How To

စင်ကာပူတွင် လေတိုက်ကြမ်းပြီး ကွန်တိန်နာများ ရေထဲပြုတ်ကျသဖြင့် အရေးပေါ် ဆယ်ယူ

စင်ကာပူတွင် လေတိုက်ကြမ်းပြီး ကွန်တိန်နာများ ရေထဲပြုတ်ကျသဖြင့် အရေးပေါ် ဆယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

လေပြင်းတိုက်ခတ်မှုကြောင့် Keppel Terminal တွင် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ကွန်တိန်နာ တစ်ဒါဇင်ကျော် ပင်လယ်ထဲသို့ ပြုတ်ကျခဲ့ကြောင်း စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် Maritime and Port Authority of Singapore (MPA)  မှ သောကြာနေ့တွင် ပြောကြားခဲ့သည်။

.

မိုးသက်လေပြင်းကျရောက်နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် ဆိပ်ခံတံတားမှ ကွန်တိန်နာအလွတ် ၁၅ လုံး ပြုတ်ကျခဲ့ကြောင်း မွန်းလွဲ ၃ နာရီခန့်တွင် ဆိပ်ကမ်းအာဏာပိုင်က အကြောင်းကြားခဲ့ကြောင်း သိရသည်။

PSA Corporation မှ ပြန်လည်ဆယ်ယူရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်အတွက် MPA မှ ကင်းလှည့်ရေယာဉ်နှစ်စီးအား "ဘေးဒဏ်သင့်ဧရိယာအား စောင့်ကြည့်ကာ ပိတ်ဆို့ခြင်း" ဖြင့် ဖြန့်ကျက်ဆောင်ရွက်ခဲ့ပါသည်။

.

 Keppel Terminal အနီးတစ်ဝိုက်တွင် သင်္ဘောသွားလာမှုအားလုံးကို ကွန်တိန်နာပြန်လည်ရရှိသည်အထိ ဆိပ်ကမ်းလည်ပတ်မှုထိန်းချုပ်ရေးစင်တာမှ ကန့်သတ်ထားကြောင်း MPA မှ ပြောကြားခဲ့သည်။

.

 ထိခိုက်ဒဏ်ရာရမှုနှင့် ဆိပ်ကမ်းလုပ်ငန်းများ  ထိခိုက်မှုမရှိကြောင်း MPA က  ပြောသည်။

Source: CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)