Air New Zealand လေကြောင်းလိုင်း ရိုးရိုးတန်း အိပ်စင် အစီအစဉ် စတင်မည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Air New Zealand လေကြောင်းလိုင်းသည် Skynest ဟု အမည်ပေးထားသော အစီအစဉ်အသစ်ကို ရိုးရိုးတန်း economy-class ခရီးသည်များအတွက် ၂၀၂၄ စက်တင်ဘာလတွင် စတင်မည်။
.
New York City နှင့် Auckland တိုက်ရိုက်ပျံသန်းသည့် ၁၇ နာရီကြာမြင့်သည့် ခရီးစဉ်ကဲ့သိုသော ခရီးရှည်ခရီးစဉ်များပျံသန်းသည့် လေယာဉ်အချိုတွင် economy နှင့် premium economy နေရာနှစ်ခုကြားနေရာမှာ အိပ်စင် ၆ ခု ထည့်ပေးထားမည်။
ခရီးစဉ်တွင် တရေးအိပ်စက်ရန်အတွက်သာ ဖြစ်သည်။
အိပ်စင်ယူမည်ဆိုပါက ၄ နာရီတစ်ဆိုင်းအတွက် US$254-$380 အပိုဆောင်း ပေးပြီး ကြိုတင်ဝယ်ယူရန် လိုအပ်သည်။
တစ်ကြိမ်သုံးပြီးတိုင်း အိပ်ရာလဲပေးမည်။
.
“လေကြောင်းလိုင်းက အိပ်စက်ခြင်းစက်ဝန်းနဲ့ ပတ်သက်ပြီး သုတေသန အတော်ကလေး လုပ်ခဲ့ပါတယ်။ ပုံမှန်အိပ်စက်ချိန်စက်ဝန်းက မိနစ် ၉၀ ဝန်းကျင်ဖြစ်ပါတယ်။ ၄ နာရီတစ်ဆိုင်းဟာ အိပ်ရေးဝဝအိပ်ပြီး ပြန်နိုးလာဖို အခွင့်သာပါတယ်" ဟု Air New Zealand က ပြောကြားသည်။
Source CNN
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U