တရုတ်သင်္ဘောကျင်းမှာ ပထမဆုံးတည်ဆောက်သည့် အပျော်စီးသင်္ဘော H1508 ထူးခြားချက်များ
TO GET INSTANT UPDATE
Join Telegram Channel
တရုတ်နိုင်ငံ၏ အပျော်စီးသင်္ဘော တည်ဆောက်ရေး သင်္ဘောကျင်းလုပ်ငန်းသည် အပျော်စီးသင်္ဘောကို ပထမဆုံးအကြိမ် တည်ဆောက်လျက်ရှိရာ ပြီးစီးရန် လပိုင်းမျှသာ လိုတော့သည်။
အပျော်စီးသင်္ဘော တည်ဆောက်ရေး သင်္ဘောကျင်းလုပ်ငန်းကို ဥရောပရှိ သင်္ဘောကျင်းများကသာ တည်ဆောက်ခဲ့ကြရာမှ ယခုအခါ တရုတ်သင်္ဘောကျင်းက ပထမဆုံးအကြိမ် တည်ဆောက်နေခြင်း ဖြစ်သည်။
၎င်းသင်္ဘောကို လုပ်ငန်းအမှတ်စဉ်အရ H1508 ဟု ခေါ်ဝေါ်သည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံရှိ Shanghai Waigaoqiao Shipbuilding သင်္ဘောကျင်းတွင် စတင်တည်ဆောက်သည်။
တည်ဆောက်မှု ၉၀% ပြီးစီးပြီ ဖြစ်သည်။
၂၀၂၃ မေလတွင် ရေချမည်။
ပင်လယ်ခရီး စမ်းသပ်ခုတ်မောင်းခြင်းကို ဇူလိုင်လတွင် လုပ်ဆောင်မည်။
၂၀၂၃ နှစ်ကုန်တွင် သင်္ဘောကို အမည်ပေးမည်ဖြစ်ပြီး အမှာစာ ပေးထားသူထံ လွှဲပြောင်းပေးအပ်မည်။
တရုတ်နိုင်ငံတွင် ဒုတိယမြောက် အပျော်စီးသင်္ဘော H1509 ကိုလည်း
ယမန်နှစ်ကစ၍ တည်ဆောက်လျက် ရှိသည်။ ၎င်းသည် H1508 ထက် အရွယ်အစား ပိုကြီးမားသည်။
ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောလုပ်ငန်း Carnival နှင့် China State Shipbuilding Corporation (CSSC) တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်းက ၎င်းအပျော်စီးသင်္ဘော ၂ စီးအတွက် အမှာစာများကို ပေးအပ်ခဲ့သည်။
တည်ဆောက်မှုအပိုင်းကို အီတလီနိုင်ငံ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကြီး Fincantieri နှင့် CSSC တို့က ပူးတွဲ တာဝန်ယူသည်။ CSSC ၏ လက်အောက်ခံလုပ်ငန်း Shanghai Waigaoqiao Shipbuilding သင်္ဘောကျင်းတွင် ၎င်းသင်္ဘောများကို တည်ဆောက်သည်။
တရုတ်နိုင်ငံတွင် ပထမဆုံးတည်ဆောက်ပြီးစီးသည့် အပျော်စီးသင်္ဘော ဖြစ်လာမည့် H1508 သည် အထပ် ၁၆ ထပ် ပါသည်။ အခန်းစုစုပေါင်း ၂,၀၀၀ ကျော် ရှိပြီး ခရီးသည် ဦးရေ ၅,၀၀၀ ကျော် တင်ဆောင်နိုင်သည်။
စားသောက်ဆိုင်များ၊ ဘားများ၊ စျေးဝယ်စင်တာများ၊ အနုပညာပြခန်းများနှင့် spa များအပါအဝင် အပန်းဖြေ ဖျော်ဖြေရေး အင်္ဂါရပ် အမျိုးမျိုးလည်း ပါသည်။
သင်္ဘောတွင် သွယ်တန်းပေးရသည့် ဝါယာကြိုးများ၏ အလျားစုစုပေါင်းသည် မိုင် ၂,၆၁၀ (၄,၂၀၀ ကီလိုမီတာ ) ရှိသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သင်္ဘောတည်ဆောက်မှု တန်ချိန်ပမာဏ အများဆုံး ဖြစ်သည်။ ၂၀၂၁ တွင် စုစုပေါင်း စုစုပေါင်းတန်ချိန် ၄၀.၆ သန်းခန့် ရှိသည်။
Click Here > Capital Taiyo
သို့သော် အဆင့်မြင့် တန်ဖိုးမြင့်သင်္ဘောအမျိုးအစားဖြစ်သည့် အပျော်စီးသင်္ဘော အကြီးစားကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ဖူးခြင်း မရှိသေးချေ။ H1508 သည် ပထမဆုံး တည်ဆောက်ဖူးခြင်း ဖြစ်သည်။
