How To

ဂျပန်အာမခံလုပ်ငန်းများ ရုရှားရေပိုက်နက်တွင် LNG တင်သင်္ဘောများအတွက် စစ်ဘေးအာမခံ ဆက်လက်ပေးအပ်

ဂျပန်အာမခံလုပ်ငန်းများ ရုရှားရေပိုက်နက်တွင်  LNG တင်သင်္ဘောများအတွက် စစ်ဘေးအာမခံ ဆက်လက်ပေးအပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အနောက်နိုင်ငံများမှ ရေကြောင်းအာမခံ လုပ်ငန်းများက စစ်ဘေးကြောင့် ထိခိုက်ပျက်စီးမှုအတွက် အာမခံကို ၂၀၂၃ ဇန်နဝါရီလ ၁ ရက်မှာ ရပ်ဆိုင်းလိုက်ကြပါသည်။

 


 

သင်္ဘောအာမခံလုပ်ငန်းများ စစ်ဘေးအာမခံ မရောင်းတော့သဖြင့် သင်္ဘောအချို့အာမခံ မပါဘဲ ခရီးနှင်

https://www.logisticsguide.com.mm/en/knowledge/how-to/226887

 


ဂျပန်နိုင်ငံမှ အာမခံလုပ်ငန်းများသည် ၂၀၂၃ ဇန်န၀ါရီလ ၁ ရက်နောက်ပိုင်း ရုရှားရေပိုင်နက်အတွင်း စစ်ပွဲကြောင့် နစ်မြုပ်မှုနှင့် သင်္ဘောများ အသိမ်းခံရခြင်းအတွက် ကာမိမည့် စစ်ဘေးအာမခံများကို ဆက်လက်ပေးအပ်ရန် မျှော်လင့်ထားကြောင်း Nikkei သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။ 

 

ဂျပန်မှ Tokio Marine & Nichido Fire Insurance၊ Sompo Japan Insurance နှင့် Mitsui Sumitomo Insurance တို့သည် သင်္ဘောပိုင်ရှင်များအား ဇန်နဝါရီ ၁ ရက်မှစပြီး ရုရှားရေပိုင်နက်အတွင်း စစ်ပွဲကြောင့်ဖြစ်ရသည့် သင်္ဘောပျက်စီးမှုအတွက် အာမခံပေးဆောင်မှုကို ရပ်ဆိုင်းထားမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလ ၃၀ ရက်တွင် ပြောကြားခဲ့ပါသည်။

၎င်းတို့က ထပ်ဆင့်အာမခံထားရန်အတွက် လက်ခံပေးမည့် ထပ်ဆင့်အာမခံ လုပ်ငန်း မရရှိသည့်အတွက် ယခုလို ရပ်ဆိုင်းရခြင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။

 

ထို့နောက်၂၀၂၃ ဇန်နဝါရီလ ၂ ရက်တွင် စက်မှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ရုရှားရေပိုင်နက်ရှိ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) သင်္ဘောတင်သင်္ဘောများအတွက် စစ်‌ေဘးအာမခံများ ဆက်လက်ပေးအပ်နိုင်ရေးအတွက် တာဝန်တိုးမြှင့်ရယူပြီး အာမခံထား‌ပေးကြရန် ဂျပန်အစိုးရက တောင်းဆိုထားကြောင်း ပြောကြားပါသည်။

ဂျပန်နိုင်ငံအတွက် အရေးတကြီး လိုအပ်သည့် LNG ကို  ရုရှားနိုင်ငံ အရှေ့ဖျားရှိ Sakhalin-2 သဘာဝဓာတ်ငွေ့နှင့် ရေနံစီမံကိန်းထံမှ ဂျပန်နိုင်ငံသို့ ဆက်လက်တင်သွင်းနိုင်သည်မှာ သေချာစေရန်အတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားပါသည်။

 

ဖြစ်လာခဲ့လျှင် ပေးရမည့် လျော်‌ေကြးပမာဏ၏ အချို့အဝက်ကို ကျခံပေးမည့် ထပ်ဆင့်အာမခံ လုပ်ငန်းများထံ ထပ်ဆင့်အာမခံ ထားနိုင်ဖို့ အဆိုပါ ဂျပန်အာမခံလုပ်ငန်း ၃ ခုတို့က ထပ်ဆင့်အာမခံ လုပ်ငန်းအချို့နှင့် ဆွေးနွေးခဲ့ကြပါသည်။ ယခုအခါ ၎င်းအာမခံ လုပ်ငန်း ၃ ခုက ရုရှား LNG သယ်ယူပို့ဆောင်မည့် သင်္ဘောများအတွက် စစ်ဘေးအာမခံ ဆက်လက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားကြပါသည်။

 

ယူကေမှ ထပ်ဆင့်အာမခံလုပ်ငန်းများနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရာ ဖြစ်လာခဲ့လျှင် ပေးရမည့် လျော်‌ေကြးပမာဏတွင်  ယူကေမှ ထပ်ဆင့်အာမခံလုပ်ငန်းများ ယန်း ၃၀ ဘီလီယံ ($224 million) အထိ ပါဝင်ရန် သဘောတူခဲ့ကြပါသည်။ 

ဂျပန်ပြည်တွင်း အာမခံလုပ်ငန်းများက စုပေါင်းစပ်ပေါင်း စုစုပေါင်း ယန်း ၈ ဘီလီယံအထိ ပါဝင်ရန် အာမခံချက် ရရှိခဲ့ပါသည်။

ပြည်ပမှ ထပ်ဆင့်အာမခံလုပ်ငန်း အချို့က ယန်း ၂၂ ဘီလီယံ ပါဝင်ကြမည် ဖြစ်သည်။

 

 ယခင်က ပေးနိုင်သည့် လျော်ကြေးပမာဏသည် ယန်း ၇၆ ဘီလီယံ ရှိခဲ့ပါသည်။ ယခုပမာဏမှာ ယခင်ထက် နည်းနေပါသည်။

 သို့ဖြစ်ရာ အာမခံဝန်ဆောင်မှု ပေးနိုင်မည့် LNG တင် သင်္ဘောအရေအတွက် ယခင်ထက် လျော့နည်းမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ LNG တင်သင်္ဘောလိုင်းများအကြား ညှိနှိုင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)