သင်္ဘောအာမခံလုပ်ငန်းများ စစ်ဘေးအာမခံ မရောင်းတော့သဖြင့် သင်္ဘောအချို့အာမခံ မပါဘဲ ခရီးနှင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
သင်္ဘော အာမခံကို ထပ်ဆင့်အာမခံသူများသည် ကြီးမားသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ရုရှား၊ ဘီလာရုစ်နှင့် ယူကရိန်းတို့တွင် စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများအတွက် အာမခံထားခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
သင်္ဘောအာမခံလုပ်ငန်းများမှာ ထားရှိသည့် အာမခံများကို ထပ်ဆင့်အာမခံသူများမှ ကျောထောက်နောက်ခံပြုပြီး အာမခံပါသည်။ ယခုအခါ ထပ်ဆင့်အာမခံသူများက ၁၂ လ သက်တမ်း သဘောတူစာချုပ် သက်တမ်းတိုးပေးခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စ၍ သက်တမ်းတိုးမပေးတော့ပါ။
ယူကရိန်းစစ်ပွဲတွင် ထိခိုက်ခဲ့သည့် သင်္ဘောများကို အာမခံလျော်ကြေး ပေးခဲ့ရသည်များ များပြားခဲ့သဖြင့် လည်းကောင်း၊ အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် Ian ဟာရီကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို အာမခံလျော်ကြေး ပေးခဲ့ရသည်များ များပြားခဲ့သဖြင့် လည်းကောင်း အရှုံးကြီး ရှုံးခဲ့ကြသဖြင့် လက်ရှောင်လိုက်ကြခြင်း ဖြစ်ပါသည်။
P&I (protection and indemnity) club များဟု သိကြသော ပင်လယ်ရေကြောင်း အာမခံလုပ်ငန်းများ Marine Reinsurers တို့သည် စစ်ပွဲအန္တရာယ်များကို ကာမိစေရန် အာမခံထားခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စ၍ လက်မခံတော့ကြောင်း ၎င်းတို့၏ ဝဘ်ဆိုက်များတွင် တရားဝင်ကြေညာထားကြပါသည်။
၎င်း P&I club များသည် ကမ္ဘာ့အကြီးဆုံး အာမခံလုပ်ငန်းများ ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ သင်္ဘောများ၏ ၉၀% ခန့်သည် ၎င်းတို့၏ ခွင်ထဲတွင် ရှိနေကြသည်။
၎င်းတို့အနက် ကလပ်တစ်ခုဖြစ်သော UK P&I က ထပ်ဆင့်အာမခံထားရန်အတွက် ထပ်ဆင့်အာမခံလုပ်ငန်း မရှိတော့သဖြင့် ပြဿနာတက်နေကြကြောင်း ပြောကြားပါသည်။
အာမခံလုပ်ငန်းတစ်ခုကို ကျောထောက်နောက်ခံပြုပေးထားသော ထပ်ဆင့်အာမခံ လုပ်ငန်းတို့သည်လည်း အခြား ထပ်ဆင့်အာမခံလုပ်ငန်းများထံတွင် ထပ်ဆင့် အာမခံ ထားကြပါသည်။ ထိုသို့သော ထပ်ဆင့်အာမခံထားခြင်းကို retrocession ဟု သုံးနှုန်းကြပါသည်။ လျော်ကြေးပေးကြရသည့်အခါ ထပ်ဆင့်အာမခံထားသူများ သက်ဆိုင်သည့် အချိုးကျဖြင့် စုပေါင်းစပ်ပေါင်းပြုပြီး လျော်ကြေးစုစုပေါင်းကို ပေးလျော်ကြပါသည်။
retrocession အတွက် ထပ်ဆင့်အာမခံ လုပ်ငန်းများ မရရှိနိုင်တော့သဖြင့် ပင်လယ်ရေကြောင်းအာမခံလုပ်ငန်းအဖို့ သင်္ဘောများအတွက် အာမခံ လက်ခံပေးဖို့ မဖြစ်နိုင်တော့ချေ။ သို့ဖြစ်ရာ သင်္ဘောအချို့ အာမခံ ထားမရသဖြင့် အာမခံ မပါဘဲ ရုရှားခရီးစဉ်ကို ပြေးဆွဲနေကြသည်။
Source marineinsight
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U