H1508 နှင့် H1509 တို့ကို တည်ဆောက်ပေးနိုင်ခြင်းသည် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနှင့် ၎င်း၏အဆင့်မြင့်ထုတ်လုပ်ရေးကို တက်လှမ်းရန် ကြိုးပမ်းအားထုတ်မှု နှစ်ခုစလုံးတွင် အောင်မြင်မှုများကို ရရှိခြင်း မည်ပေသည်။ ထို့ပြင် တရုတ်သင်္ဘောကျင်း လုပ်ကန်းကဏ္ဍ၏ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ လုပ်ကိုင်နိုင်သည့် စွမ်းရည် အတိုင်းအတာကိုလည်း မှတ်ကျောက်တင်ပြီး သက်သေထူမည် ဖြစ်သည်။
အပျော်စီးသင်္ဘော အကြီးစားများကို "ရေပေါ်မြို့" ဟု ခေါ်ဝေါ်ကြသည်။
အခက်ခဲဆုံး၊ အရှုပ်ထွေးဆုံး တည်ဆောက်ရသည့် သင်္ဘောအမျိုးအစား ဖြစ်သည်။
နည်းပညာများအပြင် ရှုပ်ထွေးပြီး အမျိုးအမည်စုံသည့် တည်ဆောက်ရေး လုပ်ငန်းစဉ်ကို သုံးစွဲရသည်။
CSSC နှင့် Carnival နှင့် Fincantieri တို့ကြား ဖက်စပ်လုပ်ငန်းများသည် တရုတ်နိုင်ငံ သင်္ဘောကျင်းကဏ္ဍ၏ ရည်မှန်းချက်ကြီးမားသော အပျော်စီးသင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို သန္ဓေတည်ပေးလိုက်ခြင်း ဖြစ်ပါသည်။
အပျော်စီးသင်္ဘော အကြီးစားကို တည်ဆောက်ဖို့ အဘယ်ကြောင့် ဤမျှ ခက်ခဲရသနည်း။
အပျော်စီးသင်္ဘော အကြီးစားကို တည်ဆောက်သည့်အခါ သန်းချီသော အရေအတွက်ရှိသည့် အစိတ်အပိုင်းများကို ထောင်ချီသော အရေအတွက်ရှိသည့် ပစ္စည်းပေးသွင်းသူများနှင့် ဝန်ဆောင်မှု ပေးသူများ လုပ်ဆောင်ပေးကြရသည်။
H1508 သင်္ဘောအတွက် အစိတ်အပိုင်း ခုရေ ၂၅ သန်း လိုအပ်သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ခရီးသည်တင် ဂျက်လေယာဉ်တစ်စီး တည်ဆောက်ရန် အစိတ်အပိုင်း ခုရေ ၂ သန်း အောက်သာ လိုအပ်သည်။
အပျော်စီးသင်္ဘောများတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ပစ္စည်းများသည် ထူးခြားသောသတ်မှတ်ချက်များအတိုင်း တသွေမတိမ်း ကိုက်ညီနေဖို့ လိုအပ်ပါသည်။ မှန်များသည် ပါးရမည်။ ကောဇောများ၊ ခန်းဆီးလိုက်ကာများသည် ပေါ့ရမည်။ ဓတ်လှေကားများ၊ ဗဟိုလေအေးပေးစနစ်တို့သည်လည်း နိုင်ငွတကာ အပျော်စီးသင်္ဘော လုပ်ငန်းကဏ္ဍမှ ချမှတ်ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရသည်။
သင်္ဘောတွင် သုံးစွဲသည့် ပစ္စည်းများတွင် အပျော်စီးသင်္ဘောအတွက် သီးသန့်ရည်ရွယ် ထုတ်လုပ်ထားသည့် ပစ္စည်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်ဝကြောင်း ထောက်ခံချက် ရရှိထားဖို့ လိုအပ်သည့်ပစ္စည်းများကို ပြည်ပမှ တင်သွင်းပြီး သင်္ဘောတွင် တပ်ဆင်ပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းထံမှ လက်မှတ်ရ ပစ္စည်းများကိုသာ အသုံးပြုရသည်မှာ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါသည်။
ကမ္ဘာပတ်ရန်အတွက်လည်း ထည့်သွင်းစဉ်းစားရပါသည်။ နိုင်ငံအလိုက် ပြဋ္ဌာန်းထားသည့် စည်းကမ်းများ၊ ဥပဒေများနှင့် ကိုက်ညီဖို့ လိုအပ်ပါသည်။ ဘေးကင်းရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးတို့အတွက် သတ်မှတ်ထားသည့် စံများ ပြည့်မီဖို့ လိုအပ်ပါသည်။
အပျော်စီးသင်္ဘောများကို ဥရောပမှ သင်္ဘောတည်ဆောက်သူ အနည်းငယ်က တည်ဆောက်ပေးပါသည်။ ထင်ရှားသည့် သင်္ဘောကျင်းများမှာ အီတလီမှ Fincantieri Shipyard ၊ ဂျာမနီမှ Meyer နှင့် ပြင်သစ်မှ Atlantic Shipyard တို့ဖြစ်ပါသည်။
Source SCHMP
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U