How To

VIP ခရီးစဉ် လေယာဉ်အသစ်အတွက် ဘတ် ၈ ဘီလီယံကျော် သုံးစွဲရန် အတည်ပြု

VIP ခရီးစဉ် လေယာဉ်အသစ်အတွက် ဘတ် ၈ ဘီလီယံကျော် သုံးစွဲရန် အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 တော်ဝင်များ၊ ကိုယ်ရေးအတိုင်ပင်ခံများ၊  ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် တော်ဝင်ဧည့်သည်များ အပါအဝင် VIP များအတွက် လေယာဉ်အသစ် ဝယ်ယူရန် ဘတ်ငွေ ၈.၇၈ ဘီလီယံ ဘတ်ဂျက်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့သည်။

 

အစီအစဥ်တွင် လေယာဉ်နှင့် အစိတ်အပိုင်းအသစ်များ ဝယ်ယူရေးနှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့ ပါဝင်သည်။

 Georesources.jpg

ဘတ်ဂျက်ကို ၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ၄ နှစ်တာ ကာလအတွင်း သုံးစွဲမည်။

၂၀၂၄ ခုနှစ်တွင် ဘတ် ၁.၇၅ ဘီလီယံ၊ 

၂၀၂၅ ခုနှစ်တွင် ဘတ် ၂.၁၉ ဘီလီယံ၊ 

၂၀၂၆ ခုနှစ်တွင် ဘတ် ၂.၂၀ ဘီလီယံ၊

၂၀၂၇ ခုနှစ်တွင် ဘတ် ၂.၆၃ ဘီလီယံ

သုံးစွဲသွားမည်ဖြစ်သည်။

 

ထိုင်းတော်ဝင်လေတပ် Royal Thai Air Force(RTAF) သည် VIP ခရီးသွားများအတွက် Thai Airways International (THAI) မှ ဝယ်ယူထားသော Airbus A340-500 အဟောင်းကို အသုံးပြုလျက်ရှိရာ ယခုအခါ အစားထိုးရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပြုချက်တွင် ဖော်ပြထားသည်။

 

“၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း THAI အသုံးပြုခဲ့သည့် အဲဘတ်စ်လေယာဉ်ကို ၂၀၁၅ ခုနှစ်မှာ VIP လေယာဉ်အဖြစ် စတင်အသုံးပြုခဲ့သည်" ဟု အဆိုပြုချက်တွင် ဖော်ပြထားသည်။

 

Airbus သည် ၎င်းလေယာဉ် အမျိုးအစား ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပြီးနောက် လေယာဉ်အတွက် ပြုပြင်ထိန်းသိမ်းမှုစရိတ်များ မြင့်တက်လာခဲ့သည်ဟု အဆိုပြုချက်တွင် ဖော်ပြထားသည်။

၎င်းAirbus သည် VIP များကို ပို့ဆောင်ရာတွင် လက်ရှိအသုံးပြုနေသည့်အပြင် သဘာဝဘေးဒဏ်သင့် ဒုက္ခသည်များကို ကူညီပေးရေးနှင့် ပြည်ပရောက် ထိုင်းနိုင်ငံသားများကို ကယ်ဆယ်ခေါ်ယူပေးခြင်းတို့ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်များ အတွက်လည်း အသုံးပြုလျက်ရှိပါသည်။

Source nationthailand

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)