How To

ချန်ဂီလေဆိပ်တွင် လာမည့် ၃ နှစ်မှ ၅ နှစ်အထိ အလိုအလျောက်စနစ်များ မြှင့်တင်ရန် ဦးစားပေး လုပ်ဆောင်မည်

ချန်ဂီလေဆိပ်တွင်  လာမည့် ၃ နှစ်မှ ၅ နှစ်အထိ အလိုအလျောက်စနစ်များ မြှင့်တင်ရန် ဦးစားပေး လုပ်ဆောင်မည် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ချန်ဂီလေဆိပ်သည် ကပ်ရောဂါကာလအတွင်း စမ်းသပ်ခဲ့သော မောင်းသူမဲ့ ခရီးဆောင်အိတ် ပို့ဆောင်သည့် ထရက်တာများသည် လေယာဉ်ကွင်းတွင် အလိုအလျောက်လုပ်ငန်းလည်ပတ်ခြင်းများဆီသို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း ရှေ့ဆက်လှမ်းရန်အတွက် အရေးပါသော မိုင်တိုင်တစ်ခု ဖြစ်သည်။ 

 

TractEasy ဟု အမည်ပေးထားသော  မောင်းသူမဲ့ ခရီးဆောင်အိတ် ပို့ဆောင်သည့် ထရက်တာ ၃ စီးကို Terminal 3 တွင် စမ်းသပ်ခဲ့ရာ၌ စောင့်ကြည့်ပေးရန် ယာဉ်မောင်းတစ်ဦးကို လိုက်ပါစေခဲ့သည်။ လာမည့် ဧပြီလမှစ၍ ယာဉ်မောင်း လိုက်ပါပေးခြင်း မရှိဘဲ TractEasy  များ လေယာဉ်ကွင်းအတွင်း သွားလာကြတော့မည် ဖြစ်သည်။  တစ်နှစ်ဝန်းကျင် လက်တွေံ လုပ်ငန်းခွင်များတွင် စမ်းသပ်ခဲ့ကြပြီးသည့်နောက်တွင် ယခုလို စတင်သုံးစွဲခြင်း ဖြစ်သည်။ 

 

photo_2023-03-07_14-52-42.jpg

 

၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ချန်ဂီလေဆိပ်သည် လေယာဉ်ပေါ်မှ အထုပ်အပိုးများကို ယာဉ်ပေါ်သို့ တင်ခြင်း၊ ယာဉ်ပေါ်မှ အထုပ်အပိုးများ ချခြင်းတို့ကို တကယ့်လေယာဉ်များဖြင့် စွမ်းဆောင်ရည် စမ်းသပ်ခဲ့သည်။  ကမ္ဘာပေါ်တွင် ပထမဆုံး စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းတို့သည် အပြုသဘောဆောင်သော ခြေလှမ်းများဖြစ်သော်လည်း လေဆိပ်သည် အဆိုပါနည်းပညာများကို အတိုင်းအတာတစ်ခုအထိ လက်တွေ့အကောင်အထည်ဖော်ဖို့ ဆိုသည်မှာ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု ပြုလုပ်ရန် လိုအပ်ကြောင်း စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ Civil Aviation Authority of Singapore (CAAS) မှ လေကြောင်းလုပ်ငန်းဆိုင်ရာ ဒါရိုက်တာ မစ္စ Angela Ng က ပြောကြားခဲ့သည်။

 

ရှေ့ဆက်လှမ်းရန်မှာ လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း CAAS နှင့် Changi Airport Group (CAG) အတွက် ဦးစားပေးဖြစ်လိမ့်မည် ဟု သူမက Sands Expo and Convention Center တွင်ကျင်းပသည့် သုံးရက်ကြာ လေကြောင်းကုန်သွယ်မှုညီလာခံတွင် ပြောကြားခဲ့သည်။ 

 

 လေယာဉ်ကွင်းထဲ လုပ်ကိုင်ရသည့် လုပ်ငန်းလည်ပတ်မှုများသည် လုပ်သားအင်အားအပေါ် အကြီးအကျယ်မှီခိုထားရသည်ကို လျှော့ချရန်အတွက် သိသာထင်ရှားသော ခြေလှမ်းများ လှမ်းပြီး လုပ်ဆောင်ရန် လိုအပ်ကြောင်း Ms Ng မှ ပြောကြားခဲ့သည်။

