သင်္ဘောစီး‌ေရ အချို့ကို လျှော့ချရန် တွန်းအားပေး‌ေနပြီး အဓိကအရှေ့အနောက် ကုန်သွယ်လမ်းများတွင် ဝန်ဆောင်မှု ခရီးစဉ် အစီအစဉ် များစွာကို ယာယီဆိုင်းငံ့ထားခြင်းဖြင့် ပို့ဆောင်ပေးနိုင်သည့် ပမာဏကို လျှော့ပေးထားခဲ့သည်" ဟု Alphaliner မှ ပြောကြားခဲ့သည်။

.

လွန်ခဲ့သည့် နှစ်ပတ်အတွင်း အာရှ-ဥရောပနှင့် ပစိဖိတ်သမုဒ္ဒရာ ဖြတ်သန်း  ခရီးစဉ်များတွင် ခရီးစဉ် ယာယီရုတ်သိမ်းခြင်းများ  အရေအတွက် ကြီးမားစွာ မြင့်တက်လာသည်ကို အောက်တိုဘာလတွင်  တွေ့ခဲ့ရသည်။

သင်္ဘောအား ၁၄ ရက်ထက်ပို၍ ရပ်နားထားခြင်းမရှိမှသာ Alphaliner သည် သင်္ဘောအား လှုပ်ရှားမှုမရှိ အနားပေးထားသည်ဟု စာရင်းသွင်းသဖြင့် ခရီးစဉ် ယာယီရုတ်သိမ်းခြင်းများ စာရင်းမဝင်ချေ။

"လျော့ကျနေသည့် လိုအပ်မှုနှင့် ကိုက်ညီစေရန် ပို့ဆောင်နိုင်စွမ်း လျှော့ချဖို့ ကွန်တိန်နာသင်္ဘောများကို ဖယ်ထုတ်ပေးသည့် မဟာဗျူဟာကို ကျင့်သုံးသွားမည်ဟု  Maersk စီအီးအို Soren Skou က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ပို့ကုန် တင်ပို့မှု လျော့ကျနှုန်း မြန်နေသဖြင့် ခရီးစဉ် ယာယီရုပ်သိမ်းပေးခြင်းဖြင့် ပို့ဆောင်နိုင်စွမ်း လျှော့ချခြင်းသည် ထိရောက်မှု မရှိချေ။ လက်ငင်းဈေးနှုန်းများနှင့် ကာလတိုစာချုပ် ဈေးနှုန်းများ ကျဆင်းနေသည်။ သို့ဖြစ်ရာ စာချုပ်နှုန်းထားများ ပြိုကျခြင်းကို ရှောင်ရှားရန် ပို့ဆောင်နိုင်စွမ်းကို များများစားစား ရက်ပေါင်းကြာကြာ လျှော့ချထားပေးသည့် အစီအစဉ်များ လိုအပ်မည်ဖြစ်သည်။

ယခုအခါ ကွန်တိန်နာသင်္ဘောစင်းလုံးငှားစျေးကွက်တွင် ပို့ဆောင်နိုင်စွမ်း ပိုလျှံသည့်ပမာဏ အလျှံပယ် ဖြစ်နေသဖြင့် နေ့စဥ်ငှားရမ်းခနှုန်းထားများ ကျဆင်းစေသည့် ဖိအားသက်ရောက်နေသည်။ ထို့ပြင် ငှားရမ်းကာလ ကြာမြင့်ချိန်ကို လျှော့ချပြီး စာချုပ်များ ချုပ်ဆိုကြသည်။

teu ၄,၀၀၀-၅,၃၀၀ အရွယ်အစား ကွန်တိန်နာသင်္ဘောများအတွက် ချာတာအငှား စာချုပ်ကို အကြာဆုံးအနေဖြင့် ၆ လ သက်တမ်းဖြင့်သာ ချုပ်ဆိုနေကြသည်။ သက်တမ်း ၃ လ၊ ၄ လ ဖြင့် ချုပ်ဆိုကြခြင်း များလာသည်။

 နေ့စဥ်ငှားရမ်းခနှုန်းထား ကန်ဒေါ်လာ ၂၀,၀၀၀ အထိ ကျဆင်းနေသည်။ ၂၀၂၂ နှစ်ဆန်းပိုင်းထက် ၁၀ ဆ နည်းပါသည်။

Source gcaptain 
TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

Read times
Rate this item
(0 votes)