How To

နယ်စပ်ကုန်သွယ်​ရေး ကုန်တင်ယာဉ်များ ကုန်ပစ္စည်းသယ်ဆောင်ခွင့် အွန်လိုင်း ကြိုတင်လျှောက်ထားထုတ်ယူရန် လိုအပ်

နယ်စပ်ကုန်သွယ်​ရေး ကုန်တင်ယာဉ်များ ကုန်ပစ္စည်းသယ်ဆောင်ခွင့် အွန်လိုင်း ကြိုတင်လျှောက်ထားထုတ်ယူရန် လိုအပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

နယ်စပ်ကုန်သွယ်​ရေးမှ ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် ကုန်ပစ္စည်းတင်​ဆောင်မည့်ယာဥ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားထုတ်ယူရန်ကိစ္စနှင့် စပ်လျဉ်း၍  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးအကြောင်းကြားစာကို ဖော်ပြအပ်ပါသည်။

 

HTUN-TAUK.jpg


 ကုန်သွယ်ရေးဦးစီးဌာန

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ

သတင်းလွှာ ( ၂ / ၂၀၂၃ )

ရက်စွဲ ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

 

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်ပစ္စည်း တင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ် ဖြင့် ကြိုတင်လျှောက်ထားထုတ်ယူရန် အသိပေးအကြောင်းကြားခြင်း

 

၁။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် မြေပဲတင်ပို့ခြင်းကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင်ရရှိပြီး သည့် ကုန်ပစ္စည်းများ သယ်ဆောင်သော ပို့ကုန်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လက်မှတ် (မျှော) ကို ကြိုတင်ရယူပြီးမှသာ သယ်ဆောင်ခွင့်ပြုလျက်ရှိပါသည်။

 

၂။ ဤသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အထက်အပိုဒ် ၁ ပါ ကုန်ပစ္စည်းအပါအဝင် ပို့ကုန်ပစ္စည်း အားလုံး အတွက် လျှောက်ထားရန် လိုအပ်ပါသည်။

 

၃။ ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်ကို Myanmar Tradenet 2.0 စနစ်တွင် ဦးစွာလျှောက်ထားရပါမည်။ နယ်စပ် ပို့ကုန်လိုင်စင် ရရှိပြီးသည့်အခါ ပို့ကုန်တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com (Vehicle Monitoring System)တွင် ဖြည့်သွင်း လျှောက်ထားရန်ဖြစ်ပါသည်။ လျှောက်ထားမှုအပေါ် လိုအပ်သည့် အချက်အလက်များအား တာဝန်ရှိ ဝန်ထမ်းများက စိစစ်ပြီးသည့်အခါ QR Code ပါဝင်သည့်ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ထုတ်ပေးမည်ဖြစ်ပါသည်။ လိုင်စင်လျှောက်ထားရန်မလိုသော ကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

 

၄။ ပို့ကုန်ပစ္စည်း သယ်ဆောင်သည့်ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျ ဝန်ထမ်းများထံသို့ အဆိုပါ QR Code အား ပြသ၍ စစ်ဆေးမှုခံယူရပါမည်။ QR Code ပြသစစ်ဆေးခံနိုင်ခြင်း မရှိသည့်ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည် မဟုတ်ပါ။ အဆိုပါယာဉ်များအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Online မှ ပြန်လည်လျှောက်ထားပြီး QR Code ရရှိပြီးမှသာ ဆက်လက်ထွက်ခွာခွင့်ပြုမည် ဖြစ်ပါသည်။

 

၅။ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင် ခွင့်ကို အွန်လိုင်းမှ ကြိုတင်လျှောက်ထားရယူရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အဆိုပါ စနစ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့ အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်းများတွင် စတင် အသုံးပြုသွားမည်ဖြစ်ပါသည်။ စမ်းသပ်ကာလအတွင်း အခကြေးငွေကောက်ခံခြင်းမပြုဘဲ ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်သည်။

 

၆။ ကုန်ပစ္စည်းသယ်ဆောင်ခွင့် (QR Code) ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုသည့် စနစ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်၍ အပြည့်အဝ အသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်းရက်မှစတင်ကာ ယာဉ်တစ်စီးလျှင် ကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည်ဖြစ်ပါသည်။

 

 ဤသို့ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်နှင့် အီးမေးလ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည် -

 

(က) ဆက်သွယ်ရန်ဖုန်း နံပါတ်များ - ၀၆၇-၄၀၈၆၇၁ ၊ ၄၀၈၄၈၅ ၊ ၄၀၈၆၇ဝ ၊၄၀၈၅၀၉၊ ၄၀၈၅၁၁

 

( ခ ) . ဆက်သွယ်ရန် အီးမေးလ်များ -

This email address is being protected from spambots. You need JavaScript enabled to view it. This email address is being protected from spambots. You need JavaScript enabled to view it.

 

ကုန်သွယ်ရေးဦးစီးဌာန



TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)