Daewoo သင်္ဘောကျင်း ရုရှား LNG သင်္ဘော ကန်ထရိုက် ပယ်ဖျက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်ကိုရီးယား၏ Daewoo Shipbuilding & Marine Engineering (DSME) သည် ရုရှားသင်္ဘောလုပ်ငန်း Sovcomflot နှင့် စာချုပ်ချုပ်ဆိုထားသည့် အထူးပြုရေခဲခွဲ LNG သယ်ဆောင်သည့် သင်္ဘောများ အသစ်တည်ဆောက်မှုအတွက် တတိယနှင့် နောက်ဆုံးအမှာစာကို ပယ်ဖျက်လိုက်သည်။
ယခုအခါ ရုရှားသို့ ပို့ကုန်များအပေါ် ထိန်းချုပ်ကန့်သတ်မှုများ ရှိနေသဖြင့် သင်္ဘောများတွင် တပ်ဆင်ပေးရမည့် စက်ကိရိယာများကို တပ်ဆင်ပေးခွင့် မရတော့သည့်အတွက် LNG သင်္ဘောများ တည်ဆောက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်နေသည့်အတွက်ကြောင့် ကန်ထရိုက်များ ပယ်ဖျက်လိုက်ရခြင်း ဖြစ်သည်။
.
ရုရှားမှ LNG စီမံကိန်းတစ်ခုအတွက် ရေခဲနေသည့် ပင်လယ်ပြင်တွင် ရေခဲခွဲပြီး သွားလာနိုင်ရန် အထူးပြုတည်ဆောက်ထားသည့် LNG သင်္ဘော ၃ စီးကို ရုရှားသင်္ဘောလုပ်ငန်း Sovcomflot က ဝမ် ၁.၁ ထရီလီယံဖြင့် ၂၀၂၀ အောက်တိုဘာလတွင် အမှာစာ ပေးအပ်ခဲ့သည်။ ၎င်းအမှာစာမှ ဝမ် ၃၃၇.၉ ဘီလီယံ (ကန်ဒေါ်လာ ၂၅၃ သန်း)ဖိုးကို DSME က ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။
DSME က သင်္ဘောများကို ၂၀၂၃ နှစ်ကုန်တွင် အပြီးအစီး တည်ဆောက်ပေးရန် သဘောတူထားသည်။
ပထမကန်ထရိုက်ကို မေလတွင်လည်းကောင်း၊ ဒုတိယကန်ထရိုက်ကို ဇွန်လတွင်လည်းကောင်း ပယ်ဖျက်ခဲ့သည်။ Sovcomflot က သတ်မှတ်ရက်အတွင်း အရစ်ကျပေးသွင်းရမည့် ငွေကို ပေးသွင်းနိုင်ခြင်း မရှိသဖြင့် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
Source splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U