2M မဟာမိတ်အဖွဲ့ Maersk နှင့် MSC ရပ်စဲမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကွန်တိန်နာသင်္ဘောကုမ္ပဏီကြီး MSC Mediterranean Shipping Company (MSC) နှင့် A.P. Moller – Maersk လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Maersk A/S တို့သည် 2M မဟာမိတ်အဖွဲ့ကို ၂၀၂၅ ဇန်နဝါရီတွင် စတင်၍ ရပ်စဲရန် သဘောတူညီခဲ့ကြသည်။
2M သည် ကွန်တိန်နာ သင်္ဘောလိုင်း သင်္ဘောမျှဝေသုံးစွဲရေး သဘောတူညီချက် vessel sharing agreement (VSA) ကို ၂၀၁၅ တွင် စတင်ခဲ့သည်။ အာရှ-ဥရောပ၊ အတ္တလန္တိတ် ဖြတ်သန်းနှင့် ပစိဖိတ် ဖြတ်သန်း ကုန်သွယ်ရေကြောင်း ခရီးစဉ်များတွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းရန်၊ ကုန်ကျစရိတ်သက်သာသော လုပ်ငန်းလည်ပတ်မှုများရရှိစေရန်အတွက် ကွန်တိန်နာသင်္ဘောလိုင်းကြီးများ မဟာမိတ်ဖွဲ့ထားသည့် သဘောတူညီချက် ဖြစ်သည်။
၎င်းသဘောတူညီချက်ကို ၂၀၁၅ တွင် MSC နှင့် Maersk တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
2M သဘောတူညီချက်အတွက် အနည်းဆုံး သက်တမ်းကို ၁၀ နှစ်ဟု သတ်မှတ်ထားပြီး သက်တမ်းထပ်မတိုးပါက ၂ နှစ်ကြိုတင်ပြီး အသိပေးအကြောင်းကြားရမည် ဖြစ်သည်။ သို့ဖြစ်ရာ သက်တမ်းစေ့မည့် ၂၀၂၅ မတိုင်ခင် ၂ နှစ်အလို ၂၀၁၃ တွင် 2M သဘောတူညီချက်ကို သက်တမ်းမတိုးရန် ဆုံးဖြတ်ချက် ချခဲ့ကြပါသည်။
"MSC နှင့် Maersk တို့ ကုမ္ပဏီနှစ်ခုသည် ၁၀ နှစ်ကြာ သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးနောက် အခြေအနေ အရပ်ရပ် များစွာပြောင်းလဲသွားသည်ကို အသိအမှတ်ပြုပါသည်။
2M မဟာမိတ်အဖွဲ့ကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ကုမ္ပဏီနှစ်ခုလုံးသည် ၎င်းတို့ ကုမ္ပဏီတစ်ခုချင်းစီ၏ မဟာဗျူဟာများကို ဆက်လက်လုပ်ဆောင်ရန် လမ်းပွင့်သွားစေမည် ဖြစ်ပါသည်" ဟု A. P. Moller – Maersk စီအီးအို Vincent Clerc နှင့် MSC စီအီးအို Soren Toft တို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါသည်။
2M မှ ဝန်ဆောင်မှု ပေးနေသည့် ကုန်သွယ်ရေကြောင်းခရီးစဉ်များအပေါ် ချက်ချင်းလက်ငင်း သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားပါသည်။
2M မဟာမိတ်တွင် သင်္ဘော စီးရေ ၂၀၀ ကျော် ရှိပြီး နိုင်ငံပေါင်း ၁၂၀ မှ ဆိပ်ကမ်းပေါင်း ၂၀၀ ကျော်ကို ပြေးဆွဲပါသည်။ ကမ္ဘာ့ကွန်တိန်နာ ကုန်သွယ်မှု၏ ၄၀% ဝန်းကျင်ကို 2M မဟာမိတ်က ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
MSC သည် ၎င်း၏ ရေယာဉ်စုကို ပြီးခဲ့သည့် ၂ နှစ်တာအတွင်း အကြီးအကျယ် တိုးချဲ့ခဲ့သည်။
၂၀၂၁ တွင် 411,000 TEU တိုးသည်။ ၂၀၂၂ တွင် 321,500 TEU တိုးသည်။
သင်္ဘောကျင်းများတွင် ကွန်တိန်နာသင်္ဘောအသစ်များ ၁၂၄ စင်း မှာကြားထားသည်။
၂၀၂၄ တွင် MSC တွင် ရှိနေမည့် TEU စုစုပေါင်းသည် 2M မဟာမိတ် စတင်ခဲ့စဉ်က MSC နှင့် Maersk တို့ နှစ်ခုပေါင်း TEU ဝန်းကျင် ဖြစ်လာမည်။
Source offshore energy
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U