အစ္စရေးကုမ္ပဏီ Boeing 777 များကို တောင်ကိုရီးယားတွင် ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်ကိုရီးယားတွင် တစ်ပတ်ရစ် Boeing 777 ခရီးသည်တင်လေယာဉ် တစ်စီးကို ကုန်တင်လေယာဉ်အဖြစ်သို့ ပထမဆုံး အစီးအဖြစ် အပြည့်အဝ ပြောင်းလဲပေးခဲ့ပြီးသည့် နောက်တွင် နောက်ထပ် တစ်ပတ်ရစ် Boeing 777 ခရီးသည်တင်လေယာဉ်များကို ကုန်တင်လေယာဉ်အဖြစ်သို့ တောင်ကိုရီးယားတွင် ပြောင်းလဲရန် အစီအစဉ်ရှိကြောင်း Israel Aerospace Industries က ထုတ်ပြန်ကြေညာသည်။
.
အစ္စရေးနိုင်ငံ တဲလ်အဲဗစ်မြို့ အခြေစိုက် အာကာသနှင့် ကာကွယ်ရေးကုမ္ပဏီ Israel Aerospace Industries သည် 777-300 လေယာဉ်များကို ခရီးသည်တင် လေယာဉ်မှ ကုန်တင် လေယာဉ်အဖြစ်သို့ ပြောင်းလဲခြင်းအတွက် အဆောက်အအုံတစ်ခု တည်ထောင်ရန် သဘောတူညီချက်ကို Sharp Technics K နှင့် Incheon International Airport Corp. (IAI)တို့နှင့် လက်မှတ်ရေးထိုးခဲ့သည်။
.
Sharp Technics သည် ၂၀၂၄ ခုနှစ်မှစ၍ ခရီးသည်တင် လေယာဉ်မှ ကုန်တင် လေယာဉ်အဖြစ်သို့ ပြောင်းလဲခြင်းကို စတင်လုပ်ကိုင်မည်ဟု IAI မှ ပြောကြားခဲ့ပါသည်။ ပြောင်းလဲမည့် စီးရေကို မသိရသေးပါ။ သို့သော် အစ္စရေးကုမ္ပဏီက ပြည်ပတွင် လုပ်ငန်းအပ်နှံခြင်းကို ထောက်ရူ၍ စီးရေ များပြားမည်ဟု ခန့်မှန်းနိုင်ပါသည်။
အစ္စရေးကုမ္ပဏီသည် လေယာဉ်အငှားလုပ်ငန်းကြီး AerCap နှင့် မိတ်ဖက်ပြုထားပြီး လုပ်ငန်းလိုင်စင် အတည်ပြုချက် ရယူရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ လေယာဉ်ဒီဇိုင်းပိုင်းအတွက်လည်း လက်မှတ်ကို ယခုနှစ်ကုန်ပိုင်းတွင် ရရှိမည် ဖြစ်သည်။
၂၀၂၃ ခုနှစ် မတ်လတွင် ကုန်တင်လေယာဉ်အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲခဲ့သော Boeing 777-300 စမ်းသပ်ပျံသန်းနေစဉ် မှတ်တမ်းဓာတ်ပုံတွင် ကုန်တင်ရန် တံခါးပေါက်ကို တွေ့ရပုံ
ပထမဆုံး ပြောင်းလဲပြီးသည့် လေယာဉ်ကို အမေရိကန်နိုင်ငံမှ Kalitta Air လေကြောင်းလိုင်းမှ စင်းလုံးငှား အဖြစ်ဖြင့် ရယူမည် ဖြစ်သည်။ နောက်ထပ် နှစ်စီး ငှားရမ်းရန်အတွက်လည်း စာချုပ် ချုပ်ဆိုထားသည်။
AerCap က ခရီးသည်တင်လေယာဉ်အနေဖြင့် သက်တမ်းကုန်နေပြီဖြစ်သော Boeing 777 လေယာဉ်များကို ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲရန် IAI ထံ ပေးအပ်မည် ဖြစ်သည်။
.
Emirates ကလည်း ၎င်းပိုင်ဆိုင်သည့် Boeing 777 ခရီးသည်တင်လေယာဉ် ၄ စီးကို ကုန်တင်လေယာဉ်အဖြစ်သို့ ပြောင်းလဲပေးရန် IAI ထံ အမှာစာ ပေးထားသည်။ ပြီးလျှင် နောက်ထပ် ၆ စီး ပြောင်းလဲဖို့ အစီအစဉ် ရှိသည်။
.
ဟောင်ကောင်မှ လုပ်ငန်းသစ် Fly Meta ၊ အစ္စရေးမှ ကုန်တင်လေယာဉ် လေကြောင်းလိုင်း Challenge Group ၊ ထိုင်ဝမ်မှ EVA Air တို့ကလည်း IAI ထံ အမှာစာ ပေးထားကြသည်။
.
ကနေဒါမှ ကုန်တင်လေယာဉ်များကိုသာ ပျံသန်းပြေးဆွဲသည့် Cargojet သည် IAI ထံ လေယာဉ် ၄ စီး ပြောင်းလဲရန် အမှာစာကို ရုပ်သိမ်းခဲ့သည်။ ကုန်တင်လေယာဉ် ပြောင်းလဲရန် ဝယ်ယူထားသော ခရီးသည်တင်လေယာဉ် ၂ စီးကို ပြန်ရောင်းထုတ်လိုက်သည်။
ကျန်နှစ်စီးကို ပြောင်းလဲမည့်အစီအစဉ် ရွှေ့ဆိုင်း လိုက်သည်။ ကမ္ဘာ့စီးပွားရေးနှင့် လေကြောင်းကုန်စည် ပို့ဆောင်ရေးကဏ္ဍ အကျဘက် ရောက်နေသဖြင့် ကုန်တင်လေယာဉ် ထပ်ဖြည့်ထည့်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားသည်။
.
IAI သည် Emirates အလုပ်အပ်နှံထားသည့် လေယာဉ်များကို ဒူဘိုင်းမြို့ရှိ Emirates ၏ လေယာဉ်ရုံတွင် ပြောင်းလဲရေး လုပ်ကိုင်မည် ဖြစ်သည်။
.
ပြန်လည်ဒီဇိုင်းထုတ်ထားသော ဂျက်လေယာဉ်များကို Big Twin ဟု အမည်ပေးထားသည်။ Boeing 777 သည် အရွယ်အစား ကြီးမားပြီး GE-90 အင်ဂျင် ၂ လုံး ပါသောကြောင့် ကြီးသောအမြွှာ Big Twin ဟု အမည်တွင်ခြင်း ဖြစ်သည်။
Source FreightWaves
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U