နာမည်ကြီး စားသောက်ဆိုင်မှ ဂျပန်အစားအစာများဖြင့် China Airlines ဆွဲဆောင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
China Airlines သည် ဂျပန်နိုင်ငံ၏ အကျော်ကြားဆုံး စားသောက်ဆိုင်တစ်ခုမှ အစားအစာများကို ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံကြား အထင်ကရခရီးစဉ်များတွင် premium business နှင့် business class ခရီးသည်များကို လေယာဉ်ပေါ်မှာ ကျွေးမွေးပါသည်။
တိုင်ပေအခြေစိုက် လေကြောင်းလိုင်း China Airlines သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စားသောက်ဆိုင် လုပ်ကိုင်ခဲ့သည်မှာ မိသားစု အစဉ်အဆက် ၃ ဆက်တိုင်တိုင် ရှိပြီဖြစ်သည့် ပရီမီယံစားသောက်ဆိုင် TOUTOUAN နှင့် ပူးပေါင်းဆောင်ရွက်ပြီး ၎င်းစားသောက်ဆိုင်မှ အစားအစာများကို လေယာဉ်ပေါ်တွင် အဆိုပါခရီးသည်များကို ကျွေးမွေးပါသည်။
TOUTOUAN သည် လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ကျော်က တည်ထောင်ခဲ့သော စားသောက်ဆိုင်ဖြစ်ပြီး ဂျပန်နိုင်ငံ Kurochaya စားသောက်ဆိုင်အုပ်စုတွင် ပါဝင်ပါသည်။
အောက်ဖော်ပြပါ China Airlines ခရီးစဉ်များမှ ပရီမီယံခရီးသည်များသည် TOUTOUAN ၏ စာကောင်းသောက်ဖွယ်ကို လေယာဉ်ပျံသန်းနေစဉ် စားသောက်ခွင့် ရရှိပါသည်။
Taipei Taoyuan (TPE) - Tokyo Narita (NRT), Osaka Fukuoka (FUK), Nagoya (NGO)
Taipei Songshan (TSA) - Tokyo Haneda (HND)
Kaohsiung (KHH) - Tokyo Narita and Osaka
Photo: China Airlines
အထူးပရီမီယံ စားသောက်စရာများကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မူရင်း TOUTOUAN စားသောက်ဆိုင်၏ ဂျပန်စားဖိုမှူးကြီး အာရာကီ ဟီရိုနာကာနှင့် တိုင်ပေရှိ TOUTOUAN စားသောက်ဆိုင် ၏ အကြီးစား စားဖိုမှူး Wei-Ting Chen တို့က ချက်ပြုတ်စီမံပေးပါသည်။
Photo: China Airlines
TOUTOUAN စားသောက်ဆိုင်သည် ဂျပန်နိုင်ငံပြင်ပရှိ တိုင်ပေမှ စားသောက်ဆိုင်ခွဲ တစ်ခုတည်းသာ ရှိပါသည်။
Source simpleflying
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U