Mitsui O.S.K. Lines (MOL) ကိုယ်ထည်ဒီဇိုင်းအသစ် ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဂျပန် ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ အဓိက လုပ်ငန်းကြီး ဖြစ်တဲ့ Mitsui O.S.K. Lines (MOL) သည် ၎င်း၏ ကားတင်သင်္ဘောများအတွက် အမည်သစ်နှင့် ကိုယ်ထည်ဒီဇိုင်းအသစ်ကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းကားတင်သင်္ဘောများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသည့် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) လောင်စာသုံးသည့် သင်္ဘောများ ဖြစ်ပါသည်။
အဆိုပါ LNG သုံး ကားတင်သင်္ဘောအုပ်စုကို အမည်သစ် အပြာရောင် ‘BLUE’ စီးရီးဟု အမည်ပေးထားသည်။
"အပြာရောင်သမုဒ္ဒရာများမှ ကျွန်ုပ်တို့သည် လူတို့၏ ရှင်သန်နေသောဘဝများကို စောင့်ရှောက်ကာ သာယာဝပြောသောအနာဂတ်ကို သေချာစေပါသည်။”ဟူသည့် MOL Group Corporate မစ်ရှင်ကို ကိုယ်စားပြုထားသည့် အမည်ဖြစ်သည်။
မြေကြီး၊ ကောင်းကင်၊ ပင်လယ်နှင့် သစ်ပင်များရဲ့ အပြာရောင်မျိုးစုံရဲ့ အလှကို အနာဂတ်ဆီ ဆက်လက်ကမ်းဆင့်လိုက်ပါဟူသည့် ကုမ္ပဏီ၏ ဆန္ဒကိုလည်း ဖော်ညွှန်းပါသည်။
တစ်ချိန်တည်းတွင် သင်္ဘောကိုယ်ထည်အရောင်ဒီဇိုင်းအသစ်သည် ၎င်း၏ ကားများပို့ဆောင်ရေးလိုင်း ဝန်ဆောင်မှု MOL ACE အတွက် MOL ၏ တစ်စုတစ်စည်းတည်း ပေါင်းစည်းထားေသာ ကမ္ဘာ့ brand ၏ ဆင့်ကဲတိုးတက်ဖြစ်ပေါ်မှုကိုလည်း ထုတ်ဖော်ပြသထားသည်။ MOL ACE ကို အက္ခရာ ‘A’ ပုံပန်းသဏ္ဌာန်အသစ်ဖြင့် ကိုယ်စားပြုပြီး အလှတန်ဆာ ပုံဖော်ထားသော ဒီဇိုင်း ဖြစ်သည်။
ပဲ့ပိုင်းသည် စိမ်းပြာရောင်ဖြစ်သည်။ အစိမ်းရောင်သည် သဘာဝပတ်ဝန်းကျင်၊ အပြာရောင်သည် MOL ၏ brand အရောင်ဖြစ်သည်။
MOL Group ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ကတိကဝတ်ပြုထားခြင်းကို ဖော်ညွှန်းသည့် စိမ်းပြာရောင်ဖြစ်သည်။
FLEXIE စီးရီး ဒီဇိုင်း
ပဲ့ပိုင်းမှ ဦးပိုင်းအထိ အပြာရောင်သည် ယခင် ‘FLEXIE စီးရီးတွင် သုံးခဲ့သည့် အပြာရောင်ကို ပြန်သုံးထားသည်။
MOL သည် ကားစီးရေ ၇,၀၀၀ တင်ဆောင်နိုင်သည့် ကားတင်သင်္ဘောအသစ် ၈ စီး မှာကြားထားပြီး ၂၀၂၄ နှင့် ၂၀၂၅ တို့တွင် တစ်စီးပြီးတစ်စီ ရရှိမည် ဖြစ်သည်။ ၎င်းသင်္ဘော ၈ စင်းကို စီးအမည်သစ် ‘BLUE’ စီးရီးဟု ခေါ်တွင်စေမည်။ ကိုယ်ထည်ဒီဇိုင်းအသစ်ကို သုံးစွဲမည် ဖြစ်ပါသည်။
သမားရိုးကျ ရေကြောင်းသုံးလောင်စာဆီနှင့် နှိုင်းယှဉ်ပါက LNG လောင်စာသည် ဖန်လုံအိမ် ဓာတ်ငွေ့ greenhouse gas (GHG) ဖြစ်သော ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၂၅%~၃၀% သက်သာသည်။ ဆာလဖျာအာက်ဆိုဒ် ထုတ်လွှတ်မှု ၁၀၀% ရာနှုန်းပြည့် ကင်းစင်ပါသည်။
Source offshore energy
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U