How To

ဂျပန်မှ ဩစတေးလျသို့ ကုန်သင်္ဘော ရွက်လွှင့်ခုတ်မောင်း

ဂျပန်မှ ဩစတေးလျသို့ ကုန်သင်္ဘော ရွက်လွှင့်ခုတ်မောင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Shofu Maru  သည် ကျောက်မီးသွေးတင် သင်္ဘောဖြစ်ပြီး ဂျပန်မှ ဩစတေးလျသို့ ခရီးနှင်ခဲ့ရာ၌ ရွက်တိုင်တစ်တိုင်ထူပြီး ရွက်လွှင့်ကာ လေအားကိုလည်း အသုံးချခဲ့သည်။ 

အင်ဂျင်မှာ ဟိုက်ဘရစ် အင်ဂျင်ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ရည် LNG (liquefied natural gas)ဖြင့်လည်းကောင်း၊ ဟိုက်ဒြိုဂျင်ဖြင့်လည်းကောင်း ခုတ်မောင်းနိုင်သည်။ 

.

သင်္ဘောလုပ်ငန်းကြီး  Mitsui OSK Lines က ရွက်လွှင့်ပြီး လေအား သုံးစွဲရန် Wind Challenger စနစ် ရွက်တိုင်ကို တပ်ဆင်ခဲ့သည်။ အင်ဂျင်အားအပြင် လေအားကိုပါ သုံးစွဲသည်။ 

ရွက်တိုင်၏ အဆစ်အပိုင်းများကို ဆန့်ထုတ်လိုက်ပါက ဖိုင်ဘာဖန်သား ရွက်သည် ၅၅ မီတာ (ပေ ၁၈၀ အထိ) ဆန့်ထုတ်နိုင်သည်။

.

ဂျပန်မှ ဩစတေးလျသို့ ခရီးစဉ်တွင် လေအားကိုပါ ပူးတွဲ သုံးစွဲသဖြင့် လောင်စာဆီ ၅% သက်သာသည်။ လီတာ ၂၅,၀၀၀ (၆,၆၀၅ ဂါလံ) သက်သာခြင်းဖြစ်သည်။ 

Wind Challenger ရွက်တိုင်သည် ဂျပန်မှ အမေရိကန်သို့ ပစိဖိတ်သမုဒ္ဒရာ ဖြတ်သန်းသည့် ခရီးစဉ်တွင် လေတိုက်သည့် လေစီးကြောင်းက မျက်နှာသာ ပေးသဖြင့် လောင်စာဆီ ၈% အထိ သက်သာသည်။ 

 

 

Source autoevolution

Read times
Rate this item
(0 votes)