China Southern လေကြောင်းလိုင်း လေယာဉ် မိုဟာဗီလေယာဉ်သင်္ချိုင်းသို့ ပေးပို့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
China Southern လေကြောင်းလိုင်းမှ Airbus A380 လေယာဉ်စု၏ ၆၀% သည် ယခုအခါ လေယာဉ်သင်္ချိုင်းသို့ ပေးပြီးခဲ့ပြီးပြီ ဖြစ်သည်။
China Southern လေကြောင်းတွင် Airbus A380 ၅ စီးရှိသည့်အနက် ၃ စီးကို အနားပေးလိုက်ပြီဖြစ်ရာ၌
တတိယမြောက်အစီး B-6138 ကို အမေရိကန်နိုင်ငံရှိ မိုဟာဗေးကန္တရ Mojave Desert သို့ ပေးပို့ခဲ့သည်။
.
Airbus A380 နှစ်ထပ်လေယာဉ်ကို ကိုဗစ်ကာလတွင် လေကြောင်းလိုင်းများက မြေပြင်တွင် ရပ်နားထားခဲ့ကြသော်လည်း China Southern လေကြောင်းလိုင်းက ၎င်းလေယာဉ်အမျိုးအစားကို ဆက်လက်သုံးစွဲခဲ့သည်။ ကိုဗစ်လွန်ကာလကျမှ အနားပေးလိုက်ခြင်းဖြစ်သည်။
.
B-6138 သည် China Southern လေကြောင်းလိုင်းတွင် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးခရီးစဉ် ဩစတေးလျနိုင်ငံ Sydney (SYD) မှ တရုတ်နိုင်ငံ Guangzhou (CAN) သို့ ပျံသန်းသည့် ခရီးစဉ်အမှတ် CZ 326, ကို အောက်တိုဘာလ ၁၂ ရက်တွင် ပျံသန်းခဲ့သည်။ ထိုနောက် ၂ လနီးပါး မြေပြင်မှာ ရပ်နားနေခဲ့ပြီး ဒီဇင်ဘာလ ၂ ရက် နေ့လယ်ပိုင်းတွင် Guanzhou မှ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ Victorville (VCV) သို့ ပျံသန်းချိန် ၁၂ နာရီကျော်ကြာမြင့်သည့် ခရီးရှည်ကို ပျံသန်းခဲ့သည်။
Victorville လေဆိပ်တွင် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးတို့အတွက် ရှင်းလင်းရေး ဆောင်ရွက်ပြီးနောက် Mojave Air & Space Port (MHV) သို့ ဆက်လက်ထွက်ခွာခဲ့ရာ ၂၂ မိနစ်ကြာ ပျံသန်း ဆိုက်ရောက်သည်။
၎င်းလေယာဉ်ကို အမေရိကန်နိုင်ငံတွင် မှတ်ပုံတင် စာရင်းသွင်းပြီးက တစ်စစီ ဖြုတ်ရောင်းနိုင်ပြီ ဖြစ်သည်။
.
China Southern Airlines ၏ B-6138 ကို ၂၀၀၅ မေလ ၁ ရက်တွင် အမှာစာပေးအပ်ခဲ့သည်။ ၂၀၂၂ ဩဂုတ်ဘ ၁၂ ရက်တွင် ခရီးစဉ် စတင်ပျံသန်းပြေးဆွဲခဲ့သည်။ အနားပေးချိန်အထိ ၂၈,၉၆၉ နာရီ ပျံသန်းခဲ့သည်။ ခရီးစဉ် စုစုပေါင်း ၄,၅၇၃ ပျံသန်းခဲ့သည်။
.
ယခုအခါ China Southern လေကြောင်းလိုင်းတွင် Airbus A380 ၂ စီး ကျန်သည်။ Airbus A380 ဖြင့် နောက်ဆုံးခရီးစဉ်ကို နိုဝင်ဘာလဆန်းတွင် ပျံသန်းပြေးဆွဲခဲ့သည်။ ယခုအခါ လက်ကျန် Airbus A380 ၂ စီးစလုံး အနားပေးထားလိုက်ပြီ ဖြစ်သည်။ လာမည့်လများတွင် လေယာဉ်သင်္ချိုင်းသို့ ပေးပို့တော့မည်ဖြစ်ပါသည်။
Source Simple Flying
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U