၂၀၃၅ တွင် ပြီးစီးမည့် Terminal 5  (T5) သည် လက်ရှိ သုံးစွဲနေသည့် T1  နှင့် T3 နှစ်ခုပေါင်းထက် ကိုင်တွယ်ရမည့် ခရီးသည် ဦးရေ ပိုများသည်။ တစ်နှစ်လျှင် ခရီးသည် သန်း ၅၀ ကို ဝန်ဆောင်မှုများ ပေးအပ်မည် ဖြစ်သည်။ သို့ဖြစ်ရာ လုပ်သားအင်အား အများအပြား လိုအပ်မည် ဖြစ်သည်။ သို့ဖြစ်ရာ အလိုအလျောက် လုပ်ငန်းလည်ပတ်ခြင်းများကို သုံးစွဲသွားခြင်းဖြင့် လုပ်သားအင်အားအပေါ် မှီခိုရခြင်းကို လျော့နည်းစေမည် ဖြစ်သည်။ 

ထိုသို့ အလိုအလျောက်စနစ်များ သုံးစွဲနိုင်စေရန် T5 ကို ဒီဇိုင်းထုတ်ထားသည်ဟု Ms Ng မှ ပြောကြားခဲ့သည်။

 

အလိုအလျောက်လုပ်ကိုင်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းများအတွက် ပြီးခဲ့သည့် ၂ နှစ်တာတွင် CAG နှင့် CAAS  တို့သည် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ကပ်ရောဂါကြောင့် ခရီးသွားများ နည်းပါးနေသည့်ကာလတွင် စမ်းသပ်မှု အမျိုးမျိုးကို တကယ့်လုပ်ငန်းခွင်တွင် လက်တွေ့ စမ်းသပ်ရန် အခွင့်သာခဲ့သည်ဟု  Ms Ng မှ ပြောကြားခဲ့သည်။

ဗြိတိသျှလုပ်ငန်း Aurrigo ကလည်း ချန်ဂီလေဆိပ်တွင် Auto-Dolly ဟု အမည်ပေးထားသည့် မောင်းသူမဲ့ ခရီးဆောင်အိတ် ပို့ဆောင်သည့် ထရက်တာများကို စမ်းသပ်လျက် ရှိသည်။ 

Auto-Dolly ယာဉ်များနှင့် ၎င်း၏ မူကွဲ Auto-DollyTug ယာဉ်များသည် အထုပ်အပိုးများ တင်ထားသည့် တွဲ ၄ တွဲအထိကို ဆွဲပြီး လိုရာသို့ အလိုအလျောက် ပို့ဆောင်ပေးနိုင်သည်။ 

၎င်းယာဉ်များကို T 4 တွင် တွင် စတင်စမ်းသပ်ခဲ့သည်။ ထိုစဉ်က ကိုဗစ်ကြောင့် ခရီးသည် နည်းပါးသဖြင့် T 4 ကို လုံးဝပိတ်ထားသည်။ 

၂၀၂၂ စက်တင်ဘာလတွင် T 4  ကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ထိုအခါ စမ်းသပ်မှုများကို T 2   သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က T 2 သည် အဆင့်မြှင့်တင်နေသဖြင့် ယာယီ ပိတ်ထားပါသည်။

 

Aurrigo  ၏ ပထမဆုံးယာဉ်သည် စင်ကာပူသို့် ၂၀၂၂ ဖေဖော်ဝါရီလတွင် ရောက်ရှိခဲ့ပြီး လအနည်းငယ်အကြာတွင် ဒုတိယယာဉ် ရောက်ရှိခဲ့ပါသည်။ 

၎င်းယာဉ်များသည် လျှပ်စစ်ယာဉ်များ ဖြစ်ပြီး သွားလာမှုတွင် Lidar (light detection and ranging) sensor များကို အသုံးပြုပါသည်။ 

လေဆိပ်မြေပြင်အထောက်ကူပြုပစ္စည်းထုတ်လုပ်သူ TLD နှင့် ပင်ကိုမောင်းနှင် ယာဉ်ကုမ္ပဏီ EasyMile တို့မှ တီထွင်ထားသော မောင်းသူမဲ့ယာဉ်သုံးစီးသည်လည်း ချန်ဂီလေဆိပ်တွင် လုပ်ကိုင်လျက် ရှိပါသည်။ 

 

ယခုအခါ ချန်ဂီလေဆိပ်တွင် မြတ်ရိတ်ရန် ရိုဘော့မြက်ရိတ်စက်များကို အသုံးပြုလျက် ရှိသည်။ 

 

 

Source straitstimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)