Maersk က brand များကို အမည်ပြောင်းမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Maersk သည် ၎င်းပိုင်ဆိုင်သည့် brand များကို ပေါင်းစည်းထားသည့် တစ်ခုတည်းသော အမှတ်တံဆိပ်ဆီသို့ ဦးတည်ပြောင်းလဲသွားမည် ဖြစ်သည်။
Maersk က ပိုင်ဆိုင်သည့် သင်္ဘောလိုင်းများဖြစ်သည့် Hamburg Süd နှင့် SeaLand တို့ကို Maersk အမည်သို့ ပြောင်းလဲမည်။
ဂျာမန်သင်္ဘောလိုင်း Hamburg Süd ကို ၁၈၇၁ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ၂၀၁၇ တွင် Maersk ၏ လုပ်ငန်းခွဲတစ်ခု အဖြစ်သို့ ရောက်ရှိခဲ့သည်။
အမေရိကန် ဒေသတွင်း ပြေးဆွဲသည့် SeaLand ကို ၁၉၉၉ ခုနှစ်တွင် Maersk က ဝယ်ယူခဲ့သည်။ ၂၀၀၆ တွင် SeaLand အမည်ကို စွန့်လွှတ်ခဲ့ပြီး ၂၀၁၄ တွင် ပြန်လည်သုံးစွဲခဲ့သည်။
Maersk က ဝယ်ယူထားသည့် brand များဖြစ်သည့် လေကြောင်းကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း Senator နှင့် လော့ဂျစ္စတစ် လုပ်ငန်း LF Logistics အစရှိသည်တို့ကိုလည်း Maersk အမည်သို့ ပြောင်းလဲ သုံးစွဲမည်။
brand အသီးသီးသည် ကိုယ်ပိုင်အချိန်ဇယားဖြင့် အမည်ပြောင်းလဲခြင်းကို လုပ်ဆောင်သွားမည်။
APM Terminals, Maersk Container Industry (MCI), Svitzer, Maersk Supply Service (MSS), Maersk Training, and Maersk Line Limited (MLL) တို့သည် အမည်ပြောင်းမည့်စာရင်းထဲ မပါဝင်ပါ။ လက်ရှိ brand အမည်ကို ဆက်လက်သုံးစွဲသွားမည်။
"ကျွန်ုပ်တို့၏ အမှတ်တံဆိပ် အမျိုးမျိုးတို့၏ ဆောင်ရွက်ချက်များသည် နှစ်ကာလများတစ်လျှောက် ကျွန်ုပ်တို့ကို ကောင်းမွန်စွာ ဆောင်ရွက်ပေးခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်အားလုံးသည် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင်လည်း အောင်မြင်မှု ရရှိခဲ့ပါသည်။" ဟု Maersk ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"သို့သော်လည်း အမှတ်တံဆိပ်များစွာ ရှိနေခြင်းသည် ကျွန်ုပ်တို့၏ဖောက်သည်များအတွက် ရှုပ်ထွေးမှုကို ဖြစ်ပေါ်နေစေကြောင်း ကျွန်ုပ်တို့ သိပါသည်။
ယခု အချိန်အခါသည် ကျွန်ုပ်တို့၏ ဖောက်သည်များအား အမှန်တကယ် ပေါင်းစပ်ထားသည့် လော့ဂျစ္စတစ် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပေါင်းစည်းထားသော အမှတ်တံဆိပ်တစ်ခုတည်းဆီသို့ ထပ်မံခုန်ကူးရန် သင့်တော်သောအချိန်ဖြစ်သည်။" ဟု Maersk က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Source Splash247
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U