How To

ထိပ်တန်းသင်္ဘောလိုင်းများ ၂၀၃၀ နောက်ဆုံးထား eBL သုံးစွဲမည်

ထိပ်တန်းသင်္ဘောလိုင်းများ ၂၀၃၀ နောက်ဆုံးထား eBL သုံးစွဲမည်

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

ဒစ်ဂျစ်တယ် ကွန်တိန်နာ ရေကြောင်းပို့ဆောင်ရေး အသင်း Digital Container Shipping Association (DCSA) မှာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကမ္ဘာ့ထိပ်တန်း သင်္ဘောလိုင်း ၉ ခုတို့သည် 

ကွန်တိန်နာရေကြောင်းပို့ဆောင်ရေး လုပ်ငန်းကဏ္ဍအတွက် သိသာထင်ရှားသော ဒစ်ဂျစ်တယ် လှေကားထစ်တစ်ခုကို တက်လှမ်းသည့်အနေဖြင့် 

၂၀၃၀ ခုနှစ်နောက်ဆုံးထားပြီး သင်္ဘောပါကုန်အသေးစိတ်စာရင်း ဖြစ်သည့် bill of lading B/L ကို  အီလက်ထရွန်နစ် electronic bill of lading (eBL) ကိုသာ ရာနှုန်းပြည့် သုံးစွဲကြရန်  ကတိကဝတ် ပြုကြပါသည်။

၎င်းကွန်တိန်နာသင်္ဘောလိုင်းများမှာ

Maersk, 

MSC, 

CMA CGM, 

Hapag-Lloyd, 

ONE, Evergreen, 

Yang Ming, 

HMM,

ZIM

တို့ ဖြစ်ပါသည်။

စာရွက်များ သုံးစွဲခြင်း မပြုတော့သည့်အတွက် တိုက်ရိုက်ကုန်ကျစရိတ် ကန်ဒေါ်လာ ၆.၅ ဘီလီယံ သက်သာသွားမည်ဟု DCSA က ခန့်မှန်းပါသည်။ 

ပင်လယ်ကူးသင်္ဘောများသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် bill of lading စောင်ရေ ၄၅ သန်း ဝန်းကျင် ပြုလုပ်ကြပါသည်။

၂၀၂၁ တွင် ၁.၂% မျှသာ အီလက်ထရွန်းနစ် bill of lading သုံးစွဲခဲ့ကြပါသည်။

အိန္ဒိယတွင် နှစ်နှစ်အစမ်းသုံးကာလပြီးနောက် ၎င်း၏ eBL ပရိုဂရမ်ကို  ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်ခဲ့ကြောင်း MSC မှ ပြောကြားသည်။

 

ကွန်တိန်နာ ပို့ဆောင်မှုလုပ်ငန်း ကဏ္ဍသည် အတိုင်းအတာ တစ်ခုအထိ အလိုအလျောက်စနစ်နှင့် စက္ကူမဲ့ လုပ်ကိုင်ခြင်းသို့ ကူးပြောင်းသွားရန်  ခေတ်သစ်တစ်ခု၏ အစဖြစ်သည်။

 

ဒစ်ဂျစ်တယ်စနစ် သုံးစွဲခြင်းအတွက်  အကျိုးကျေးဇူးကို သုံးစွဲသူများ တကယ်ရရှိစေရန် B/L အပြင် original invoices, certificates of origin အစရှိသည့်  အခြားစာရွက်စာတမ်းများကိုလည်း အီလက်ထရွန်းနစ် စာရွက်စာတမ်းများ သုံးစွဲဖို့ လိုအပ်ပါသည်။ သို့မှသာ အဆိုပါ စာရွက်စာတမ်းများကို အမြန်ချောပို့ဖြင့် ငွေကုန်ကြေးကျခံပြီး ပို့ဆောင်ရခြင်း ကင်းဝေးမည် ဖြစ်ပါသည်။

 

"လော့ဂျစ္စတစ်ကဏ္ဍမှာ  ဒစ်ဂျစ်တယ်စနစ်ဖြစ်ဖို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး အရေးတကြီးလိုအပ်နေပြီး လုပ်ငန်းကဏ္ဍက ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် လိုအပ်ပါတယ်" ဟု A.P. Moller-Maersk ၏ စီအီးအို အသစ် Vincent Clerc က မှတ်ချက်ပြုသည်။

Source splash247 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)